မင်္ဂလာပါ ဆရာ ငရုပ်သီး အပင်ညို့ ၊ရွက်ဝါ ၊ အသီးကြွေ၊ အဲဒါက ပိုးကြောင့်ဖြစ်နိူင်လာမှိုရောဂါလား ဖျန်း သင့်တော့ ဆေးများနဲ့ ရောဂါ ကာကွယ်ကုသာ နိူင်မဲ့ ဆေးညွန့်လေးကို အသိပညာပေး မျှဝေပေးပါဆရာ
သရစ်ပိုး ကျရောက်မှု့ ဖြစ်နိုင်ပါတယ်။ အရွက်များ ကိုဖျက်ဆီးသဖြင့်ငွေရောင်အကွက်အပြောက်များ ဖြစ်နေမည်။ များစွာ ကျရောက်ပါက အပင်နုဖြစ်လျှင် အရွက်ညိူးခြောက်နိုင်သည်။ရံဖန်ရံခါတစ်ပင်လုံးသေနိုင်သည်။ ကာကွယ်နိုင်ရန် အက်ဆင့်(Ascend 50SC) ၁ဧက ထမင်းစားဇွန်း (၂၀) နှင့်အရွက်နှံအောင်ဖြန်းပေးပါ ။ သို့မဟုတ် တမာပိုးသတ်ဆေးရည်ကို ရေ(၁)ဂါလံတွင် ထမင်းစားဇွန်း (၆၀) နှုန်းထည့်၍ တစ်ပတ် တစ်ခါ မှန်မှန် ဖြန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုတ်ပင်တွေ အရွက်ကြွေကျပြီ အပင်တွေ ရဲနေတာ ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 0 ခု
အပင်တွေကုပ်နေတာဗျကူညီကြပါအုန်းဘာဆေးသုံးရမလဲကူညီကြအုန်းဗျသိရင်မျှဝေခဲ့ကြပါနော်
ဖြေကြားချက် 3 ခု
ကျွန်တော့် ငရုပ်ပင်တွေ ကိုင်းခွလေးတွေမှာ ဒီလို ပိုကိုက်နေလို့ နည်းလမ်းလေး နဲ့ သုံးသင့်တဲ့ ပိုးသတ်ဆေးလေး ပြောပြ...
ဖြေကြားချက် 2 ခု
ငရုတ်ပင်တွေရွက်ပြောက်တွေကျနေလို့ပျောက်အောင်ဘာဆေးသုံးရမလဲ ဒေါင်းစိပ်ကျတရ်လို့လဲပြောကြတရ် ဆေးလေးဖြစ်ဖြစ်နည်း...
ဖြေကြားချက် 2 ခု
ဆရာတိုပျိုးပင်ကအားကောင်းနေတော့အရွက်တွေကုဒ်နေတာဘာဆေးဖျန်ရမလည် ဘာရောဂါလည်ဆရာတို
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။