အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချမ်းမြေ့
လွန်ခဲ့သော ၆ နှစ် က · ကသာ

နွေနှမ်းကိုဘောင်နဲ့ရေသွင်းစိုက်မလို့ပါ အဲ့ဒါ နှမ်းမစိုက်ခင် ရေအရင်သွင်းရမှာလား နှမ်းစိုက်ပြီးမှရေသွင်းရမှာလား ဘယ်ဟာပိုကောင်းလည်းသိချင်ပါတယ်ခင်ဗျာ မြေကတော့ အစိုဓါတ်အနည်းအငယ်ရှိပါသေးတယ်

5

ဖြေကြားချက် ၅ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

အပင်ပေါက်ပြီး၂၅ရက်..ရက်၃၀ခန့်မှာရေသွင်းနိုင်ပါတယ်

ချမ်းမြေ့
ချမ်းမြေ့ 1,227 လွန်ခဲ့သော ၆ နှစ် က

အပင်ပေါက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ရေသွင်းသင့်ပါသလဲဆရာ တစ်ချို့ပြောတာက ရေသွင်းရင် နေအပူရှိန်နဲ့ ခါးစင့်ထက်တယ်ဆိုလို့ပါ ဖြေကြားပေးပါအုံးဆရာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၆ နှစ် က

မြေအစိုဓာတ်ရှိနေရင် နှမ်းစိုက်ပြီးအပင်ပေါက်လာမှရေသွင်းနိုင်ပါတယ်။မြေပြင်ရင်ထယ်ရေးနက်နက်ထိုးပါ။ဒါမှရေကမြေအောက်နက်နက်ကိုစိမ့်ဝင်နိုင်မှာပါ။နှမ်းပင်ရဲ့အမြစ်ကမြေအောက်နက်နက်ဆင်းလို့ပါ။ထယ်ရေးတိမ်ရင်အစိုဓာတ်ကမြေအပေါ်ယံမှာဘဲရှိတာမို့နှမ်းပင်ရဲ့အမြစ်လည်းမြေအောက်နက်နက်မဆင်းတော့ဘူး။အပင်မသန်စွမ်းတော့ဘူး။ပွင့်သီးမှုလည်းမကောင်းတော့တာမို့အထွက်မကောင်းနိုင်တော့ပါ။ပန်းပွင့်ချိန်,သီးကင်းဝင်ချိန်တွေမှာရေအဓိကလိုအပ်ပါတယ်။

ဖိုးသား
ဖိုးသား 174 လွန်ခဲ့သော ၆ နှစ် က

မစိုက်ခင်သွင်းပီးပေါင်းသပ်ဆေးဖြန်းပါ ၂ရက်နေနှမ်းကျဲပေးလို့ရပါပီ

‌ေျာ်‌စိူ?လင်‌း
‌ေျာ်‌စိူ?လင်‌း 116 လွန်ခဲ့သော ၆ နှစ် က

‌ေျာ်‌ဏိုးလင်‌

You

ဆက်စပ်မေးခွန်းများ

ကျွန်တော်က နွေနှမ်းစိုက်ချင်တာပါ ကျွန်တော့်မြေက ကုန်းမြေ/မြေနီသဲဝန်းပါ အဲ့ဒီမြေမှာ နွေနှမ်းကို ရေသွင်းပြီး...

ဖြေကြားချက် 6 ခု

နွေနှမ်း(ဘောင်စနည်းနဲ့ရေသွင်း) စိုက်ပျိုးချင်လို့ပါ....စစ်ကိုင်းတိုင်း ကသာမြို့ကပါ....စိုက်ပျိုးပုံ နည်း အဆင့်...

ဖြေကြားချက် 0 ခု

ကျနော်ရဲ့မြေက.သဲမြေပါခမျ..ကျနော်ကုန်းလည်းတခါမှမလုပ်ဖူးဘုးဗျ..ဒီနှစ်နွေရေမပေးလို့..ရေတွင်းဖောက်ပြီး..ကုန်းသီး...

ဖြေကြားချက် 3 ခု

နှံပင်ကဘယ်နယ်ရက်သားမှာရေဖြန်းသင်သလဲခများ

ဖြေကြားချက် 2 ခု

နွေနှမ်းက စိုက်ပြီးဘယ်နှစ်ရက်လောက်နေမှ အပင်စထွက်တာလည်းဗျ အပင်ဘယ်နှစ်ရက်သားလောက်ကို ရေစသွင်းသင့်သလဲ သိချင်ပါတယ်...

ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။