အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ကြက်သွန်နီ စိုက်ရန်အတွက် လိုအပ်သည့်အချက်အလက်များ သိရှိလိုပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်။ စစ်ကိုင်း...

ကြက်သွန်နီ စိုက်ရန်အတွက် လိုအပ်သည့်အချက်အလက်များ သိရှိလိုပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ် ညောင်ပင်သာရွာ ဦးခင်မောင်မြင့်

စိုက်ပျိုးနည်း စားဖိုဆောင်
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

စိုက်တဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီး စိုက်စနစ်ကွာပါတယ် ဥစား /အမြိတ်စား / မျိုးစေ့ယူရန် ဆိုပြီး ၃ မျိုး ဥ စားအတွက် အစေ့တိုက်ရိုက်စိုက်နဲ့ ပျိုးထောင်စိုက် ၂ မျိုး ထယ်ရေး နုညက် ပေါင်းကင်းစင်ရမယ် ထယ်ရေးပြီး မြေပြင်ညီညာအောင် လုပ်ပြီး ရေသွင်းလမ်းဖော်ပါ အနံ ၄- ၅ ပေ နဲ့အလျား စိတ်ကြိုက် စိုက်ခင်းဘောင်နှုတ်ခမ်း ကန်သင်းဖော်ပါ မစိုက်မှီ စိုက်ခင်းအကွက် ရေဝအောင်သွင်းပြီး စိုက်ခင်း မြေနင်းခံနနိုင်ချိန် ကောက်ရိုးအထူ ၂-၃ လက်မ စိုက်ဘောင်ပေါ် ညီအောင်ဖြန့်ခင်းပါ ပြီးမှ ကောက်ရိုးကြားမှ မြေသို့ အပေါက်ဖောက် တွင်းငယ်လုပ်ပြီး ကြက်သွန်ပျိုးပင်ကို စိုက်ပါ ပျိုုးပင်အမြစ် ၁ လက်မသာချန်ပြီး တွင်းထဲချစိုက်ပါ ပျိုးပင်အမြစ်တွေကိုပဲ မြေဖုံးဖိပေးပါ ဒါဆို ကောက်ရိုးတွေကြား ကြီးလာတဲ့ ကြက်သွန် ဥငယ်ကို တွေ့ရမှာပါ စိုက်တဲ့အခါ ၄x၃ သို့ ၆ x ၄ နဲ့ စိုက်နိုင်ပါတယ် ရေသွင်းစရိတ် မြေဖွစရိတ် ပေါင်းနှုတ်စရိတ်များ သက်သာပါတယ် မြေသြဇာအဖြစ် ကောင်းစွာဆွေးမြေတဲ့ နွားချေးမြေသြဇာကို တစ် ဧက နွားလှည်း ၁၀ စီး ထည့်သင့်ပါတယ် မြေခံ P နဲ့ k အိတ်ဝက်နဲ့ ယူရီးယား တအိတ်ကို မြေခံ တစ်ဝက်ထည့့် ပြီး ကျန်မြေသြဇာကို စိုက်ပျိုးတဲ့မျိုးနဲ့ ရည်ရွယ်ချက်မူတည်ပြီး ခွဲထည့် ရပါမယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။