ဖြေကြားချက် ၇ ခု
နှမ်းကို ဇွန် (မိုးရာသီ)၊ စက်တင်ဘာ(မိုးနှောင်း)၊ ဖေဖော်ဝါရီ(မိုးကြို) လများတွင်စိုက်ပျိုးကြပါတယ်။ မိုးနှောင်းစိုက်ပျိုးချင်ရင်တော့စက်တင်ဘာလကတည်းကစိုက်ပျိုးနိုင်ရင်အဆင်ပြေပါတယ်ရှင့်။ ဆင်းရတန ၃၊ ဆင်းရတနာ ၄၊ နှမ်းနက်၊ မကွေး ၇/၉မျိုး တွေကပြည်ပရောပြည်တွင်းဈေးပါတွက်ချေကိုက်တယ်လို့သိရပါတယ်။ အရင်စိုက်ထားတဲ့မျိုးကဘာမျိုးလဲဆိုတာသိပါရစေရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်းက သီတင်းကျွတ်လပြည့်ကျော်ရင်စိုက်ပျိုးလို့ရပါသလား ရရင်တစ်ဧကကိုဘယ်နစ်ပြည်လောက်စိုက်ရပါမလဲ မိုးနည်းရင်ဖြစ်...
ဖြေကြားချက် 2 ခု
နွေနှမ်းစိုက်လို့ဆင်ပြေလောက်လား
ဖြေကြားချက် 1 ခု
ပုံပါ မိုးရွာရင် ကြာသပတေးမှ အင်္ဂါအထိ မိုးဆက်တိုက်ရွာနိုင်သည် ဆိုလျင်မည်သည့်ရက်တွင် နှမ်းစေ့ချသင့်ပါသလဲခင်ဗျား...
ဖြေကြားချက် 2 ခု
အခုလို ရာသီ အချိန် ဘယ် နှမ်း က စိုက်ပျိုးရ အသင့်တော်ဆုံးလဲ သိတဲ့သူများ အ ကြံ ပြု စေပါတယ် ခင်ဗျာ
ဖြေကြားချက် 2 ခု
နှမ်းနက်စမုံကဆောင်းနှမ်းလား နောက်ပြီးဘယ်ချိန်မှာစိုက်ရလည်းပဲခူးတိုင်းပြည်ကပါသီတင်းကျွတ်လောက်မှစိုက်ရင်အဆင်ပြေ...
ဖြေကြားချက် 1 ခု