အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဖြစ်နိုင်ခြေ ၂ခုရှိပါတယ်။သံဆိပ်သင့်တာနဲ့ကန့်ဆိပ်သင့်တာပါ။စပါးပြီးစပါး(မိုးစပါး. ပြီး.နွေစပါး) စိုက်ခင်းတွေမှာရေအစိုဓာတ်စဥ်ဆက်မပြတ်ရှိနေရင် ဒီအဆိပ်သင့်မှုတွေဖြစ်တတ်ပါတယ်။မိုးစပါးအပြီးထယ်ရေးကိုကောင်းစွာမလုပ်ခဲ့ရင်/တမန်းမပုပ်ရင် တမန်းပူလောင်တာကြောင့်လည်းဝါပြီးအပင်တွေသေတတ်ပါတယ်။ကုနိုင်တာကတော့ အခင်းထဲကိုရေအပြည့်လွှမ်းအောင်ရေသွင်းပါ။၂ရက်လောက်နေရင်ရေပြန်ထုတ်ပါ။၁ပါတ်ကို ၁​ကြိမ်နဲ့ ၃ကြိမ်လောက်လုပ်ပေးပါ။ဖော့စဖိတ် နဲ့ ပိုတက်ရှ်မြေသြဇာကျွေးပေးပါ။နွေစပါးကြဲစိုက်တာဆိုရင် လူနဲ့တမန်းနှိုးပေးပါ။အပင်တွေဝါမယ်.ပုမယ်.အမြစ်အားမကောင်းဘူးဆိုရင် ကန့်အဆိပ် နဲ့ သံဆိပ်သင့်တာပါ။ကန့်အဆိပ်ဆိုရင် အပင်ခြေကမြေကိုနမ်းကြည့်ရင် ကြက်ဥပုပ်နံ့ရမယ်..သံဆိပ်ဆိုရင် သံချေးနံ့ရမယ်။ဒါကအဆိပ်သင့်လက္ခဏာနဲ့ပြုပြင်နည်းတွေပေါ့။ရောဂါကြောင့်အရွက်တွေမှာအစင်းကြောင်းတွေပေါ်ပြီးအရွက်တွေဝါအပင်တွေသေတာလည်းရှိပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။