အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sai Nyein Chan
Sai Nyein Chan 4,367
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆိုတော့ တကယ့်တကယ်စိုက်ခင်းအတွေ့အကြုံတွေမရှိပါဘူး။ အစ်ကိုတွေ အစ်မတွေတင်တာနဲ့ စာဖတ်လေ့လာတာနဲ့ပေါင်းပြီး ဒီလိုပဲလျှောက်လျှောက်စဉ်းစားတတ်လို့ပါ။ ကျွန်တော်စဉ်းစားမိသလောက်က: ၁။ အချိန်အပေါ်မှာမူတည်သလားပေါ့ (မနက်ခင်းနေမထွက်ခင်တို့၊ ညနေစောင်းတို့၊ ညမလောင်းရဘူးတို့) ၂။ ရာသီဥတု (ပတ်ဝန်းကျင်အပူချိန်) နဲ့များဆိုင်မလားပေါ့ (မိုးတွင်းဆိုလျှော့လောင်းတို့၊ နေပူနေရင်မလောင်းနဲ့ဦးတို့၊ အရမ်းအေးနေတာမလောင်းရဘူးတို့) ၃။ ဒါမှမဟုတ် အပင်စိုက်ထားတဲ့မြေအပေါ်မှာမူတည်နေသလားပေါ့ (မြေ‌‌ခြောက်နေရင်လောင်းရမယ်တို့၊ မြေစိုနေသေးရင် လောင်းစရာမလိုဘူးတို့) ၄။ နောက်တမျိူးက အပေါ်ကအချက်တွေဘယ်လိုဖြစ်နေပါစေ သူ့လောင်းချိန်ကျလာရင်လောင်းရတာလားပေါ့ (ဥပမာ ၈နာရီခြားတခါတို့၊ ဘာတို့ပေါ့) ၅။ နောက်တစ်ခုက အပင်‌လဲလူတွေလိုပဲ အကြိုက်ကိုယ်စီရှိကြပြီး ရေကြိုက်ရင်ကြိုက်တဲ့အလျောက်ပိုလောင်းပေးရတာမျိုးလားပေါ့ (ဒါပေမယ့်အဲလိုအကြိုက်ဆောင်ပြီးလုပ်ပေးရတယ်ဆိုရင်တောင် ဘယ်အချိန်မှာလောင်းတာအကောင်းဆုံးလဲဆိုတာကို သိချင်တာကိုး) ၆။ ကျွန်တော်မစဉ်းစားမိတဲ့တခြားအချက်တွေအပေါ်မှာမူတည်တာလားပေါ့ အစ်ကို၊အစ်မတို့... ညီငယ်၊ ညီမငယ်တို့... ဆရာတို့... တစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျ။

စိုက်ပျိုး ရေ ဟင်းနုနွယ်
4

ဖြေကြားချက် ၄ ခု

Sai Nyein Chan
Sai Nyein Chan 4,367 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ

အမည်မသိ
အမည်မသိ 464 လွန်ခဲ့သော ၆ နှစ် က

ရေက အပင် အမြစ် အစာရှာဖို့အတွက်လုံးဝအထောက်အကူဖြစ်စေပြီး ညဘက်မှာအစာရှာပါတယ် နေ့ဖက်မှာတော့ နေရောင်နဲ့အစာချက်တယ် ဒါက မတူညီတာတွေတော့ အပင်လိုက်ကွဲခြားနိုင်ပါတယ်

Sai Nyein Chan
Sai Nyein Chan 4,367 လွန်ခဲ့သော ၆ နှစ် က

မဟုတ်ဘူးအကို ကျွန်တော်က တစ်ပင်ကိုတစ်မျိုးကြီးမမှတ်ချင်လို့။ ယေဘုယျဆန်ပြီးအပင်တော်တော်များများအတွက်မှန်နိုင်တဲ့အဖြေမျိုးသိချင်တာခင်ဗျ။ အဓိကသိချင်တဲ့အချက်က ရေက‌ရမယ့်အပင်အတွက်အာဟာရကို ပုံမှန်ဆိုရင် အပင်ရဲ့အမြစ်တွေက ဘယ်အချိန်မှာအကောင်းဆုံးစုပ်ယူစားသုံးကြလဲသိချင်တာပါ။

အမည်မသိ
အမည်မသိ 464 လွန်ခဲ့သော ၆ နှစ် က

ဘာအပင်လဲမသိ ဘူးပင်လား ခရမ်းပင်လား ငြုပ်လား ခွဲမေးမှရမယ် စလပ် မုန်ညှင်း သူ့ပုံစံနဲ့သူပေါ့ နှင်းဆီခင်းဆို နွေတမျိုး ဆောင်းတမျိုး မိုးရာသီတမျိုးပေါ့ဟ ခုမေးခွန်းက မေခွန်းသတ်တယ် ပညာရှင်များသာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

လေ့လာဖူးသလောက်ပေါ့နော် ‌မြေဆီမြေလွှာကောင်းအောင် သဘာဝနည်းကျပြုပြင်ယူကြတဲ့အခါမှာ ကိုယ်ဖြစ်လာစေချင်တဲ့ NPK အချိုး...

ဖြေကြားချက် 4 ခု

hello. မင်္ဂလာပါ။ ကျနော်မေးချင်တာ တကယ်ကိုအရေးကြီးပါတယ်။ အခုမြန်မာနိုင်ငံမှာ လုံးဝ Organic ကိုမသွားနိုင်သေးပါ...

ဖြေကြားချက် 2 ခု

စာအုပ်စင်က စာအုပ်များကို ဘာ application နဲ့ဖတ်ရတာလဲဗျ

ဖြေကြားချက် 2 ခု

အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါး...

ဖြေကြားချက် 1 ခု

ကျွန်တော်ကစိုက်ပျိုးရေးကို တကယ့်မြေပြင်မှာ ထဲထဲဝင်ဝင်လုပ်‌နေတဲ့သူ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်မကြာခဏကြားဖူးနေတာတ...

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။