အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Phyo Wai Htun

Phyo Wai Htun

တောင်သူ · မှော်ဘီ

1,804
လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဆရာ

အပင်ပုဆေးအနေနဲ့ နီယွန်ကိုဖြန်းလို့ရလားဗျ ဆလပ်မှာဖြန်းချင်လို့ပါ ရှည်မြောမြောတွေဖြစ်နေလို့။တုတ်တုတ်ဖားဖားလေးဖြစ်အောင်လို့။တခြားအပင်ပုဆေးတွေရှိရင်ညွှန်ပေးပါအုံးဆရာတို့ AI of Neon - Mepiquat Chloride

လွန်ခဲ့သော ၃ နှစ် က

အရွက်နုမှာ

အဲ့ဒါဘာပိုးလဲဗျ။ ဘယ်လိုဆေးတွေသုံးပီးနှိမ်နင်းလို့ရလဲ။

လွန်ခဲ့သော ၄ နှစ် က

နတ်ဆေး၊ဟီးရိုးတို့လိုရွက်ကပ်ဆေးတွေဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါတယ်။ဆေးအညွှန်းမှာသုံးစွဲနည်းဖတ်ပီး ဖြန်းပေးပါ။

ပိုးသတ်ဆေး မှိူရောဂါကာကွယ်ဆေးဖြန်းရာမှာကော်ရည်ရော်စပ်ပေးပါကအရွက်ပင်စည်တွင်ဆေးများဆွဲကပ်စေပြီးဆေးအာနိသင်ပို၍ထိရောက်သည်ဟုသိရပါတယ်ဟုတ်ရဲ့လား ကော်ရည်ဘယ်လိုလုပ်ဆောင်ပါသလဲ ဆေးဖြန်းပုန်းတစ်ပုံးကိုဘယ်လောက်ရောစပ်ရပါသလဲခင်ဗျား

လွန်ခဲ့သော ၄ နှစ် က

ရွက်ဖျန်းမှိုသတ်ဆေးတွေသုံးဖို့ အကောင်းဆုံးအချိန်

မိူဆေးဖြန်းရင် ဘယ်လိုai မျိုးကို အစိုဓာက်ရှိချိန်မှာ ဖြန်းပြီး ၊ ဘယ်လို aiမျိုးကို အစိုဓာက်မရှိချိန် ခြောက်သွေ့ချိန်မှာ ဖြန်းသင့်ပါသလဲဆရာကြီး

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကျေးဇူးပါဆရာ

ပုံမှာပါတဲ့အညွှန်းအတိုင်းဖျန်းရင်လောင်နိုင်လားဗျ။ ဆပ်ပြာများရင်လောင်တတ်တယ်လို့greenwayကဆရာတစ်ယောက်ဖြေထားဖူးလို့ အခုပမာဏကမုန်ညှင်းဖျန်းမယ်ဆိုလောင်နိုင်လားဗျ

လွန်ခဲ့သော ၄ နှစ် က

ပျိုးပီး ပြန်ခွဲစိုက်ထားတာ10ရက်ရှိပါပီ

ပုံမှာပါတဲ့အညွှန်းအတိုင်းဖျန်းရင်လောင်နိုင်လားဗျ။ ဆပ်ပြာများရင်လောင်တတ်တယ်လို့greenwayကဆရာတစ်ယောက်ဖြေထားဖူးလို့ အခုပမာဏကမုန်ညှင်းဖျန်းမယ်ဆိုလောင်နိုင်လားဗျ

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဖြန်းပီးသွားပါပီ မလောင်ပါဘူး ခုလိုဖြေကြားပေးတဲ့ဆရာအားလုံးကိုကျေးဇူးတင်ပါတယ်

တမာပိုးသတ်ဆေးနဲ့ပတ်သက်ပီးဖတ်မိတဲ့ဆောင်းပါးတွေမှာ ဆေးရာစပ်ဖျန်းနည်းကွဲနေလို့ဗျ။ ဆောင်းပါးတစ်ခုမှာ တမာရွက် ၆၀ကျပ်သားကိုရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးရေလေးဂါလံဖြစ်အောင်ရောဆပ်ပြာနဲ့မွှေ အပင်မှာဖျန်းခိုင်းပီးနောက်တစ်ခုမှာက တမာရွက် ၂၅ ကျပ်သားကို ရေတစ်ဂါလံနဲ့တစ်ညစိမ်ပီးမှ အဲ့ဒီစိမ်ရည်နို့ဆီဗူးတစ်ဗူးကို ရေလေးဂါလံနဲ့ရောပီးဖျန်းခိုင်းထားတယ်။ ဘယ်နည်းကပိုအဆင်ပြေနိုင်လဲဗျ။ သက်နုပင်ဆိုတော့လောင်မှာစိုးလို့ ကျေးဇူးပြုပီးဖြေကြားပေးပါအုံး ဆရာတို့

လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ကြောင်းတင်ချိန်ဆိုတာ အပင်စိုက်ပီး စိုက်ခင်းအပင်တွေ မြေမကျပ်အောင် မြေဆွတဲ့အချိန်ကိုပြောတာလားဗျ။ EMစူပါဘိုကာရှီကို မြေပြင်ချိန်နဲ့ကြောင်းတင်ချိန်မှာအသုံးပြုလို့ရတယ်လို့ဖတ်ဖူးလို့ ကျေးဇူးပြု၍ရှင့းပြပေးကြပါအုံးဗျ

လွန်ခဲ့သော ၄ နှစ် က

တင်လဲရည် သို့မဟုတ် ထန်းလျက် သို့မဟုတ် သကြားညိုတို့ကသုံးမျိုးစလုံးထည့်ဖို့ပြောတာမဟုတ်ပါဘူး အဲ့သုံးမျိုးထဲကကိုယ့်အတွက်ရှာရလွယ်မယ့်တစ်မျိုးမျိုးကိုသုံးဖို့ပြောတာပါ။ ခုလုပ်ထားတဲ့ဟာကိုဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိဘူးဗျ။ပညာရှင်တွေရဲ့စကားစောင့်ပါ

ငါးအမိုင်နိုလုပ်ကြည့်ပါတယ် တင်လဲဆိုတာမသိလို့ ခင်တဲ့အကိုတယောက်ကိုမေးကြည့်တာဘီအီးအရက်လို့ပြောပါတယ် ဂျင်းထည့်ခံလိုက်ရတာပါ ဒါပေမဲ့ ဘီအီးမရှိတော့ တောအရက်ထည့်လိုက်ပါတယ် အဲဒါ သုံးလို့ရနိုင်သလား သွန်ပဲပစ်ရမလား သိတဲ့ဆရာများ အကြံပေးကြပါအုံး ငါး တစ်ပိဿာငါးဆယ်သား ထန်းညက်တပိဿာငါးဆယ်သား သကြား တပိဿာငါးဆယ်သား အချိုရည်တဗူး ထည့်ထားပါတယ် ဘယ်လိုလုပ်ရင်ကောင်းမလဲပြောပြကြပါအုံး😞😞😞

ငါးအမိုင်နိုအက်စစ်
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။