အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၇ နှစ် က · အောင်လံ

စပါးခင်းမှာ ပေါင်းများရင့်နေပါတယ် ခုချိန်ပေါင်းသတ်ဆေးဖြန်းပါကစပါးပင်ထိခိုက်နိူင်ပါသလား အပင်သက်ကနှစ်လကျော်ျနပါ...

စပါးခင်းမှာ ပေါင်းများရင့်နေပါတယ် ခုချိန်ပေါင်းသတ်ဆေးဖြန်းပါကစပါးပင်ထိခိုက်နိူင်ပါသလား အပင်သက်ကနှစ်လကျော်ျနပါပြီ

2

ဖြေကြားချက် ၂ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

စပါးပင်သက်တမ်းရဲ့ ပထမသုံးပုံ တစ်ပုံကာလဟာ ပေါင်းမြက်များကင်းစင်နေအောင်နှိမ်နင်းရမယ့် ကာလဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းခြင်း မပြုလုပ်ရင် ပေါင်းကြောင့် စပါးပင်အထွက် ဆုံးရံှုးမှာ ဖြစ်ပါတယ်။ မိမိစပါး စိုက်ပျိုး သည့်စနစ်နှင့်သင့်တော်တဲ့ ပေါင်းသတ်ဆေးအမျိုးအစားကိုသုံးရပါမယ်။ ဆေးသုံးရာမှာ ကြဲခင်းဆိုရင် စိုက်ပျိုးပြီးလျင်ပြီးချင်း ပေါင်းမြက်မပေါက်မီဖြန်းသည့်ဆေး နှင့် စိုက်ပျိုးပြီးပေါင်းပင်များ ပေါက်ကာ၊ အရွက် (၂) ရွက်ကနေ (၃) ရွက်ထွက် သည့် အချိန်ဖြန်းသည့်ပေါင်းသတ်ဆေး ဟူပြီးရှိပါတယ်။ အညွှန်းကို သေချာဖတ်ပြီးမိမိသေစေလိုတဲ့ ပေါင်းအမျိုးအစားနဲ့ကိုက် ညီသင့်တော်တဲ့ပေါင်းသတ်ဆေးကို အသုံးပြုဖို့အကြံပြုပါတယ်။

13,605 လွန်ခဲ့သော ၇ နှစ် က

စပါးရွေးချယ်ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ နှုန်းထားများသွားရင်တော့ စပါးပါ ထိနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။