အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,246
လွန်ခဲ့သော ၈ နှစ် က

Rice Thrips ရဲ့.ဘဝစက်ဝန်း,ဖျတ်စီးပုံ,ကာကွယ်မှုနည်းစနစ် အကြောင်းလေးသိချင်လို့ပါ

ပိုးမွှားရောဂါ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

ဘဝစက်ဝန်း - ဥမှ (၄)ရက်တွင်အကောင်ပေါက် ။ ဖျက်ဆိး အကောင်ငယ် နှင့် နားနေအဆင့် (၁၀-၁၄) ရက်။ ရုပ်ဖုံးဘဝ (၇-၁၁)ရက်။ ပေါင်းဘဝစက်ဝန်း အကောင်ကြိး ဖြစ်ရန် ၂ ပတ်။ တချို့ လိင်မဲ့နည်းဖြင့်မျိ ုးပွားသည်။ ဖျက်ဆိးမှ ု- စပါးပင်ရွက်ထိပ်ဖျားများခြောက်သွေ့ စပါးရွက်အောက်မျက်နှာပြင်တွင် အဝါမှ အနိရောင်အထိ အစင်းများတွေ့ရမည်။ အရွက်အနားမှ အရွက်အလယ်ရိုးတံအထိ လိပ်ဝင်နေမည်။ ရုတ်တရက်ဆိုရင် စပါးရေလိုအပ်နေတယ်လို့ ထင်ရပြိး စပါးခင်းရေမရှိ ချိန် ပိုထင်ရှားပါတယ်။ ခြောက်နေသော အရွက်လိပ်များခွဲကြည့်ပါက အမည်းရောင်အ ကောင်လေးများတွေ့ရပါမယ်။ စပါးပင်ရည်ကို စုတ်စားတာဖြစ်ပါတယ် ။ ကာကွယ်မှ ု - ပျိ ုးခင်းများမှာ ကျရောက်မှ ုပိုများလို့ ပျိ ုးခင်းခြောက်သွေ့ပါက ရေ နေ့ တဝက်ခန့်ရေသွင်းပါ ။ ပေါင်းပင်များထူနေရင် ပိုးပေါက်ဖွားနှ ုန်း ပိုများလို့ ပေါင်းရှင်းပါ ။ တစ်ဧက လျှင် အပင် ၂၀ ၌ ခြောက်သွေ့သော အရွက်လိပ်များက အကောင်တွေ့ပါက ပင် လုံးပြန့် ပိုးသတ်ဆေးကို ပိုးကျရောက်အရွက်များထိအောင်ဖြန်းပါ ။ အရွက်လိပ်များကို အနည်းငယ်တွေ့ရချိန် ကောက်ယူဖျက်ဆိးပါ ။ တိုက်ရိုက်မျိ ုးစေ့ချပျိုးခင်း နွေစပါးစိုက်ခင်း ရေကျနောက်စိုက်စိုက်ခင်း ရေနစ်မြ ုပ် ပြန် စိုက် စိုက်ခင်းများတွင် ပိုမို ကျရောက်တတ်ပါတယ် ။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေး ပိုးကျရောက်အရွက်များ ထိအောင် ဖြန်းပါ ။ ai . Dimethorate , carbofuran , cartap hydrochloride , chlorpyrifos တို့ထဲက တမျိ ုးမျိုးကို သုံးစွဲ နိုင်ပါတယ် ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။