အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်သန်း
လွန်ခဲ့သော ၆ နှစ် က · ဘူးသီးတောင်

ဒီပဲဘာပိုးကျတာလဲဘာဆေးသုံးရမလဲဖြေကြားပေးပါဆရာ

ပိုးမွှားရောဂါ ပဲပိစပ်
Post image
2

ဖြေကြားချက် ၂ ခု

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

ဆေးဖြန်းရင် ညနေပိုင်းနဲ့ နံနက်စောစောတွေမှာဖြန်းပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

သီးလုံးဖောက်ပိုးပါ။ အခင်းမှာအကောင်ကြီးအဆင့်တွေလည်းရှိနေနိုင်ပါတယ်။ မီးထောင်ချောက်သုံးပြီးဖမ်းပါ။ ဖျက်ဆီးခံထားရတဲ့ အသီး အတောင့်များကိညဖယ်ရှားပစ်ပေးပါ။ ပိုးလောက်ကောင်တွေကိုလည်း ဖယ်ရှားဖျက်ဆီးပေးပါ။ ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုပက်ဖျန်းနိုင်ပါတယ်။ ဓာတုဆေးတွေကို အလွန်အကျွံ့သုံးရင်လည်း ဖျက်ပိုးတေကဆေးကိုခံနိုင်ရည်ရှိသွားတတ်ပါတယ်။ အခင်းမှာ အကျိုးပြုမိတ်ဆွေပိုးတွေလွှတ်ပေးတာတို့၊ သဘာဝဆေးတွေဖြစ်တဲ့ တမာ၊ ဆေးရွက်ကြီးဖျော်ရည်တို့ပက်ဖြန်းနှိမ်နငးတာတို့လုပ်ပါလားအစ်ကိုရေ။ အရမ်းကြီးမဆိုးသေးတဲ့အနေအထားဆိုရင်ပေါ့။ နောက်ရာသီတွေမှာကြိုတင်ကာကွယ်မယ်ဆိုရင်တော့ မြေပြင်ချိန်မှာ စပြီးဆေးထည့်ကာကွယ်လို့ရပါတယ်၊ ထောင်ချောက်သီးနှံအနေနဲ့လည်း ပြောင်းဖူးပင်ကိုစိုက်ပျိုးထားပေးရင်ကောင်းပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။