အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
238
လွန်ခဲ့သော ၆ နှစ် က · ရပ်စောက်

မတ်ပဲကတစ်ဧကကို မျိုးဘယလောက်ဝင်ဆံ့၍ဘယ်လောက်ထွက်သလဲ

မြေဆီလွှာ မတ်ပဲ မတ်ပဲအထွက်နှုန်း
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

ကြဲခင်းများတွင် (၁)ဧက မျိုးစေ့ (၁၀-၁၂) ပြည်နှုန်း အသုံးပြုနိုင်ပြီး စိုက်ခင်းများတွင် (၆-၈) ပြည်နှုန်း အသုံးပြုနိုင်သည်။ ရေဆင်း-၂၊ ရေဆင်း ၄၊ ပုလဲထွန်း၊ ရေဆင်း ၆၊ မင်းလှလုံးကြီး၊ မိုးညိုလုံးကြီး၊ ဟင်္သာတလုံးကြီး၊မင်းလှထွန်း မျိုးများသည် အသုံးများသည်။ မျိုးစေ့ နှုန်းထားသည် သန့်စင်ခြင်း၊ အပင်ပေါက်ကောင်းခြင်း၊ အစေ့ အရွယ်အစား အလိုက် အနည်း၊အများ အပြောင်းအလဲ ရှိနိုင်ပါသည်။ မတ်ပဲ အများစုသည် ၇၅ရက် နှင့် ၁၁၀ ရက်များတွင် ရင့်မှည့်ကြသည်။ တစ်ဧကအထွက်သည် (၁၀)တင်းမှ တင်း၂၀ ထိ ရနိုင်ပါသည်။ အချို့မျိုးများသည် (၃၅) တင်း ခန့်ထိ ထွက်ရှိသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။