မြေကြီး ကို မစိုက်ပျိုးခင် 4လကွာလောက် ကြို ထွန် တာ စက်ခုတ်တာ ကောင်း လား စိုက်ပျိုးရေး လုပ်ရန် နီးမှ မြေပြင်တာကောင် ခွဲခြားပြီး ရှင်း ပြပေး ပါ ဆရာ တို့ ခင်ဗျား ပခုက္ကူ နယ်ကစိုက်မူ ဝါသနာ ပါ သူ ကိုသန်းလိူင် ပါခင်ဗျား
၄လလောက်ကြိုပြီးစက်ခုတ်ထားမဲ့အစား မြေဖုံးသီးနှံတစ်ခုခုစိုက်သင့်ပါတယ်။ဥပမာ,ပဲမျိုးရင်းဝင်အပင်တစ်မျိုးမျိုးပေါ့။မြေပဲမစိုက်ခင်၂ပတ်အလိုမှာအဲဒီအပင်တွေကိုထယ်မှောက်ပြီးဆွေးသွားအောင်နှပ်ထားလိုက်ပါ။ဆွေးသွားရင် အပင်ဆွေးမြေဆွေးသာမက အဟာရလည်းများစွာရရှိနိုငိပါတယ်။သစ်စိမ်းမြေသြဇာလို့ခေါ်ပါတယ်။စမ်းပြီးသစ်စိမ်းမြေသြဇာာအနေနဲ့အသုံးပြုချင်တယ်ဆိုရင် ပိုက်ဆံလျှော်ဟာအကောင်းဆုံးပါ။ပခုက္ကူကဆိုတော့ မကျည်းကိုးပင်,မြောက်လူးကန်,ကန်တော်,ချောင်းဦးတို,ညောင်ပင်ရွာတွေမှာ စုံစမ်းကြည့်ပါ။ဒီနည်းပညာကိုအသုံးပြုနေကြပါတယ်။
ဆက်စပ်မေးခွန်းများ
အပင်ငယ် ဘြဘာ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
မြေပဲ စိုက်တာ ပုပ်ပြီး ပြန်မမုတ်နိုင်အောင် ပုပ်သေသွားပါတယ် မြေကိုဘယ်လိုပြန်ပြုပြင်ရမလဲ
ဖြေကြားချက် 4 ခု
မြေခံ ဘေဓာတ်မြေသြဇာသုံးလို့အဆင်ပြေလဲဗျ
ဖြေကြားချက် 2 ခု
ကျောက်မှုန့်(ဂျစ်ပဆန်)ကို မြေပဲ မြေပြင်ချိန်မှာထည့်လို့ရလား
ဖြေကြားချက် 5 ခု
ဆောင်းမြေပဲစိုက်ပျိုးချင်ပါတယ်ဥဥရန်ဘယ်လိုစိုက်ပျိုးသင့်ပါသလဲခဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။