အမြစ်ကပုပ်ပြီးရွက်ခြောက်လာလို့ပါ ဘာလက္ခဏာလည်းသိချင်လို့ပါ သိသူများဖြေပေးကြပါအုံး
အပင်က ဒီရောဂါတိုက်ခိုက်ခံရပြီဆိုရင်ရုတ်တရက် ခြောက်လာမယ် အကွက်လိုက်ခြောက်မယ်ပေါ့။ ထိပ်ဆုံးအရွက်က စညှိုးလာတာမျိုးတွေတွေ့ရမယ်။ အမြစ်ဆွဲနှုတ်ကြည့်တဲ့အခါ အမြစ်က မြေကြီးထဲပြတ်ကျန်ခဲ့မယ် ဘေးဘက်မြစ်မွှာတွေမရှိတော့ဘဲ မဲပုပ်နေတာမျိုးတွေပေါ့ ပုပ်နေတဲ့အမြစ်က နဲနဲကြွပ်ဆတ်နေတာမျိုးတွေတွေ့ရတတ်တယ် အပင်ရင်းမှာ အမြစ်တွေကွဲနေမယ်။မှိုမျှင်နဲနဲလည်းတွေ့ရမယ်။ ဒီလိုလက္ခဏာတွေတွေ့ရရင်တော့ Rhizoctonia bataticola ကြောင့်ဖြစ်တာပါ။ မျိုးစေ့လူးနယ်ဆေးတွေသုံးမှပဲရနိုင်ပါတယ်။ နောက်နှစ်မဖြစ်အောင်လို့ဆိုရင်တော့ ခုလိုနွေနေပူပူမှာ ထယ်နက်နက်ထိုးတာ၊သီးညှပ်စိုက်တာနဲ့ နှံစားသီးနှံတွေနဲ့ သီးလှည့်စိုက်တာတွေလုပ်ပါ။ ထရိုင်ဂိုဒါးမားမှိုနဲ့လူးနယ်စိုက်ပျိုးမယ်ဆိုရင်လည်း ဒီရောဂါကို ကာကွယ်နိုင်ပါတယ်။ အစ်ကို့ရဲ့ အပင်အခြေအနေနဲ့တိုက်ကြည့်ပါရှင့် ၊လက်လှမ်းမှီသလောက်တော့ ပြောပြလိုက်ရပါတယ်။
ကျနော့်ပဲတွေလဲ ဒီလိုဖြစ်နေတာ
ဆက်စပ်မေးခွန်းများ
ဒါကဘာရောဂါလည်းဗျ
ဖြေကြားချက် 3 ခု
ပဲတောင့်ရှည် စိုက်မယ့်မြေကို ကြိုတင် ပြုပြင်ထားချင်လို့ပါ အဲဒီမြေမှာ အနည်းငယ်တော့စိုက်ဖူးပါတယ် ဒါပေမဲ့ အပင်ဘက်...
ဖြေကြားချက် 7 ခု
တိုင်ထောင်ပဲသိပ္ပံနာမည်
ဖြေကြားချက် 2 ခု
အရွက်ပေါ်မှာ အဖြူ အကွက်ပြောက်ကလေးတွေ တွေ့ရတယ်ဗျ ရောဂါကြောင့်လား ပိုးမွှားကြောင့်လား လမ်းညွှန်ပေးပါလားခင်ဗျာ
ဖြေကြားချက် 15 ခု
အရွပေါ်မှာ အဖြူ အပြောက်တွေ တွေ့နေရတယ်ဗျ ရောဂါလား ပိုးမွှါးလား သီးနှံအတွက် အန္တရာယ်ရှိနိုင်ပါသလားခင်ဗျာ မည်သို့...
ဖြေကြားချက် 7 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။