အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးခင်အောင်
လွန်ခဲ့သော ၇ နှစ် က · ဒက္ခိဏသီရိ

ကျနော်လျှော်ဖြူ ပင်များတွင် ဖေါ်ပြပါပိုးများကျရောက်လျက် ရှိပြီးအပင်များလည်းဝါလာပါသည် အော်ဂဲနစ်စိုက်ခင်းဖြစ်ပါသဖြင့် တမာပိုးဆေးဖြင့်နှိမ်နင်း လျှက်ရှိသော်လည်း ပိုးများဆက်လက်တွေ့ရှိနေပါသဖြင့် မည်သည့်အော်ဂဲနစ်ပိုးသတ်ဆေးဖြင့်နှိမ်နင်းရမည်ကို အကြံပြုပေးပါရန် ကျေးဇူးတင်ပါသည်

ပိုးမွှားရောဂါ လျှော်ဖြူ
Post image
6

ဖြေကြားချက် ၆ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၇ နှစ် က

အော်ဂဲနစ်လို့ပြောတာကြောင့် ရေပန့်စက်နဲ့ ပျတွေကိုရေအရှိန်ပြင်းပြင်းနဲ့ပက်ဖျန်းပေးပါ။ပုံအရ ပေါင်းထူနေပါတယ်။ပေါင်းရှင်းပေးပါ။

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၇ နှစ် က

ဆပ်ပြာရည်ဖျန်းတဲ့အခါမှာ ပိုးပေါ်ကိုကျအောင်သတိထားပြီးဖျန်းပေးဖို့တော့လိုပါမယ်။ အကယ်လို့ဦးကြီးရဲ့အခင်းမှာ အကျိုးပြုပိုးတွေရှိနေပါက သူတို့လည်းဆပ်ပြာရည်မိသွားရင်သေစေနိုင်လို့ပါရှင့်

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

ရွှေဝါဆပ်ပြာက ကော့စတစ်အနည်ဆုံးမို့ သဘာဝဖြစ်ချင်ရင် ရွှေဝါဆပ်ပြာကိုပဲ သုံးတာ အကောင်းဆုံးပါ

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

ဆေးရွက်ကြီးမှုန့် ၅၀ သား ရွှေဝါဆပ်ပြာ ၃ တောင့် ရေ ၅ ဂါလံ ရေနဲ့ ဆေးရွက်ကြီးရောပြုတ် ရေဆူလာရက် ဆပ်ပြာတွေထည့် ဆပ်ပြာတွေအားလုံးပျော်ရင် ရပါပြီ အအေးခံ စကာနဲ့စစ်ပြီးသုံးလို့ရပါပြီ ဆပ်ပြာလေးတွေကို ပါးပါးလှီးထားရင်တော့ မြန်မြန်ပျော်လွယ်ပါတယ်အစ်ကိုရေ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၇ နှစ် က

ပျပိုးတွေကျရောက်နေတာပါရှင့်။ ပိုးကျရောက်နေတဲ့အရွက် အကိုင်းတွေကိုဖျက်ဆီးပေးပါ၊ ပင်ကြွင်းပင်ကျန် ပေါင်းမြက်များကိုရှင်းလင်းပါ။ တမာပိုးသတ်ဆေးကိုလည်းဆက်သုံးပေးပါရှင့်။ ဆပ်ပြာကိုရေဖျော်ပြီးလည်း ပျပိုးပေါ်ကိုတိုက်ရိုက်ဖျန်းပြီးနှိမ်နင်းလို့ရပါတယ်။ စားဖိုပြာနုနုကို အပင်များတွင်ပက်ဖြူးလို့လည်းရပါတယ်။ ဆပ်ပြာအသုံးပြုရာမှာ ရွှေဝါ တို့ဆပ်ပြာအဆီနှစ်တွေကိုသုံးလို့ရပါတယ်ရှင့်

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၇ နှစ် က

ဆပ်ပြာနဲ့ပြုလုပ်တဲ့ဆေးတွေ သုံးကြည့်လို့ရပါသေးတယ် အစ်ကို

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။