အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သီဟ​ကျော်
လွန်ခဲ့သော ၆ နှစ် က · ကဝ

နေပြင်းတဲ့အချိန်မှာဖျန်းရန် ပင်လုံးပြန့် ဆေးနဲ့အသီး၊အပွင့်အားဆေး ဘယ်ဆေးကပိုသင့်တော်မလဲဗျ။

အပင်အာဟာရ ပဲတီစိမ်း ဆေးဖျန်းချိန်
5

ဖြေကြားချက် ၅ ခု

ဦးကျော်ဆန်းဝင်း
ဦးကျော်ဆန်းဝင်း 2,623 လွန်ခဲ့သော ၆ နှစ် က

အသီးအပွင့်အားဆေးတွေကမနက်ပိုင်း ဘာကြောင့်မဖျန်းသင့်သလဲဆိုရင် မနက်ပိုင်းမှာ အပင်တွေက နေရောင်ခြည်ရရှိမှုပေါ်မှာ မုတည်ပြီး အစာချက်လုပ်မှု အထူသဖြင့် ပန်းတော်တော်များများက မနက်ပိုင်း ၁၂နာရီလောက်ထိပဲ ပွင့်တာများတာရယ် နောက်တစ်ခု အပင်တွေကညဘက်ကျ အပင်အတွက် အစာချက်နှေးပြီး မနက်နေရောင်ခြည်လာချိန် အရွက် ရဲ့လေရှူတွေ ကျယ်လာပြီးအစာချက်နှုန်းမြင့်တာကြောင့် မနက်ပိုင်းဖျန်းသင့်ပါတယ်

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၆ နှစ် က

သီးပွင့်နဲ့အပင်အားဆေးတွေကိုနေ့လည်၂နာရီနောက်ပိုင်းဖျန်းလို့ရပါတယ်။ နေရောင်ခြည်မရှိတော့ရင်မဖျန်းသင့်ပါဘူ။

Thet Htar Zin
Thet Htar Zin 80,067 လွန်ခဲ့သော ၆ နှစ် က

ရွက်ဖျန်းမှိုသတ်ဆေးတွေသုံးဖို့ အကောင်းဆုံးအချိန် ဒီမှာ လေ့လာကြည့်ပါရှင့် အဆင်ပြေပါစေ?

သီဟ​ကျော်
သီဟ​ကျော် 9,611 လွန်ခဲ့သော ၆ နှစ် က

သီးပွင့်နဲ့အပင်အားဆေးတွေက ညနေပိုင်းဘာကြောင့်ဖျန်းမရတာလဲဗျ၊ကျတော်တို့ကပဲစိုက်ဧကများလို့ ညနေ ၂နာရီခွဲကစပြီးဖျန်းတယ်၊အဆိုး အကောင်းကတော့တိတိကျကျမသိဗျ။ပင်လုံးပြန့်မှိုသတ်ဆေးကနေပြင်းတဲ့အချိန်မှာဖျန်းရန်အစင်ပြေလားဗျ။

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၆ နှစ် က

ဖျက်ပိုးတွေကမနက်စောစော နဲ့ ညနေ နေဝင်ခါနီးမှာထွက်လေ့ရှိပါတယ်။ဒါ​ကြောင့်ပိုးသတ်ဆေးကို မနက်စောစောနဲ့ညနေစောင်းမှာဖျန်းသင့်ပါတယ်။သီးပွင့်အားဆေး/အပင်အားဆေးတွေကိုတော့ မနက်နေထွက်ချိန် ၇နာရီမှ၁၀ နာရီအတွင်းမှာဖျန်းသင့်ပါတယ်။ပေါင်းသတ်ဆေးတွေကိုတော့ နေ့လည်နေပူပူမှာဖျန်းရင် ပိုထိရောက်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။