ဖြေကြားချက် ၂ ခု
ကွန်ပေါင်း (NPK) ကို သုံးမယ်ဆိုရင် အပင်အတွက်ကော၊ ဥအတွက်ကော အကျိုးရှိစေပါတယ်။ NPKက အာနိသင်တွေကတော့............. နိုက်ထရိုဂျင် (N)- ပင်ပိုင်းကြီးထွားမှုကို အားပေးတာပါ။ အပင်ရဲ့ အကိုင်း၊အခက်၊ အရွက်တွေ ကြီးထွား ဖြစ်ထွန်းမှုကို အားပေးတာပါ။ ဖော့စပရပ်၊ မီးစုန်းဓာတ် (P)- အမြစ်ကြီးထွားမှု၊ အပွင့်၊ အသီး၊ ဥ ဖြစ်ပေါ်မှုကို ကူညီတာပါ။ ပိုတက်စီယမ်၊ ပြာဓာတ် (K) - အသီးအနှံများ၊ ဥစား သီးနှံများနှင့် အရွက်အရောင်အဆင်း၊ အနံ့အရသာ ကောင်းမွန်မှုကို အားပေးတယ်။ ပိုးရောဂါ ဒဏ်လဲ ခံနိုင်ရည်ရှိလာအောင် လုပ်ပေးတယ်။ အခက်အလက်တွေ သန်မာစေပြီး ဆဲလ်များ တင်းနေစေရန် ထိန်းသိမ်းပေးပါတယ်။
ကြက်သွန်ခင်း အပင်ကောင်းချင်တာဆိုရင် ၁၅ ပတ်လည်(NPK) ဖျန်းတာ ပို အဆင်ပြေမယ်။ ရေတစ်ဂါလန်ကို မြင်းကျားဇွန်း ၁ ဇွန်းနှုန်း နဲ့ ဖြန်းပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သဲချောင်းထဲမှာကြက်သွန်စိုက်ရင်အခုလိုမျိုးရေပန်းစနစ်နဲ့စိုက်ပျိုးရင်ကြက်သွန်ဒေါင်းနီးဖြစ်စေတယ်ဆိုတာဟုတ်လားဗျ
ဖြေကြားချက် 1 ခု
ဂျင်းနှင့်နနွင်းအကြောင်းသိချင်ပါသည်
ဖြေကြားချက် 1 ခု
ကြက်သွန်ခင်းအဖျားချောက်နေတယ်ဘာကြောင့်လဲဗျ
ဖြေကြားချက် 2 ခု
ကြက်သွန်ခေါင်းဖုပုပ်တာ ဘာကြောင့်လဲ
ဖြေကြားချက် 1 ခု
ငရုတ်ကောင်း စိုက်ပျိုးနည်း သိချင်ပါတယ်။
ဖြေကြားချက် 1 ခု