ဖြေကြားချက် ၁ ခု
နှမ်းပင်သည် ရေသွင်းထုတ်ကောင်းမွန်သော မြေကို ကြိုက်နှစ်သက်ပါသည်။ သဲမြေထိကို စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ ဥပမာ မကွေးနယ်ဘက်မှ မြေများသည်။ သဲဆန်လွန်းသော မြေဖြစ်သော်လည်း ကောင်းမွန်စွာ ရှင်သန် ဖြစ်ထွန်းကြောင်း တွေ့ရှိရပါသည်။ ဆန့်ကျင်ဘက် အနေဖြင့် ရွှံ့စေးဆန်သော မြေဖြစ်လျင် ရေသွင်းထုတ်ညံ့ခြင်းကြောင့် ရိုးမည်းရောဂါ အလွယ်တကူ ဝင်ရောက်ပြီး သေတတ်ပါတယ်။ ထို့အပြင် အချို့မြေများမှ မိုးရွာပြီးနောက် မြေထိပ်တင်းလွန်းသော မြေများဖြစ်လျင်လည်း နှမ်းပင်ဖြစ်ထွန်းမှုကို ထိခိုက်စေပါသည်။ နှမ်းစိုက်ပြီး အပင်ပေါက်ငယ် အရွယ်တွင် မိုးရွာပါက အပင်များခါးကျပ်ပြီး နှမ်းပင် ဖြစ်ထွန်းမှုကို ထိခိုက်စေတတ်ပါတယ်။ ထို့ကြောင့် ရွှံ့စေးဆန်လွန်းလျင်တော့ သဘာဝမြေသြဇာ၊ ဆပ်ဖွဲပြာ၊ စပါးခွံစိမ်း၊ သစ်ရွက်ဆွေးများများ ထည့်ပြီး စိုက်ပျိုးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းစိုက်ပျိူးမှု
ဖြေကြားချက် 1 ခု
နှမ်းပင်တွေ ဘာကြောင့် ဖိုရပါသလဲ ဆရာ
ဖြေကြားချက် 1 ခု
running feetအကြောင်းသိချင်ပါတယ် နှမ်းအတွက်ပါ။
ဖြေကြားချက် 0 ခု
နေကြာက10လပိုင်းခုချိန်စိုက်ရင်ရလား ဘယ်လတေမာစိုက်တာအကောင်းဆုံးလဲ မြေနီတွေမာနေကြာအပွင့်မကြီးတာဘာကြောင့်လဲ အရေး...
ဖြေကြားချက် 3 ခု
မြေနီကထုံးထည့်ရင်ကောမြေပြုပြင်လို့ရလား ထယ်ထိုးပြီးemရည်ဖျန်းရင်ကောဆင်ပြေလား ဘယ်လိုလုပ်ရင်မြေကောင်းနိုင်လဲ ကုန်...
ဖြေကြားချက် 3 ခု