အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်မင်း
လွန်ခဲ့သော ၆ နှစ် က · ရေစကြို

ခရမ်းသီး သီးလုံးဖောက်ပိုးတွေ ကြနေလို့ ဘာဆေး သုံးသင့်သလဲဗျ

ပိုးမွှားရောဂါ ခရမ်းသီး
3

ဖြေကြားချက် ၃ ခု

ရန်မင်း
ရန်မင်း 2,282 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်ဗျ

မောင်ကျော်ဇင်လင်း
မောင်ကျော်ဇင်လင်း 873 လွန်ခဲ့သော ၆ နှစ် က

၁။ Carbosulfan ၂။ Cypermethrin ၃။ Abamectin စတဲ့ဆေးတွေကို အညွှန်းအတိုင်းဖျန်းပေးပါ။ ၂နဲ့၃ကို စျေးကွက်ထဲမှာ ရွှေဆိုက်ပါ၊ ဒီမွန်အမည်နဲ့ ဝယ်ယူနိုင်ပါတယ် သတိပြုရမယ့်အချက်အနေနဲ့ ခရမ်းခေါင်ညွှန့်နှင့်သီးထိုးပိုးဟာ မနက်စောစောအချိန်မှာ ထွက်လေ့ထွက်ထရှိတာကြောင့် ဆေးဖျန်းလျှင် မနက်စောစောဖျန်းပေးပါခင်ဗျာ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ပိုးထိုးထားတဲ့ အသီးတွေ အရင်ကောက်ယူဖျက်ဆီးပါ အခင်းဘေးနားပတ်ချာလည်ပေါင်းပင်တွေ ရှင်းလင်းပါ ပိုးသတ်ဆေးသုံးမယ်ဆို Indoxacarb, Emamectin Benzoate, Chlorpyrifos စတဲ့ဆေးတွေသုံးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။