အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
winminaung
လွန်ခဲ့သော ၆ နှစ် က · ဗန်းမော်

ဘူးကို အော်ဂဲနစ် စနစ်နဲ့စိုက်လို့ရလား ပိုးမွားကျရောက်ရင်ကော သဘာဝပိုးသတ်ဆေးကထိရောက်မှုရှိလားဗျ

စိုက်ပျိုး ဗဟုသုတ ဘူး

ဖြေကြားချက် ၁ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

လက်ရှိဘူးပင်စိုက်ပျိုးနေကြတာ ဓာတုပစ္စည်းတွေသုံး..မသုံးတော့မသိဘူး။ဘူးပင်က ဓာတုပစ္စည်းမသုံးလည်းဖြစ်ထွန်းပါတယ်။ကျွန်တော်တို့အိမ်ခြံဝင်းမှာဆိုရင် ဘူးပင်ကို နွားချေးဆွေးဘဲအဓိကထားသုံးခဲ့တာနှစ်ပေါင်းမနည်းတော့ဘူး။အစိုဓာတ်အမြဲရှိအောင်တော့လုပ်ပေးထါးတယ်။မီးဖိုချောင်ကစွန်ထွက်ပစ္စည်းတွေ (သားငါးဆေးရည်/ဆန်ဆေးရည်/အသီးအရွက်စွန့်ပစ္စည်းတွေ)ထည့်ပေး တယ်။အပင်ဖြစ်လာရင် အဆစ် ၁၃-၁၅ဆစ်မြောက်မှာအညွန့်ဖြတ်ပေးတယ်။ဘူးစင်မှာ အမဲရိုးချိတ်ပေးတယ်(ပျားပုတုံးကိုဆွဲဆောင်ပြီးဝတ်မှုန်ကူးကောင်းအောင်ပေါ့)။သဘာဝဆေးတွေကဓာတုဆေးလောက်မထိရောက်တာကြောင့်ကာကွယ်ဆေးအနေနဲ့ကြိုတင်ကာကွယ်သုံးသင့်ပါတယ်။(ထုံး.ဒုတ္ထာ/ ထုံး.ကန့်ဆေးများလုံးဝမသုံးရပါ။)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။