ဖြေကြားချက် ၃ ခု
အအေးဓာတ်လွန်ကဲတာကြောင့်အပင်မပေါက်နိုင်တာပါ.နှမ်းကပူအိုက်စွတ်စိုတာပိုကြိုက်ပါတယ်.ဒါကြောင့်ရေသွင်းနှမ်းစိုက်မယ်ဆိုရင် ဖေဖေါ်ဝါရီလယ်လောက်မှစိုက်သင့်ပါတယ်.အခုမိုးလေဝသသတင်းအရစစ်ကိုင်းတိုင်းကပြန်အေးအုံးမယ်ဆိုတော့အပင် ပေါက်ဖို့မသေချာလောက်ဘူး.ရေထပ်သွင်းလို့အပင်မပေါက်နိုင်တော့ပါ.အစေ့ကရေမြုပ်၍မရပါ.ပေါက်ပြီးသားအပင်ကလည်းရေဝပ်ရင်သေပါတယ်။ရေမသွင်းပါနဲ့တော့။အညာဆောင်းကတအားအေးတာမို့ဆောင်းတွင်းမစိုက်ပါနဲ့။အပင်ပေါက်နှုန်းနည်းပါလိမ့်မယ်.ဆုံးရှုံးမှုများပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်နွေနှမ်းစိုက်ထားတာ ၉ရက်ရှိပါပြီ အပင်မပေါက်သေးလို့ ရေသွင်းရင်ကောင်းမလားလို့ပါ အကြံဉာဏ်လေးပေးကြပါအုံးဗျ
ဖြေကြားချက် 4 ခု
စမှုံနက်နှမ်းကအသစ်ဆိုမပေါက်ဘူးဆိုတာဟုတ်ပါသလားခင်ဗျ ကျွန်တော်ကြဲထားတာလယ်တစ်ကွက်ထည်းကိုတခြမ်းကပေါက်ပြီးတစ်ခြမ်းက...
ဖြေကြားချက် 2 ခု
ဇန်နဝါရီ လ ထဲ နှမ်း ကိုစက်ခုပ်ကျဲလို့ရလားဗျာ ရေတွင်း ကနေရေဖြန်းပေးမယ်ဗျာ အကြံကောင်းပေးပါဗျာ
ဖြေကြားချက် 2 ခု
နွေနမ်းတွက်လုပ်ဆောင်ရမည်ချက်လက်များကိုသိချင်ပါတယ်
ဖြေကြားချက် 4 ခု
ကျွန်တော်နှမ်းခင်းမှာနှမ်းကအပင်ပေါက်ခါရှိသေးတယ်စပါးပင်တွေကတော်တော်ရှှုဉ်နေပြီဘယ်လိုလုပ်ရမလည်းမသိလို့အကြံပြု ကြ...
ဖြေကြားချက် 7 ခု
ရေပန်းစားသော အကြောင်းအရာများ