အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Swe
U Swe 1,975
လွန်ခဲ့သော ၇ နှစ် က · ဒီပဲယင်း

စပါးအတွက်အသုံးတည့်စေမယ့်ဓာတ်မြေသြဇာများကိုနာမည်အခေါ်ဝေါ်နဲ့အတူ ကွဲပြားအောင်ရှင်းပြပေးကြပါအုံး ဥပမာ-ယူးရီးယားဓာတ်မြေသြဇာ/တီစူပါ/တခြားအခေါ်အဝေါ်တွေပေါ့အစရှိတဲ့ဓာတ်မြေသြဇာများစွာကိုကွဲပြားအောင်ရှင်းပြပေးပါလား? ကျနော်တို့သိနားလည်တဲ့ဓာတ်မြေသြဇာတွေက NPKဓာတ်ပါတဲ့သုံးမျိုးစပ်မြေသြဇာနဲ့NPKတမျိုးခြင်းစီပါဝင်တဲ့ဓာတ်မြေသြဇာဒါလောက်ပါပဲ နောက်ထပ်အလင်းပြပေးပါအုံး

2

ဖြေကြားချက် ၂ ခု

ko thet naing htun
ko thet naing htun 234 လွန်ခဲ့သော ၇ နှစ် က
ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

NPK ဆိုသည်မှာ ၁၊နိုက်ထရိုဂျင်(Nitrogen) ၂၊ ဖော့စဖရက်(Phosphorus) ၃၊ ပိုတတ်ဆီယမ်(Potassium) တို့ဖြစ်ပါတယ်။ ၁။ N. ဆိုတာကတော့ နိုက်ထရိုဂျင်(Nitrogen) ပါ နိုက်ထိုဂျင်က ပင်စည် ၊ အကိုင်းအခက်၊ အရွက်နဲ့ အညွန့် တို့ကို အားပေးတဲ့ ပရိုတိန်းဓာတ်ကို ဖြစ်စေပါတယ်၊ အင်ဇိုင်းဓာတ်ကိုလည်းဖြစ်ပေါ် စေပါတယ်၊ အပင်အရွက်တွေက နေရောင်ရရှိမှုကို ပိုမိုချက်လုပ်နိုင်အောင် ဖြည့်စည်းပေးပါတယ်။ ၂။ P. ဆိုတာကတော့ ဖော့စဖရက်(Phosphorus) ပါ ဖော့စဖရက် ကတော့ အပွင့် ၊ အသီးနဲ့ အစေ့ကို အားပေးပါတယ်၊ ကဇီဓာတ်ကို အချိုဓာတ် ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်၊ မျိုးရိုးဗီဇကိုလည်း ပိုမိုကောင်းမွန်စေပါတယ်၊ အရောင်းအစင်းကိုလှစေတယ်၊ အပင်အစိတ်အပိုင်း မှာလိုအပ်တဲ့ ဓာတ်တွေကိုပို့ဆောင်ပေးတယ်။ ၃။ K.ကတော့ ပိုတက်ဆီယမ်(Potassium) ပါ ပိုတတ်ဆီယမ်က အမြစ်ကိုအားပေးတယ် ၊ အချိုဓာတ်ကိုဖြစ်ပေါ်စေတယ်၊ အသီးကိုအချိုဓာတ်ရအောင်ပို့ဆောင်ပေးတယ်၊ အလေးချိန်ကိုစီးစေတယ်၊ အရွက်တွေကို နိုက်ထရိုဂျင်ဓာတ်ပိုပြီးစုပ်နိုင်အောင် လုပ်ဆောင်ပေးတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။