အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Daw Ei Ei Htwe

Daw Ei Ei Htwe

စိုက်ပျိုးရေးပညာရှင် · လှည်းကူး

754
လွန်ခဲ့သော ၃ နှစ် က

ပြည်ပန်းညိုပင်က ဒီလို အပင်မျိုးပါ။ အရွက်တွေက ထိပ်ဆိုင်ထွက်ပါတယ် ရွက်လွှဲမထွက်ပါဘူး။ အခုပြထားတဲ့အပင်က ရွက်လွှဲထွက်တယ်လို့ထင်ပါတယ်။

ဒီအပင် ပြည်ပန်းညို အပင် ဟုတ်မဟုတ် သိချင်လို့ပါ

လွန်ခဲ့သော ၅ နှစ် က

အပင်ပုံကို ဓာတ်ပုံရိုက်ပြရင်ပိုပြီးသိနိုင်ပါလိမ့်မယ် ဘောင်တင်ပြီးစိုက်တာဆိုရင် အစွန်ဆုံး အပင်ရဲ့အမြစ်က ရှေ့ဆက်သွားစရာမရှိဘူး အစာလည်းသိပ်မရဘူး ဒါကြောင့်သိပ်ပြီး မကြီးထွားနိုင်ဘူး အခုအရွက်ပုံမှာ အနည်းငယ်ဝါနေတယ် မြေသြဇာအရည်လောင်းပေးလည်းရင်အပင်သန်လာပါလိမ့်မယ် အဝါအပျောက်လေးတွေက မှိုရောဂါကျတော့မယ်လို့ယူဆရပါတယ် ၁ ရက် ၂ ရက် စောင့်ကြည့်ပြီး ပိုဝါလာတယ်ဆိုရင် အခြားအပင်တွေမကူးအောင် မှိုသတ်ဆေးတစ်မျိုးမျိုးတော့ဖျန်းပေးရပါမယ် စီးပွားဖြစ်မဟုတ်ဘဲ အိမ်စားဖို့အတွက်ဆိုရင် ဆေးမဖျန်းဘဲ အဝါရွက်တွေကို ကတ်ကြေးနဲ့ညှပ်ပြီးဖယ်ရှားလိုက်ပါ (အဆင်ပြေပါစေ)

ကျနော့်ဖရုံပင်လေးတွေမှာ အစွန်ဆုံးအပင်ကအကြီးဆုံးကနေ ယခု ဆက်မတက်တော့ပါ။ သူ့နောက်ကအပင်တွေကကျော်တက်သွားကြပါပြီ။ အညွန့်လေးတွေက အရောင်ဖျော့တော့တော့ဖြစ်နေပါတယ်။ အပင်အလယ်လောက်ကအရွက်ကြီးကိုသေချာကြည့်တော့ အဝါကွက်လေးတွေတွေ့ရပါတယ်။ အပင်ဆက်ကြီးထွားအောင် ဘယ်လိုလုပ်ပေးရမလဲ? ရောဂါကျတာဆိုရင်ရော ဘယ်လိုဖြေရှင်းရမလဲ ဆွေးနွေးပေးကြပါခင်ဗျ။ စီးပွားဖြစ် စိုက်ပျိုးခြင်းတော့မဟုတ်ပါဘူး

လွန်ခဲ့သော ၆ နှစ် က

ဟင်းသီးဟင်းရွက်သုတေသနဌာနကပါ ရန်ကုန်တိုင်းအတွက် မိုးရာသီမှာစိုက်မယ်ဆိုရင် အလွယ်တကူစိုက်လို့ရတဲ့ ကန်စွန်း ချဥ်ပေါင် ရုံးပတီ တိုင်ထောင်စိုက်လို့ရတဲ့ တိုင်ထောင်ပဲ သခွား ခဝဲ တို့ကိုစိုက်ပါ စင်ထိုးစိုက်မယ်ဆိုရင်တော့ ပဲလင်းမြွေ ကြက်ဟင်းခါး ဘူး ​ရွှေဖရုံတို့ကိုစိုက်ပေးပါ

အခုချိန်မိုးတွင်းမှာ ဘာဟင်းသီးဟင်းရွက် စိုက်လို့ရပါသလဲ ဖြေပေးကြပါ ဆရာတို့ ရန်ကုန်တိုင်းကပါ

လွန်ခဲ့သော ၆ နှစ် က

အပင်ပေါက်ရာနှုန်း စမ်းရပါမယ် တစ်ထုပ်မှာ အစေ့နည်းနည်းဘဲပါတယ်ဆိုရင် ၂၅ စေ့လောက် ကို ရေထဲမှာ ၄ နာရီကြာ စိမ်ပါ။ ပြီးရင်အဖုံးပါတဲ့ ကော်ဗူးတစ်ခုထဲမှာ တစ်ရှူး စက္ကူ ၄ ခေါက်လောက်ခေါက်ပြီး ဖြန့်ထည်ပါ။ ရေစိမ်ထားတဲ့မျိုးစေ့တွေကို ဇာဂနာ (သို့)လက်သန့်သန့်နဲ့ယူပြီး တစ်စေ့ချင်း စီစီရီရီ ထည့်ပါ တစ်စေ့နဲ့တစ်စေ့ ကပ်မထည့်ရပါ။ ရုံးပတီစေ့ကအပင်ပေါက် မြန်လို့ နောက်တစ်ရက်ဆို အညှောင့်လေးတွေပြူလာပါပြီ။ ၄ရက်-၅ရက်ကြာလို့မှ မပေါက်လာရင်တော့ မျိုးစေ့ ကြာနေပြီ ဖြစ်ပါလိမ့်မယ်။ လတ်တဲ့မျိုးစေ့တွေဝယ်စိုက်ပါ။

ရုံးပတီမျိုးစေ့ ၃ ထုတ်ဝယ်ပြီးစိုက်တာ လုံးဝ မပေါက်ဖူးဗျာ့ နည်းလမ်းလေးများပြောပြပေးပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။