ဖြေကြားချက် ၂ ခု
IEM သည် မိမိဒေသတွင်းရှိ အကျိုးပြု အဏုဇီ၀ များကို ရယူမွေးမြူခြင်းဖြစ်ပြီး EM သည် မြေဆီလွှာ အတွင်းမှ သီးနှံပင်တို့၏ ကြီးထွား ဖြစ်ထွန်းမှု အထွက်နှုန်း ပိုးမွှားရောဂါဒဏ် ခံနိုင်ရည် ရှိမှု သီးနှံ အရည်အသွေးကို မြင့်မားစေနိုင်သော မြေဆီလွှာအတွင်းရှိ အကျိုးပြု အဏုဇီ၀ မျိုးစိတ်ပေါင်း ၈၀ ကျော်ကို အဆင့်မြင့် နည်းပညာဖြင့် စနစ်တကျစုပေါင်း မွေးမြူ ဖျော်စပ်ထားသည့် ဖျော်ရည် တမျိုး ဖြစ်ပါသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကောမက်ရွက်ဖျန်းမြေသြဇာ နှင့်ပုလဲဓာမြေသြဇာရော ဖျန်း၍ရပါသလားခမျ သိလျင်ဖြေပေးကြပါဦးခမျ
ဖြေကြားချက် 2 ခု
အန္တရာယ်ကင်းစေသောအရွက်ဆေးဖြန်းနည်းလေအလင်းပြပါဆရာ
ဖြေကြားချက် 3 ခု
ဆလပ်ရွက်တွေပျိုးတာ မထွက်လာဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲခင်ဗျာ စီးပွားဖြစ်တော့မဟုတ်ပါဘူး မိသားစု စားဖို့ပါဘဲ
ဖြေကြားချက် 4 ခု
မင်္ဂလာပါ ဗျကျွန်တော်ဆလပ်စိုက်ချင်လို့စိုက်နည်းလေးပြောပြပေးပါလား
ဖြေကြားချက် 0 ခု
ဆလပ်မျိုးစေ့အထုပ်ရန်ကုန်ဘယ်နားမှာဝယ်လို့ရလဲဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ