အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · မြစ်သား

နမ်းပင်းအသီးကောင်းအောင်လုပ်နည်းလေသိချင်ပါတယ်

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

၁။ ထယ်ရေးနက်နက်ထိုးပါ(နှမ်းပင်ရဲ့အမြစ်က ၁ ပေခွဲထိရှည်ပါတယ်)..၂။တန်းကြား..၁၅လက္မ (ကိုင်းဖြာမျိုး)..၁၂လက္မ(တပင်တိုင်မျိုး) ထား​ပြီးစိုက်ပါ။..၃။ပုလဲမြေသြဇာ ၂၈ပေါင်ကိုမြေပြင်ချိန်မှာထည့်ပါ။ဒုတိယအကြိမ်ပုလဲ ၂၈ပေါင်ကိုနောက်ဆုံးကြားပေါင်းလိုက်ချိန် (၁လသားခန့်)မှာထည့်ပေးပါ။..ပုလဲ+လက်ချားရွက်ဖျန်းဆေးကိုပန်းစပွင့်သည်မှသီးကင်းဝင်ချိန်ထိ ၂ကြိမ်..၃ကြိမ်...၇ရက်ခြားတစ်ခါဖျန်းပေးပါ။(ရွက်ဖျန်းမြေသြဇာဖျန်းရာတွင်မနက် ၈နာရီမှ၁၁နာရီအတွင်းဖျန်းရပါမည်၊ညနေပိုင်းမဖျန်းရပါ၊နော်ဇယ်ခေါင်းကိုပက်လက်အနေထားဖြင့်အရွက်အောက်မျက်နှာပြင်ကိုရွှဲစိုအောင်ဖျန်းရပါမည်) ၅။ဂျစ်ပဆမ်ကျောက်မှုန့် တစ်ဧက၂အိတ် (25kgအိတ်)ထည့်ပေးပါ. ၆။အပင်ကြီးထွားစဥ်ကာလ(ပန်းမပွင့်ခင်)တွင်ငါးအမိုင်နိုအက်စစ်၂ကြိမ်ခန့်ဖျန်းပေးပါ။ ၇။အပင်သက်တမ်းတစ်လသားအတွင်းပေါင်းပြောင်အောင်ရှင်းပေးပါ။ ၈။အပင်မှုန်း / သားခွဲပေးပါ။ပက်ပက်စက်စက်မှုန်းပါ။မနှမြောပါနဲ့။တစ်ပေမှာ ၃မြုံ...တစ်မြုံမှာအသန်ဆုံးအပင်၂ပင်..၃ပင်ဘဲထားပါ။ ၉။တီဆူပါ ၅၆ပေါင်,ပိုတက်ရ်ှ ၂၈ပေါင် ​မြေပြင်ချိန်မှာထည့်ပေးပါ(နှမ်းခါပြီးပါကနှမ်း ရိုးတွေကိုနွားစာစဥ်းစက်နဲ့ဖြတ်တောက်ပြီး စိုက်ခင်းမှာပြန်ထည့်ပေးပါ) ၁၀။အပင်ကြီးထွားစဥ်ကာလ,ပန်းဖြိုင်ဖြိုင်ပွင်ချိန်နဲ့အသီးဝင်ချိန်တွေမှာအစိုဓာတ်ရှိရပါမယ်(မရှိပါကရေသွင်း ပေးရန်) ၁၁။ပိုးကာကွယ်ဆေးများကြိုတင်ပက်ဖျန်းရန်(တမာပိုးကာကွယ်ဆေးကို ၇ရက်တစ်ကြိမ်ဖျန်းပေးသင့်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။