Soe Min Mg
အခြား · ပြည်
နွားချေး/ကြက်ချေး ရရာ ၂တင်း စက်ဖွဲပြာ ၁တင်း သဲ/သဲနှုန်းက ပိုကောင်း ၂ပြည် ဝါးပင်တွေရှိရင် အဲ့ဝါးပင်အောက်က မြေကြီး၁ပြည်လောက်တူးပီးထည့် ဝါဖတ်/ပဲဖတ်/နှမ်းဖတ် ၁ပိဿာထည့် ဆန်ကွဲ နို့ဆီ၁ဗူး ဖွဲနု နို့ဆီ ၂ဗူး တင်လဲရည် ၃၀သား (နို့ဆီ၁ဗူး ခန့်မှန့်းခြေ) အီးအမ်(Em)1litre သစ်ရွက်ဆွေး (မြက်ခြောက်ပါရ) ၂အိတ် ကြက်ဥခွံ အမှုန့် ၅ကျပ်သား ခရုခွံကမာခွံ အရိုးမှုန့် ၁၀သား အဲ့ဒါအားလုံးကို သမအောင်မွေ ရေကို အစိုဓာတ်၆၅%ပေး(လက်နဲ့ဆုပ်ကြည့်လို့လုံးလို့ရပီး လက်ညိုးနဲ့ပြန်ထိုးကြည့်ရင် ပြန်ကွဲနိုင်ရမယ်) ရေနည်းရင် အချိန်ကြာမယ် ရေများရင် ပျက်တတ်တယ် အဲ့အပုံကို လေလုံအောင် ပလတ်စတစ် နဲ့ သေချာအုပ် ၃ရက်ခြား၁ခါ အထက်အောက်ပြန်လှန်ပေး...ရေအစိုဓာတ်နည်းနေရင် ပြန်လောင်းပေး အဲ့လို၅ခါလုပ်ပီး ၁၈ရက်နေရင် သုံးလို့ရပီ ရလာတဲ့မြေဆွေးကို စိုက်မယ့်မြေနဲ့ ၆ဆ၁ဆ ရောသုံး အလယ်အလတ် ဘိုကာရှီတော့ ရလိမ့်မယ်
သဘာဝမြေဆွေးဘိုကာရှီပြုလုပ်နည်းလေးလင်းပါအုန်း ဆရာတို့
သခွား၊ မုန်လာဥဖြူ ၊ ကြက်ဟင်းခါးသီး၊ ပဲစောင်းရမ်း စသဖြင့် ပဲခူးတိုင်းဘက်မှာတော့စိုက်ကြပါတယ်။ မုန်လာဥဖြူ ကတော့ ပုံမှန်ချိန်မှာဆို ဈေးကောင်းပါတယ်။
ဆောင်ရာသီမှာ ကောက်ပဲသီနှံမပါ ဟင်းသီးဟင်းရွက်သစ်သီးဝလံ သက်တမ်းတိုးဘာစိုက်ရင်ဝင်ငွေကောင်မလဲ