Kyaw Myo Htay
စိုက်ပျိုးရေးပညာရှင် · မုံရွာ
သက်တမ်း ရက်(၆၀) ရှိတဲ့ နှမ်းမျိုးတွေ တံတားဦး၊ မုံရွာဘက်မှာ ရှိပါတယ်။ တံတားဦးကတော့ "ကံရှိ" မျိုးလို့ခေါ်ကြပါတယ်။
သက်တမ်းအတိုဆုံးသက်တမ်းနုသက်ယဉ်နှမ်းမျိုးပြောပြပါ
မျိုးစေ့က အဆင့်တစ်ခုဆီနိမ့်သွားတဲ့အတွက် ကွဲပြားမှုရှိနိုင်ပါတယ်။ ထူးထူးခြားခြားကွဲပြားတာတော့ မဟုတ်ပါဘူး။ CS ကို နောက်သုံးလေးငါးရာသီလောက်အထိစိုက်ဆက်တိုက်စိုက်မယ်ဆိုရင် ကွဲပြားမှုက ပိုမိုသိသာပါတယ်။
BS,FS,RS,CS မျိုးစေ့အဆင့်များတွင်တစ်ခုစီအလိုက် ထွက်နှုန်း။ရောဂါဒဏ်။ရာသီဥတုဒဏ်ခံနိုင်မှု တစ်မျိုးစီကွံပြားမှုများရှိနိုင်ပါသလား ခင်ဗျာ။။
အကျိုးပြုအင်းဆက်ဟုတ်ပါတယ်။ လိပ်ခုံးကျိုင်းပါ။
ဘာပိုးလဲဗျ ပိုးစေးနဲလား အင်မီဒါ.၇၀wp နဲ့ ပိုးစိမ်းကောင်ရှိလို့ အီမာမက်တင်ဖျန်းမလို့ရလားဗျ
မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေဆိုရင် နွေပဲတီအတွက် မတ်လ၊ ဆောင်းပဲတီအတွက်ဆို နိုဝင်ဘာလက ပိုအဆင်ပြေပါတယ်။ ကျွန်တော့အတွေ့အကြုံအရပါ။
အပင်ကအရွက်တွေဝါပြီးခြောက်နေတယ်ဆရာဒီနှစ်အတွက်မမီတော့ရင်တောင်နောက်နှစ်အတွက်အသိပညာရအောင်လို့အကြံပြုပေးပါဦးခင်ဗျ
ပုံကနည်းနည်းဝါးနေတယ်ဗျ။ ထင်ထင်ရှားရှားနှစ်ပုံသုံးပုံလောက်တင်ပေးပါလား? အခုပံပါအတိုင်းဆို "ပိုးဥ" မဟုတ်ပါဘူး။ ပိုးကောင်ကို "မှို" က စားသောက်ဖျက်စီးတဲ့ပုံပါ။
ခုပိုးကဘာပိုးလဲဖြေပါဦးအန္တရယ်ရှိလား
ပုံပါအတိုင်းဆိုရင်တော့ ပင်စည်ထိုးယင်ကျတဲ့လက္ခဏာပါ။ အဆီတာမီပရစ် (သို့) ပင်လုံးပျံ့အာနိသင်ရှိတဲ့ ဆေးနဲ့ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ပဲတီစိမ်းပင်လေးတွေ ညိုးသေးကုန်တာဘယ်လိုဖြစ်တာလည်း ပီးတော ဘယ်ဆေးတွေဖြန်ရမလည်းဗျာ ကူညီပါဆရာတို့
ချက်ချင်းစိုက်လို့ရပါတယ်။ အပင်ပေါက်မကောင်းတာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ခြွေပြီးပြီးချင်း အပင်ပေါက်ရာခိုင်နှုန်း စမ်းကြည့်တာ ၉၀% အထက်မှာရှိပါတယ်။
ပဲတီစိမ်းခြွေလှေ့ပြီးချက်ချင်းစိုက်လို့ရလား တစ်ချို့လူတွေကပြောတယ်ချက်ချင်းစိုက်ရင်အပင်ပေါက်မကောင်းတာတို့အထွက်နှုန်းကျတာတို့ဖြစ်တက်တယ်တဲ့
မျိုးစေ့အဆင့် (၄) ဆင့်ရှိပါတယ်။ (၁) မိဘမျိုးစေ့ (Breeder Seed or BS) (၂) ဆင့်ပွားမျိုးစေ့ (Foundation Seed or FS) (၃) မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed or RS) (၄) စီးပွားဖြစ်မျိုးသန့်မျိုးစေ့ (Certified Seed or CS) တို့ဖြစ်ပါတယ်။
မျိုးေစ့များကို RS /CS အဆင့်အခေါ်သတ်မှတ်ကြပါတယ်။အရှည်ခေါက်နှင့်အဓိပါယ်ကို ဖေ့ါ်ပြပေးပါခင်ဗျာ။။။
ပုံထဲကအတိုင်းဆို ဆေးလောင်တဲ့ အနေအထားပါ။ (ဆေးနှုန်းထားများသုံးလို့ထင်တယ်) အပင်သက်သာအောင် အနည်းလိုအဟာရပါတဲ့အားဆေးနဲ့ ပိုတက်စီယမ်ပါတဲ့အားဆေးတွေဖျန်းနိုင်ပါတယ်။
ဘာရောဂါဖြစ်တာလဲခင်ဗျ...ဘာဆေးတွေ သုံးရမလဲခင်ဗျ...
ဓာတ်ပုံနှစ်ပုံသုံးပုံလောက်တင်ပေးရင်ပိုကောင်းတယ်ခင်ဗျ။ ဆေးလောင်တဲ့လက္ခဏာနဲ့ဆင်တယ်။ ဘာဆေးသုံးထားသေးလဲဗျ?
ဘာရောဂါဖြစ်တာလဲခင်ဗျ...ဘာဆေးတွေ သုံးရမလဲခင်ဗျ...