အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,045
လွန်ခဲ့သော ၆ နှစ် က · ဟင်္သာတ

ကိုက်လန်ကိုဘယ်အရွယ်မှာပိုးသတ်ဆေး အားဆေးစတင်ကြွေးပေးရမလဲ သိချင်ပါတယ် အခုမှ စိုက်ကြည့်တာ မို့လို့ပါ

အပင်အာဟာရ ကိုက်လန်
4

ဖြေကြားချက် ၄ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

မြေကြီးကို ကောက်ရိုး၊ သစ်ဆွေးများဖုံးအုပ်ပေးမယ်ဆိုရင်လည်း မြေဆီလွှာအစိုဓာတ်ကိုထိန်းသိမ်းနိုင်ရုံသာမက ပေါင်းမြက်အန္တရာယ်ကိုလည်း ကာကွယ်ပြီးသားဖြစ်ပြီး အပင်အတွက်အထူးကောင်းမွန်စေပါတယ်။

79,224 လွန်ခဲ့သော ၆ နှစ် က

အပင်စိုက်မယ်ဆို ပိုးသတ်ဆေး မြေသြဇာ အမြဲကျွေးရမယ်လို့ မတွေးပါနဲ့အစ်ကို ။ ပိုးသတ်ဆေးဆိုတာ လိုအပ်မှ ဖျန်းရတာမျိုးပါ။ မြေကိုကောင်းအောင်ပြုပြင်ပြီးစိုက်ရင် ဆေးတွေခဏ ခဏ ဖျန်းစရာမလိုပါဘူးရှင့်။ ကိုက်လန်က အရွက်စားတာမို့ မြေခံမှာ နွားချေးမြေဆွေးထည့်ပြီးစိုက်လို့ရပါတယ်။ နိုက်ထရိုဂျင်အကျွေးများသွားရင် ဥပမာ ပုလဲဓာတ်မြေသြဇာ မျိုးပေါ့။ အရွက်တွေအရမ်းသန်လာပြီး ပိုးတွေကိုပိုကျစေပါတယ်။ အစ်ကိုက မစိုက်ရသေးဘူးဆိုတော့ မြေပြင်တာအကောင်းဆုံးပါ။

2,045 လွန်ခဲ့သော ၆ နှစ် က

ဘယ်အရွယ်မှာဖြန်းရမယ်ဆိုတာမတွေ့လို့

80,504 လွန်ခဲ့သော ၆ နှစ် က

ကိုက်လန်စိုက်ပျိုးနည်း လင့်ကို နှိပ်ပီး လေ့လာနိုင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ကိုက်လန် စိုက်ပြီး ၃"မြင့်လာရင် အပင်ကြား၈"ခြားအောင်အပင်ကိုမှုန်းပေးပါဆိုတာရှင်းပြပေးပါ

ဖြေကြားချက် 3 ခု

၁၀'×၃'ဘောင်ကို ကိုက်လန်မျိုးထုပ်ဘယ်လောက်မျှစိုက်လို့ရပါသလဲ အောက်ပါပုံမျိုးထုပ်ကိုစိုက်ချင်လို့ပါ အထုပ်မှာမြန်...

ဖြေကြားချက် 4 ခု

ကိုက်လန်ကိုကိုင်းထွက်ကောင်းအောင်အပင်ငုပ်ဘယ်လောက်ချန်ပီးချိုးရပါမလဲ ဘာဆေးသုံးရင်သင့်တော်ပါသလဲ ဖြေပေးပါခင်ဗျ

ဖြေကြားချက် 1 ခု

ကိုက်လန်ကအပင်အမြင့်ဘယ်လောက်ကြီးထွားပါသလဲဗျ

ဖြေကြားချက် 1 ခု

ဟုကဲ့ ကျွန်တော် အခုမှ စတင် စိုက်ပျိုးမှာပါ မြေအရိုင်းကို အခုမှ စတင်မှာဆိုတော့ အရင်ဆုံး ဘာတွေ လုပ်သင့်သလဲ ခမျ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။