အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Myo Min Aung

Myo Min Aung

စိုက်ပျိုးရေးပညာရှင် · ပျဉ်းမနား

522
လွန်ခဲ့သော ၆ နှစ် က

ဖြေတာနောက်ကျသွားလို့ တောင်းပန်ပါတယ် ။ မှိုသန္ဓေခဲချိန်မှာ အပူချိန်မြင့်ရင် ဖြစ်တတ်တာပါ။ မှိုဥကပြောင်ချောမနေဘဲ အနားစုတ်ဖွာနေတာမျိုးတွေ့ရတတ်ပါတယ်။ စိုက်ပြီး ၉ ရက် ၁၀ ရက်လောက်မှာ အပူချိန်သေခဖာထိန်းပေးပါ။

မှိုဥတွေမှာ အမျှင်ပြန်တက်တာဘာကြောင့်လဲ

လွန်ခဲ့သော ၆ နှစ် က

မှိုရောဂါကို အော်ဂဲနစ်နည်းနဲ့ ကာကွယ်ချင်ရင်တော့ မှိုနဲ့ပဲပြန်ကာကွယ်လို့ရပါတယ်။ ထရိုင်ကိုဒါးမားမှို လို့ခေါ်ပါတယ်။ မြေဆောင်မှိုရောဂါတွေအတွက် မြေထဲထည့်ပေးလို့ရသလို ရွက်ဖျန်းအဖြစ် သုံးလို့ရအောင် ထုတ်ထားတာရှိပါတယ်ခင်ဗျာ။

မှိုရောဂါကို အော်ဂဲနစ်နည်းနဲ့ကာကွယ်ချင်ပါတယ်

လွန်ခဲ့သော ၇ နှစ် က

မှိုက ပူအိုက်စွတ်စိုရာသီဥတုကိုကြိုက်ပါတယ်။ ပုံတွေကြည့်ရတာ အစိုဓာတ်နည်းနေပုံပေါ်နေတယ်။ဒုတိယပုံမှာကြည့်ရတာ အထုပ်သစ်ဖြစ်ပုံရတယ်။ အထုပ်သက်တမ်း ရာသီဥတုအနေအထားသိရရင် ပိုကောင်းမယ်။ ယျေဘုယျ ဆိုရင်တော့ အစိုဓာတ်နည်းနေပြီး ပုံတွေကြည့်ရတာ လေဝင်လေထွက်ကောင်းပုံမရဘူး။ အဓိကက အခန်းရဲ့အစိုဓာတ် လေဝင်လေထွက်ကောင်းနေရပါမယ်။ နေ့ည အပူချိန်ကွာခြားချက်မြင့်ရင်လာ်း ဖြစ်တတ်ပါတယ်။ အပြင်မှာမိုးရွာနေတယ်ဆိုပြီး ရေလောင်းရပ်လို့မရပါဘူး။ အသေးစိတ်အချက်အလက်သိရရင် အသေးစိတ် အကြံပြန်ပေးပါ့မယ်။

မုှိကအားမရလို့အခိုင်လည်းမကြီးဘူးဘာဖစ်လဲပြောပေးပါ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။