ဖြေကြားချက် ၂ ခု
မြေခံမှာမြေသြဇာ(၂)မျိုး ထည့်ပေးသင့်ပါတယ်။ ပျော်ဝင်မှုနှေးတဲ့ ဖော့စဖိတ် (တီစူပါ) ကို အိတ်ဝက် (၁ဧက) ထည့်ပေးရပါမယ်။ စပါးပင်ဟာ သက်တမ်း ငယ်စဉ်မှာ ဖော့စဖိတ် (တီစူပါ) ဓာတ်ကို အများဆုံးလိုအပ်ပါတယ်။ ငယ်စဉ်မှာ ပြည့်ပြည့်ဝဝ ရထားရင် နောက်ပိုင်းမှာလည်း အမြစ်ကစုပ်ယူထားတဲ့ ဖော့စဖိတ်ဓာတ်ကို အပင်အတွင်း လိုအပ်သလို ရွှေ့ပြောင်းနိုင်တာမို့ မြေခံမှာအပြည့်အဝ ထည့်ပေးဖို့က အရေးအကြီးဆုံးပါပဲ။ မြေခံမှာ မထည့်ဖြစ်လိုက်ဘူးဆိုရင်တောင် အပင်ငယ်စဉ်မှာ တတ်နိုင်သမျှစောစော ထည့်ပေးသင့်ပါတယ်။ ပိုတက်(ရှ်)ကိုလည်း မြေခံမှာ အိတ်ဝက် (၁ဧက) ထည့်ပေးသင့်ပါတယ်။ မိမိရဲ့ စိုက်ခင်းအခြေအနေပေါ်မူတည်ပြီး နှုန်းထား ပြောင်းလဲနိုင်ပါတယ်။
ကျနော်တော့ စပါးမှာဆို ဂျစ်ပဆမ် ၂၅ကီလို ဖော့စဖိတ် ၂၅ကီလို ပိုတက် ၁၂ကီလိုထည့်တယ်ဗျာ
ဆက်စပ်မေးခွန်းများ
စပါးအတွက် မြေဆီလွှာကောင်းအောင် ဘယ်လိုမြေဩဇာကိုသုံးသင့်ပါသလဲ
ဖြေကြားချက် 5 ခု
စပါးမကျဲခင် မြေပြင်ပုံ _ဘယ်လိုချိန်မှာထွန်ပြီး ကျဲဒါက မိုင်းမရွာခင် ကျဲထားရမှာလားဗျ တစ်ခါမှ မလုပ်ဖူးလို့ပါ ကျဲ...
ဖြေကြားချက် 1 ခု
စပါးကြဲခင်း ရက် ၂၀ သားရှိပြီဗျ.အပင်သေးလှီနေလို့ပါ။ ဘယ်ဆေးအသုံးပြုရမလဲပြောပေးပါဦးဗျ
ဖြေကြားချက် 5 ခု
လယ်လုပ်ငန်း စတင်ဖို့ အချိန်ပြီဖြစ်လို့. မိတ်ဆွေများကို အကြံညဏ်တောင်းခံလိုပါသည လယ်မြေက ထယ် မလှန်ရသေးဘာ(မြေမလှန်...
ဖြေကြားချက် 2 ခု
စပါးစိုက်ရင် ဘာမြေသြဇာထည့်ရင်ကောင်းသလဲ
ဖြေကြားချက် 1 ခု