Kaung Htet Aung
ဆိုင်ပိုင်ရှင် · ပျော်ဘွယ်
အပင်ကိုရေလောင်းပေးပါဗျ ကိုင်းမလိုတာတွေ ချိုင်ပေးပါ ကွန်ပေါင်းမြေသြဇာ ကျွေးကြည့်ပါဗျ
ဒန့် သလွန် ပန်းပွင့်ပြီး အသီးမသီးပါ ဘယ်လိုလုပ်ရမှာလဲ
NPK မှာ P နဲ့ K အချိုးများတာကို သုံးကြည့်ပါလားဗျ ပိုးအတွက်က ပိုးအမျိုးအစားပြပီး ဆေးဆိုင်မှာ မေးဝယ်နိုင်ပါတယ်ဗျ
သံပုရာပင်အတွက် ဘယ်လိုအဟာရတွေလိုအပ်လဲခင်ဗျ နောက်အရွက်တွေလိပ်နေတယ် အရွက်တွေကိုလဲ ပိုးစားနေတယ်ခင်ဗျ
အပင်အသက်ကနုပီး မြေဆီကျွေးတာ များတာဖြစ်နိုင်တယ်ဗျ
ဒီ အလုံးလေးတွေထဲမှာ ဘယ်လို အားဟားရတွေပါဝင်းပါသလဲ အပင်းလေးတွေတစ်ပတ်လောက်ဆို ပင်စည်ကကိုင်းပြီအရွက်တွေကညှိုးပြီးသေသေသွားတယ်
အော်ဂဲနစ်ပိုးသတ်ဆေးဆို တမာ သို့ ကြက်သွန်ဖြူ တို့ကို ၅ဂါလန်ဆေးပုံးအတွက် 500cc(လီတာဝက်) သုံးနိုင်ပါတယ်ဗျ
ပဲတောင့်ရှည်နဲ့ရုံးပတီအတွက်သဘာဝပိုးသတ်ဆေးသုံးချင်ပါတယ်ခင်ဗျာ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံး မိတ်ဆွေတို့ 'ထိပ်ပိုး သီးလုံးဖောက်ပိုး'ရွက်စားပိုး'ရွက်ထွတ်ပိုး စသည့်ပိုးမွှားများကိုနှိမ်နင်းနိုင်သော သဘာဝပိုးသတ်ဆေးကို ညွှန်ပြပေးပါဦး
ရပါတယျဗြ
အဆီဖိတ်နှင့် အနဲလိုအဟာရအားဆေးနှင့်တွဲဖျန်းလိုရပါသလား
အပင်ကိုကြည့်ပီး ဖြန်းနိုင်ပါတယ်ဗျ ပျမ်းမျှကတော့ ငါးအမိုင်နို ဇွန်း၂ဇွန်းဆို ရေတစ်လီတာ ဖြန်းကြပါတယ်ဗျ
ပိန်းပန်း အပွင့်အားကောင်းအောင် ငါးအမိုင်နိုဖြန်းလို့ရပါသလားခင်ဗျား။ ရရင် ဘယ်အချိုးစပ်ရပါသလဲခင်ဗျား။
၁၀ရက်လောက် စောင့်ကြည့်ပါလားဗျ ဘာကြောင့်လဲဆိုတာ တိတိကျကျသိဖို့ စောနေသေးလို့ဗျ
အရွှက်တွေဝါနေလို့ဘာဖြစ်တာလည်းဗျ
505 ကောင်းတယ်ဗျ အရွက်ပျောက်တွေက ရွက်ထွင်းပိုး(ပင်ရည်စုတ်ပိုး)ဆိုတော့ Abamectin အုပ်စုဆေး သုံးကြည့်ပါလားဗျ
ဘာဆေးသုံးရမလဲ အစ်ကိုတို့ ပိုးက မျိုးစုံ ကျနေတယ်ဗျာ။
အကိုင်းတွေပါ ခြောက်ကုန်ရင်တော့ စိုးရိမ်ရတယ်ဗျ မြေဆီကျွေးတာ များသွားတာထင်တယ်ဗျ
ကျိန်တော့ရှောက်ပင်ကိုင်းကူးပြီးစိုက်တာတနှစ်လောက်ပဲရှိသေးတယ် ပြီးခဲ့တဲ့လေးငါးရက်က ပုလဲမြေဆီလေးလက်တဆုတ်လောက်ကြွေးလိုက်တာ ရေလည်းနေ့တိုင်းလောင်းပါတယ် ဒါပေမဲ့အရွက်တွေကြွေကြနေတယ် သေနိုင်လားဗျ ပြေကြားပေးပါခင်ဗျ
အနည်းငယ် ထည့်သင့်ပါတယ် အရင်သီးနှံမှာကျဖူးတဲ့ မြေတွင်းပိုးအခြေအနေပေါမူတည်ပါတယ်ဗျ
စိုက်ဘောင်တွင်းမြေသြဇာနှင့်မြေအောင်းပိုးသတ်ဆေးထည့်ရပါသလား