အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုနိင်
လွန်ခဲ့သော ၆ နှစ် က · ရွှေကူ

နတ်သီးနဲ့ ဒညင်းသီး/နှင်းသီး/လိုက်ချီးသီးစတဲ့ရာသီပေါ်သီးနှံများကိုဆွတ်ခူးပြီး ကြာရည်ခံအောင်ဘယ်လိုထားရမလဲဆိုတာရယ်စားသုံးသူတွေအတွက်ကျမ်းမာရေးနဲ့ဘေးထွက်ဆိုးကျိုးမရှိအောင် ရှိရင်လည်းနည်းပါးအောင်ဘယ်လိုကာကွယ်လုပ်ဆောင်ရမလဲဆိုတာရယ် မန္တလေးတိုင်းဒေသကြီးနဲ့စစ်ကိုင်းတိုင်းဒေသကြီးများသို့ဒီသီးနှံတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တင်သွင်းနိင်ဖို့ပွဲရုံများကို အဆက်အသွယ်နှင့်တကွ ညွန်ကြားပေးပါခင်ဗျာ

တန်ဘိုးမြှင့်ထုတ်ကုန် နာနတ်သီး
4

ဖြေကြားချက် ၄ ခု

ကိုနိင်
ကိုနိင် 638 လွန်ခဲ့သော ၆ နှစ် က

အဓိကပြောခြင်တာတော့ဒညင်းသီးပေါ့ဗျာ ။သူကကျမ်းမာရေးနဲ့သဟဇာတမဖြစ်ဘူးလေ။လက်ရှိမှာတော့ မန္တလေး ကိုပဲအဓိက သွင်းဖြစ်ပါတယ်။နာနတ်တို့လိုက်ချီးတို့ကတော့ သီးနှံကရေထွက်သီးနှံမျိုးဆိုတော့ ရက်ပိုင်းကန့်သတ်မူတော့ရှိပါတယ်။စားသုံးသူတွေအတွက် ဘေးထွက်ဆိုးကြိုးမရှိရအောင် ကြိုတင်ပြီးပြုလုပ်ထားပေးလိုက်နိင်တော့ သီးနှံဈေးကွက်မှာလည်း အဟန့်အတားမဖြစ်တော့ဘူးပေါ့ဗျာ

ကိုနိင်
ကိုနိင် 638 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျာ ဒါပေမဲ့ထပ်ပြီးသိခြင်သေးတယ်ဗျ

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၆ နှစ် က

အခြောက်ခံစက်တွေကို တောင်သူ အစုအဖွဲ့နဲ့ဝယ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် လုပ်မယ်ဆိုလည်း ရနိုင်ပါတယ်။တောင်သူအသင်းအဖွဲ့နဲ့ ၊ လုပ်ငန်းလည်ပတ်နေကြောင်းပြရင် မြို့နယ်သမဝါယမ ဉီးစီးဌာနက ကူညီဆောင်ရွက်ပေးတာမျိုးတွေရှိပါတယ်။မြို့နယ်ရဲ့ သမဝါယမ ကိုဆက်သွယ်ကြည့်ပါ ။

သိမ့်ဇာ
သိမ့်ဇာ 79,225 လွန်ခဲ့သော ၆ နှစ် က

ဒညင်းသီးကတော့ ကျန်းမာရေးထိခိုက်မှုများတယ််အစ်ကို ဆားရေနဲ့စိမ်ရင်တောင် နဲနဲတော့ကျန်မယ် ။အခြား လိုက်ချီးသီးလိုမျိုးတွေကိုတော့ စည်သွပ်ဘူးတွေလုပ်ပြီး ကြာရှည်ခံအောင်ထားလို့ရမယ် ။အာ့လို ထုတ်ကုန်တွေကို အသေးစားလုပ်ငန်းတွေနဲ့ လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။နောက်ပိုင်းမှာ တောင်သူတွေကိုယ်တိုင် ခုလို ရောင်းလို့ရအောင် အစိမ်းရောင်လမ်းက ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။