အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zuly phyo
zuly phyo 986
လွန်ခဲ့သော ၆ နှစ် က · ဒက္ခိဏသီရိ

ပင်စည်နီမတုတ် အကြောင်းသိချင်လို့ပါ

ပိုးမွှားရောဂါ စပါး စပါးနီမတုတ်
1

ဖြေကြားချက် ၁ ခု

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၆ နှစ် က

စပါးရွက်ဖျားဖြူရောဂါ ဖြစ်စေတဲ့ နီမတုတ်ပါ။ မျိုးစေ့ဆောင်နီမတုတ်ရောဂါတစ်မျိုးပါ။ စပါးမျိုးစေုကို စိုက်တဲ့အခါ မျိုးစေ့ထဲက ငြိမ်နေတဲ့နီမတုတ်က အသက်ဝင်လာပြီး ပျိုးပင်တွေရဲ့ ရွက်နုကြားမှာနေပါတယ်။ ပြီးတော့ ပင်စည်အပေါ် အဆစ်အနီးတဝိုက်က ကြီးထွားတစ်ရှူးကို အပြင်က စားပါတယ်။ရလာဒ်အနေနဲ့ အရွက်ဖျားဖြူလာပြီး လိမ်ကောက်ခြောက်သွေ့သွားပါတယ်။စိုက်ပြီး ၂-၃ လ အတွင်းတွေ့ရပါတယ်။နောက်ဆက်တွဲ အလံရွက်တွေ လိမ်ကောက်ပြီး အနှံမထွက်နိုင်ဖြစ်ပါတယ်။ အနှံထွက်ရင်လည်းသေးပြီးအစေ့အဆန်မတည်ပါ။ရွက်ဖုံးပေါ်မှာ ယူဖရာရောဂါလို အစက်အပြောက်တွေ မတွေရပါဘူး။ရောဂါဖြစ်စေတဲ့သက်ရှိက Aphelenchoides besseyi ပါ။ များသောအားဖြင့် တောင်ယာ၊ဆည်ရေသောက်နဲ့ ရေနက်တဲ့နေရာတွေမှာ အဖြစ်များပါတယ်။‌ပင်ပွားများထက် မူလပင်စည်မှာ ပိုတွေ့ရပါတယ်။ရွက်ဖုံးကတဆင့်အနှံမထွက်ခင် အတွင်းကိုဝင်ရောက်ပြီး အနှံကို ထိခိုက်စေပါတယ်။စပါးခွံနဲ့အဆန်ကြားမှာ ခွေပြီးနေထိုင်ပြီးစိုက်ပျိုးချိန်ရောက်မှ ဖျက်ဆီးပါတယ်။ မျိုးစပါးဆားရည်စိမ်နည်းနဲ့ စိမ်ပြီးမှ စိုက်ပါ။မျိုးအဖြစ်သုံးခြင်းမှရှောင်ပါ။ white top nematode. မျိုးစေ့ဆောင့်နီမတုတ်ရောဂါလို့လည်းခေါ်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။