Ko Bo Bo
တောင်သူ · မြောက်ဦး
သနပ်ခါးကတော့ ရှောက်မျိုးရင်းထဲမှာ ပါတယ်ပြောပါတယ်။ ဒါကြောင့် ရှောက်လိမ္မော်အုပ်စုထဲကအပင်ကို အောက်ခံရွေးရင် ရနိုင်မယ်ထင်တယ်။
စကားဝါနဲ့ သနပ်ခါး မျိုးရင်းတူပီး လွယ်လွယ်ရနိုင်တဲ့အပင်လေး သိပါရစေ။ အောက်ခံပင် လုပ်ချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။
တမာပိုးသတ်ဆေးကိုပဲ တစ်ပတ်တစ်ခါ ပုံမှန်ဖြန်းပေး။ အနံ့နဲ့ အရသာကြောင့် ဘာပိုးမှ မလာဘူး။ ပုံမှန်ဖြန်းပေးဖို့ပဲ လိုတာပါ။
စကာပိုး ကျနေလို့ပါ ဘာဆေးဖြန်းရမလဲခင်ဗျ
များသောအားဖြင့်တော့ ၂ ပြန်လောက်သီးကျပါတယ်။ မြေခံကြောင့်လည်း ပါမလားတော့မသိဘူး။ မုံရွာဘက်ခြမ်းမှာတော့ ပိတောက်ရွှေဝါမျိုးကို စိုက်လာကြတယ်။ ပထမအသုတ်ခူးပြီး နောက်တစ်ပြန်စောင့်ဖို့လည်း တော်တော်ကြာတယ်။ ထူးခြားချက်က နာမည်နဲ့လိုက်အောင် အစိမ်းဖျော့ရောင်လေးရှိပြီး အပွင့်အသီးလည်း ဖျော့ဖျော့လေးပါပဲ။ အဝါရောင်မိုစိပ် ကိုလည်း ခံနိုင်ရည်မြင့်ပါတယ်။ အထွက်လည်း မဆိုးပါဘူး။ ရောင်းတန်းလည်း လှပါတယ်။
ပဲတီစိမ်း အမဲသီး မျိုး တစ်ထပ်ပဲ သီးတဲ့ မျိုးကို ဘယ်လိုခေါ်ပါသလဲ (ဥပမာ ဆင်းရတနာ 3 4 11 စသ ြဖင့်ပေါ့)။ ဘယ်မှာများရနိုင်ပါသလဲ ကျွန်တော်က ြပည် ြမို ့နယ်က ပါ ။
ဗေဒါနဲ့ နွားခေျးပဲ များများထည့်ရင် ရပါတယ်။ အပူထိန်းနိုင်အောင် နွားချေးပမာဏမြှင့်ပေးပါ။
ကောက်ရိုးမှိုကိုဗေဒါ နွားချေး ဂျပ်စက္ကူစိုက်ပျိုးရာမှာဂျပ်စက္ကူအစားဘယ်ကုန်ကြမ်းကိုအစားထိုးအသုံးပြုလို့ရနိုင်ပါသလည်း ဂျပ်တစ်ပိသားကို၆၀၀ကနေ၈၀၀အထိဈေးကြီးနေပြီးတော့ဝယ်ပဲဝယ်ပြီးပြန်မရောင်းပါဘူးဈေးဆိုင်များတွင်လည်းအရင်လိုဝယ်မရနိုင်လိူ့ပါ အစားထိုးနိုင်မယ့်ကူန်ကြမ်းလေးများရှိရင်လမ်းညွန်ပြီးစိုက်ပျိုးနည်းနှင့်တကွပြောပြပေးပါ
ကျေးဇူးပါဆရာ
#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း (သို့)သိပ္ပံနည်းကျလယ်ယာစိုက်ပျိုးခြင်းအတွက် ပျိုးထောင်ခြင်းအပိုင်း(၁) တောင်သူအများစု စပါးစိုက်ပျိုးရာတွင် အလွယ်ကူရိုးရှင်းဆုံးနည်းတစ်ခုဖြစ်တဲ့ မိရိုးဖလာပျိုးထောင်ခြင်းကို လုပ်ကိုင်ဆောင်ရွက်တတ်ကြသည်။ယခုဖော်ပြပါ ပျိုးထောင်နည်းများကို လက်ဝင်သည် အလုပ်ပိုသည်ဟု မြင်ကာ မလုပ်ကြပေ။အနည်းစုသာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ကြရသည်။ယခု တစ်ခါ တောင်သူမိတ်ဆွေ အချို့ မှ ထပ်မံတင်ပြပေးရန် တောင်းဆိုလာသည့်အတွက် အပိုင်းများဖြင့် တင်ပြပေးပါအုန်းမည်။တောင်သူမိတ်ဆွေ ဆရာကြီးများ ကျော်ခွသွားနိုင်ပါသည်။အကျိုးရှိမည်ဟု ထင်မြင်မိလျင် တောင်သူဂရုများဆီ shareပေးခြင်းဖြင့် ကူညီနိုင်ပါသည်။ ပျိုးထောင်ခြင်းအဆင့် (၃)မျိုး ပိုင်းခြားနိုင်သည်။ ၁။မိရိုးဖလာပျိုးထောင်ခြင်း ၂။ကုန်းပျိုးထောင်ခြင်း ၃။ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းဆိုပီး အပိုင်း(၃)ပိုင်းခွဲ လေ့လာနိုင်သည်။စပါးစိုက်တောင်သူတစ်ဦးအနေဖြင့် မိမိအဆင်ပြေရာနည်းကို အသုံးပြုနိုင်သည်။နံပါတ်(၁)သည် တောင်သူအများစု လုပ်ကိုင်ဆောင်ရွက်ကြသောကြောင့် အထူးရေးသားရန် မလိုတော့ပေ။သို့သော် ၎င်း၏ကုန်ကျစရိတ်ကို ထည့်ရေးပြပါအုန်းမည်။မိရိုးဖလာပျိုးထောင်နည်းသည် မျိုးစေ့ပမာဏ အားဖြင့် တစ်ဧကလျင် အနဲဆုံး ၂ တင်းမျှထောင်ရသည်။တန်ဖိုးငွေအားဖြင့် (၄၀၀၀၀)ဝန်းကျင် ကုန်ကျမည်။ပျိုးနှုတ်ခ အားဖြင့်လည်း တစ်တင်းနှုတ်ခ (၂၀၀၀၀)ကျပ်ရှိသည့်အတွက် (၄၀၀၀၀)ကုန်ကျပေအုန်းမည်။မုန့်ဖိုး ဆေးလိပ်ဖိုးကွမ်းယာဖိုး ပါထည့်တွက်လျင် ပိုပေအုန်းမည်။နှစ်ရပ်ပေါင်း (၈၀၀၀၀)ကျပ် ကျော်ကုန်ကျပါလိမ့်မည်။ ယခုတင်ပြမည့် အကြောင်းအရာသည် မျိုးစေ့နဲနဲဖြင့် ကုန်ကျစရိတ်သက်သာသည့် ပျိုးထောင်နည်းကို ဖော်ပြမည်ဖြစ်ပါသည်။ နံပါတ် (၂)နှင့် (၃)သည် မျိုးဖိုးကုန်ကျစရိတ်သက်သာမည်။ပျိုးနှုတ်ခအနေဖြင့် နေ့စားခ တစ်ယောက်စာမျှသာ ကုန်ကျမည်။လယ်တစ်ဧက အတွက် မျိူးစေ့ပမာဏ အားဖြင့် ၃ပြီ လောက်သာကုန်ကျမည်။မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးလျင်ပင် မျိုးစေ့ဖိုး (၅၀၀၀) ကျပ်မျှသာကုန်ကျမည်။နေ့စားတစ်ယောက်ခ အနေဖြင့် (၇၀၀၀)ကျပ်သာ ရှိပြီး နှစ်ရပ်ပေါင်း (၁၂၀၀၀)မျှကုန်ကျမည်။ထို့ကြောင့် တောင်သူမိတ်ဆွေများအနေဖြင့် အမှန်တကယ်အကျိုးရှိပြီးကုန်ကျစရိတ်သက်သာမည့် နည်းလမ်းကို သာရွေးချယ်လုပ်ကိုင်သင့်ပေသည်။ ကုန်းပျိုးထောင်ခြင်းအနေဖြင့် (၂)ပိုင်းရှိသည်။ပျိုးဗန်းများဖြင့် ထောင်ခြင်း (သို့ )မြေပြင်ပေါ်တွင် အလွတ်ထောင်ခြင်း ဆိုပီး လုပ်ကိုင်နိုင်သည်။ပျိုးဗန်းကိုအသုံးပြုလျင် ပျိုးဗန်းဖိုးကုန်ကျစရိတ် တက်လာနိုင်သည်။ ထို့ကြောင့် ကုန်ကျစရိတ်သက်သာမည့် အလွတ် ပျိုးထောင်ခြင်းကို ဦးစားပေးဆောင်ရွက်သင့်သည်။ ကုန်ပျိုးထောင်မည် ဆိုပါက လယ်တစ်ဧက စာအတွက် မျိုးစေ့ ၃ပြီ ခန့် လိုအပ်သည်။၎င်းမျိုးစေ့ကို ရေမစိမ်မီ ပြန်လည်ရွေးချယ်ခြင်း ဆားရည်ဆေးခြင်းတို့ လုပ်ဆောင်သင့်သည်။သို့မှသာ ကျန်းမာသန်းစွမ်းသော မျိုးစေ့များရရှိပေလိမ့်မည်။ဆားရည်ဖြင့် ဆေးကြောလျင် ဒန်ဇလုံ (သို့)ကျောက်ခွက် တစ်ခုထဲတွင် မျိုးစေ့ဆေးကြောရန်လုံလောက်သော ရေပမာဏထည့်ပါ ပီးလျင် ကြက်ဥတစ်လုံး ထည့်ထားပါ။ထိုကြက်ဥ သည် ရေထဲမြုတ်နေပေလိမ့်မယ်။ထိုကြက်ဥ ရေပေါ် ပြန်ပေါ်လာအောင် ရေထဲသို့ ဆားထည့်ပီး မွှေပေးပါ။ကြက်ဥ ရေပေါ် သို့ပေါ်လာလျင် ရပါပီ။(ဒီနေရာမှာ ရေပမာဏ ဆားပမာဏ ထည့်မရေးတော့ပါ။မျိုးစေ့အနဲငယ်မျှသာဆေးကြောမည်ဖြစ်သောကြောင့် အများအပြား မလိုအပ်ပေ။)ထိုကဲ့သို့ကြက်ဥရေပေါ်တက်လာလျင် ကြက်ဥကို ဖယ်ထားလိုက်ပြီး မိမိဆေးကြောမည့် မျိုးစေ့များကို ထည့်ပြီး ခန မွှေပေးပါ။ကျန်းမာသန်းစွမ်းမှု မရှိသော မျိုးစေ့ များသည် ရေပေါ်သို့တက်လာပေမည်။ထိုရေပေါ်သို့တက်လာသော မျိုးစေ့ အမှိုက်သရိုက်များကို ဆန်ကာဂုံးဖြင့်သဲ့ပစ်လိုက်ပါ။ရေအောက်တွင် မြုတ်နေသော မျိုးစေ့မျာကိုသာယူရမှာဖြစ်ပါတယ်။ထိုကဲ့သို့ ဆားရေဆေးခြင်းပီးပါက မျိုးစပါးများကို ရေဖြင့် သန့်ရှင်းသွားအောင် ထပ်မံဆေးကြောပါ။ဆားငံရည်ကုန်သိအထိ ဆေးပါ။ပီးပါက ထိုမျိုးစေ့များကို အိပ်အလွတ် အသန့်တစ်ခုတွင် ထည့်၍ ခပ်လျော့လျော့စည်းပြီး ရေ(၂၄)နာရီ စိမ်ရမှာဖြစ်ပါတယ်။(ဆားရည်ဖြင့် စိမ်ခြင်းမဟုတ်ပါ။)ရေစိမ်ပြီးနောက်ပြန်ဆယ်ယူပြီးခေါင်အုန်းကဲ့သို့ ပြားလိုက်ပါ။ခေါင်အုန်းကဲ့သို့ပြားပြီး မြေကြီးပေါ်တွင် တင်ကာ အပေါ်မှ တစ်ခုခု ဖုံးပေးထားပြီး နှစ်ည အုပ်ပေးပါ။တစ်ညအုပ်ပြီး အထက်အောက်လှန်ပေးပါ။ပြန်အုပ်ထားပါ။မျိုးစေ့အုပ်ခြင်းကို နာရီပေါင်း(၅၀)ခန့် အုပ်ထားရမှာဖြစ်ပါတယ်။ နာရီပေါင်း(၅၀)ကျော် အုပ်ထားသောမျိုးစေ့များ အားလုံးနီးပါ စို့ (သို့ )အညှောက်ပေါက်လာပြီဆိုပါက ပျိုးထောင်ရန် အရန်သင့်ဖြစ်ပါပြီ။ SRI စနစ်ဖြင့်စိုက်ပျိုးလျင် လယ်တစ်ဧက အတွက်မျိုးစေ့ပမာဏ နို့ဆီဗူး(၁၀)ဗူးမျှသာလိုအပ်ပါသည်။လယ်တစ်ဧကလျင် (၁၀"×၁၀")စိုက်မည်ဆိုပါက ကောက်ပင်ပေါင်း (၆၂၇၂၆.၄)ပင်ကျော်သာဝင်ဆံ့မည်။နို့ဆီတစ်ဗူးတွင် မျိုးစေ့(ဘေးကြား)ပေါင်း (၆၅၀၀)ကျော် ပါဝင်သောကြောင့်နို့ဆီ(၁၀)ဗူးဆိုလျင် လိုအပ်သော ကောက်ပင်ရရှိသောကြောင့်ဖြစ်သည်။ SRI စနစ်စိုက်ပျိုးလျင် ပျိုးဗန်းဖြင့် ထောင်မှသာ အဆင်ပြေလိမ့်မည်။SRI ပျိုးခင်းလုပ်ရန်အတွက် ၂ပေ ၁ပေ ပျိုးဗန်း ပေါင်း(၈၀)အထိ လိုအပ်မည်။ပျိုးဗန်း ကုန်ကျစရိတ်အနေဖြင့် အညံ့စား တစ်ခုလျင် (၂၀၀) ကျပ်တန် သုံးလျင်ပင် (၁၆၀၀၀)ကျပ် ကုန်ကျပ်မည်။ထို့သိုအကုန်ကျမခံချင်က သစ်သားဘောင်လေးများ(၅)ကွက်စာ ပြုလုပ်ပီး တစ်ခါပြီး တစ်ခါ ပြန်မကာ လုပ်နိုင်သည်။မျိုးေစ့နို့ဆီတစ်ဗူးလျင် (၂"×၁")အကွက် (၈)ကွက် သို့ (၈)ဗန်း အထိ မျိုးစေ့ကျဲပက်ပေးရမည်။ပျိုးဗန်းအတွင်း ပျိုးမြေကို အောက်တွင် ဖေယ်ပြထားသည့်အတိုင်း လုပ်နိုင်သည်။ထို့သို့ ပျိုးဗန်းကလေးများဖြင့် ပျိုးထောင်ပါက ပျိုးသက်(၈)ရက်သားမှ (၁၅)ရက်သားအတွင်း ရွှေစိုက်နိုင်သည်။ထူးခြားသည်မှာ SRI ပျိုးဗန်းများထဲမှပျိုးပင်များကို မနှုတ်တော့ပဲ ပျိုးချေးခဲလေးများအတိုင်း စိုက်တမန်းပြင်ပေါ်တွင် အသာအယာ ချစိုက်ပျိုးခြင်းဖြစ်သည်။(ဆရာကြီးဦးသိန်းဆု၏SRI စပါးစိုက်ပျိုးနည်းစာအုပ်မှ ကောက်နုတ်ချက်) ကုန်းပျိုးထောင်ရန် မိမိ၏ အိမ်ဝင်းအတွင်း မြေကွက်လပ်တစ်နေရာ ရွေးချယ်ပါ။ရွေးချယ်ထားသော မြေနေရာအား ပေါင်းမြက် မပေါက်ရောက်နိုင်အောင် သန့်ရှင်းထားပါ။ပြီးလျင် နုံးမြေ(သို့)လယ်မြေ နှစ်ဆ |နွားချေးတစ်ဆ|ဖွဲပြာ တစ်ဆ ရောထားသော မြေကို ဖြန့်ခင်းပါ။ပြီးလျင် ရေလောင်းပေးထားပါ။ဘောင်တစ်ခုကို အနံ၄ပေ အလျား ပေ၄၀ အထိ ဘောင်ဖော်ပေးရမှာဖြစ်ပါတယ်။ထိုဘောင်ပေါ်သို့ စက်ဖွဲပြာခင်းပါ။ခင်းပြီးလျင် မျိုးစေ့အညှောက်ပေါက်များကို တစ်ဘောင်လျင် တစ်ပြီနှုံး ကျဲပက်ပေးပါ။ကျဲပက်ပေးပြီးပါက မျိုးစေ့များ ငှက်မကောက်စေရန်နှင် နေအပူရှိန်ကြောင့် အညှောင့်များ မပျက်စီးစေရန် စက်ဖွဲပြာကို လုံအောင် ဖြူးပေးပါ။ ဆိုခဲ့ပြီးသည့်အတိုင်းလုပ်ကိုင်ပြီးပါက ကုန်ပျိုး ဘောင်ထောင်ခြင်း အဆင့်ပြီးပါပီ။တစ်ရက်ကို မနက် တစ်ကြိမ် ညနေတစ်ကြိမ် ရေရွှဲရွှဲ ဖျန်းပေးပါ။ရေဖျန်းကယားဖြင့်သာ လောင်းပါ။မြေဆီ ကျွေးရန် မလိုပေ။ရေလောင်းခြင်းကို (၁၂) ရက်ခန့်အထိ ပုံမှန် လုပ်ဆောင်ပေးလျင် ပျိုးပင်လေးများ စိမ်းလမ်းစိုပြေနေပြီး စိုက်ပျိုးနိုင်သော အနေအထားရောက်ပါပြီ။ ယခုကဲ့သို့ စနစ်တကျဖြင့် ကုန်းပျိုးထောင်ပြီး စိုက်ပျိုးရန် အသင့်ဖြစ်နေသော ပျိုးခင်းဘောင်လေးများကို အသာအယာ တစ်ယောက်ထဲ (ပျိုးချေးခါခြင်း စည်းနှောင်ခြင်း မလုပ်ရ)နှုတ်ပြီး သစ်သီးခြင်းများဖြင့်ထည့်ကာသယ်ယူပေးရမှာဖြစ်ပါတယ်။သယ်ယူရာတွင်လည်း ကောက်စိုက်သမများကို တစ်ယောက်တစ်ခြင်း ကူသယ်ခိုင်းလျင် လယ်တစ်ဧကစာအတွက် သစ်သီးခြင်း (၈)ခြင်း ဆိုလျင် လုံလောက်ပါပြီ။ဖော်ပြပါ ပျိုးခင်းဘောင်များကို (၁၂)ရက်သားမှ (၁၅)ရက်သားအတွင်း ရွှေစိုက်နိုင်ပြီဖြစ်ပါတယ်။စိုက်ပျိုးခြင်းကို သီးသန့်ဖော်ပြပေးပါအုန်းမည်။ ဆက်လက်ပြီး တမန်းပြင်ထားသော ပျိုးခင်းအတွင်း ဘောင်ဆွဲပြီး ကုန်းပျိုးကဲ့သို့ ထောင်ခြင်းကို အပိုင်း(၂)တွင် ဆက်လက်တင်ပြပါအုန်းမည်။ (တောင်သူအကျိုးပြု) သက်ဆွေ ဒီပဲယင်း(ကိုင်းကန်)။
ကျေးဇူးပါဆရာ
#ခေတ်သစ်လယ်ယာစိုက်ပျိုးခြင်း(သို့)သိပ္ပံနည်းကျ စိုက်ပျိုးရန်ပျိုးထောင်ခြင်း အပိုင်း(၂) (ကျွမ်းကျင်သောတောင်သူမိတ်ဆွေဆရာကြီးများကျော်ခွသွားနိုင်ပါတယ်။မိတ်ဆွေအချို့တောင်းဆိုမှုကြောင့် ရေးသာတင်ပြရခြင်းဖြစ်ပြီး အကျိုးရှိမယ်ထင်ရင် shareပေးနိုင်ပါတယ်။) ယခုဖော်ပြမယ့် အကြောင်းအရာကတော့ မျိုးစေ့နဲနဲ နဲ့ ပျိုးထောင်စိုက်ပျိုးနည်း ပဲဖြစ်ပါတယ်။တောင်သူအများစုသည် ခေတ်နှင့်လျော်ညီသော မျိုးစေ့များကို ပြောင်းလဲစိုက်ပျိုးလာသော်လည်း ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းကို မူ ပြောင်လဲခြင်းမရှိသောကြောင့် ကုန်ကျစရိတ်များ ခြင်း မြေဩဇာများပိုမို သုံးစွဲလာရခြင်း များ ဖြစ်ပေါ်လာပါတယ်။ မျိုးစေ့မျိုးကောင်းများဈေးကြီးသည်မှန်သော်လည်း မျိုးစေ့ကို ချွေတာနိုင်လျင် မျိုးစေ့ဈေး ကြီးခြင်းကို ထက်ဝက် လျော့ချနိုင်ပါသည်။လယ်တစ်ဧက ရဲ့ ကောက်ပင်ဝင်ဆံ့မှုကို တွက်ချက်ပီး လိုအပ်သောမျိုးပမာဏ အတိုင်းအတာကို သိရှိနိုင်ပါက မျိုးစေ့ ချွေတာ သုံးစွဲပါမည်။လယ်တစ်ဧက၏ပျမ်းမျှ ကောက်ပင်ဝင်ဆံ့မှုကိုပုံသေနည်းဖြင့် တွက်ချက်ကြည့်နိုင်သည်။ ၁၄၄×၄၃၅၆၀ ____________=ကောက်ပင်ဝင်ဆံ့မှုအရေအတွက်(၁ဧက) ပင်ကြား×တန်းကြား ပဲဖြစ်ပါတယ်။ ဥပမာ။ ပင်ကြားတန်းကြား ၉"×၉"ထားပြီးစိုက်မည်ဆိုပါက အပေါ်ကိန်းတန်းနှစ်ခုမြောက်လာဒ်(၆၂၇၂၆၄၀)ကို ပင်ကြား×တန်းကြား အကွာအဝေး မြောက်လာဒ်(၈၁)နဲ့ စားပေးရင် လယ်တစ်ဧကရဲ့ ကောက်ပင်ဝင်ဆံ့မှု(၇၇၄၄၀)ကောက်ပင် ရမှာပဲ ဖြစ်ပါတယ်။ ဒါဆိုကျနော်တိုက လယ်တစ်ဧက ကောက်ပင်လိုအပ်ချက်သိရှိလာပြီဆိုတော့ကား မျိုးစေ့လိုအပ်ချက် တွက်ရမှာဖြစ်ပါတယ်။မျိုးစေ့ နို့ဆီတစ်ဗူးမှာ ဘေးကြားမျိုးစေ့ဆိုလျင် (၆၅၂၇)စေ့ မျှ ပါဝင်ပြီး အခြားသော ဧရာမင်း ရက်(၉၀)ဆင်းသုခ ရွှေဆယ်ရင် စသော လုံးသွယ် အမျိုးစားများကတော့ နို့ဆီတစ်ဗူးမှာ အစေ့ပေါင်း(၇၀၀၀)အထက် ပါဝင်မှာဖြစ်တယ်။ လယ်တစ်ဧက စာ အတွက် မျိုးစေ့ ၂ပြီ(၁၆×၆၅၀၀=၁၀၄၀၀ပင်) ပျိုးထောင်ပါက လက်ဆ တစ်ပင် စိုက်လျင် ပိုပါလိမ့်မယ်။မျိုးေစ့ဖိုးအေနဖြင့် (၇၀၀၀ကျပ်)ကျော်မျှသာကုန်ကျမှာဖြစ်ပါတယ်။အမှန်တကယ် လိုအပ်သည်က ၇သောင်းကျော် မို့ ပိုနေခြင်းသာဖြစ်ပါတယ်။ဒီနေရာမှာ စိုက်ပျိုးမယ့်တောင်သူဟာ လက်ဆ နှစ်ပင်မှ သုံးပင် ထည့်စိုက်လျင် မျိုးစေ့ အနဲငယ် ထပ်ပိုရပါ့မယ်။ ဒါဆို ဘောင်စနစ်ပျိုးထောင်ခြင်းကို စတင်ဆောင်ရွက်ကြပါမယ့်။ဘောင်စနစ်လို့ ဆိုလိုက်တာနဲ့ ရေပျိုးဟု ယူဆလို့မရနိုင်ပါ။လယ်တစ်ဧကစာ ဘောင်ပျိုးထောင်ရန်အတွက် အပိုင်း(၁)မှာ ရေးခဲ့သလို မျိုးစေ့ အညောင့်ဖောက်ပြီးဖြစ်လျင် ရပါပီ။မိမိ၏ စိုက်ပျိုးမည့် လယ်ယာအနီး တမန်းပြင်ဆင်ပြီးသော အကွက်ငယ်အတွင်း ဘောင်ဆွဲပါ။လိုအပ်တဲ့အလျား ၄၀'×အနံ၄' ဘောင်ဆွဲရပါ့မယ်။ဘောင်မဆွဲခင် ပျိုးခင်းနေရာအား ပေါင်းအမှိုက်များ မရှိအောင် သေချာ လုပ်ကိုင်ဆောင်ရွက်ထားရပါ့မယ်။ရေကို အတတ်နိုင်ဆုံးပြောင်အောင် ထုတ်ပစ်ပါ။ရေပြောင်သွားလျင် အထက်မှာဖော်ပြခဲ့သလို ပေ၄၀ |၄ပေ ဘောင်ဆွဲပါ။ဘောင်ဆွဲသည်အခါ မိမိ အဆင်ပြေသလိုဆွဲနိုင်ပါတယ်။ကြိုးတန်း၍ဖြစ်စေ မျည်းတန် စိုက်၍ဖြစ်စေ ဆွဲနိုင်ပါတယ်။တစ်ချို့ ရေအိုးထဲတွင် ရွှံနှစ်များထည့်၍ တွန်းပြီး ဘောင်မြောင်းဖော်ကြပါတယ်။တစ်ချို့ တောင်သူများလည်း ပေါက်ပြားအနှောင့်ဖြင့် ကြိုးတန်း ဆွဲပြီး ဘောင်ဖော်ပါတယ်။ဘယ်လိုမဆို အဓိက ရေမြောင်းလေးများ ဖြစ်သွားစေပီး ဘောင်ပေါ်ဖို့သာ အဓိကကျပါတယ်။ ထို့ကဲ့သို့ဘောင်ဖော်ပြီးလျှင် ဘောင်အတွင်းတမန်းပြင်ကို ညီညာစေအောင်ပြလုပ်ပါ။တမန်းညီညာလျင် ထိုတမန်းပြင်ပေါ်သို့ စက်ဖွဲပြာ တစ်ဘောင်လျင် (၅၀kg)သုံးအိပ်နှုံးလောက် ထည့်ပေးရပါ့မယ်။ပထမ တမန်းပြင်ပေါ် ကို စက်ဖွဲပြာ ထူထူလေးခင်းပေးပါ။ရွှံပြင်ဖုံးသည်အထိ ဖြူးပေးပါ။ပြီးနောက် မျိုးစေ့အညှောင့်ပေါက်များကို တစ်ဘောင်လျင် တစ်ပြီ နှုံးခပ်ပါးပါး ကျဲပက်ပေးပါ။ကျဲပက်ပြီးသော မျိုးစေ့အညှောင့်ပေါက်များ ခြောက်မသွားစေရန်နှင့်ငှက်မကောက်စေရန် ဖွဲပြာထပ်ဖုံးပေးပါ။ရေမြောင်းဘောင်လေးများကို ဖောက်ပေးထားခဲ့ရမှာပဲဖြစ်ပါတယ်။ တစ်ချို့ တောင်သူများသည် ပျိုးပင် ၈ ရက်သားမှ စိုက်ပျိုးနိုင်သည်ကို သံသယဖြစ်နေကြသည်။လက်တွေ့ ပျိုးထောင်ကြည့်သည့်အခါ (၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅/၁၆/၁၇/၁၈/၁၉)စသည့်ရက်များသည် စိုက်ပျိုးနိုင်သောအနေအထားဖြစ်ပါသည်။ပျိုးခင်းဘောင်များကို ဓာတ်မြေဩဇာကျွေးမည်ဆိုပါက တစ်ဘောင်လျင် ကွန်းပေါင်း ပတ်လည်ထဲက နို့ဆီတစ်ဗူးမျှသာကျွေးပါ။တမန်းပြင်တွင် မြေခံအဖြစ်ထည့်သွင်းထားနိုင်က ပိုအဆင်ပြေပါသည်။ကျနော်ပျိုးဘောင်များ ဓာတ်မြေဩဇာမကျွေးခဲ့ပါ။ဒီနေရာမှာ သတိထားရာမှာက မြေဩဇာကျွေးထားသည့် ပျိုးဘောင်သည် (၁၅)ရက်သားခန့်တွင် အရပ်ရှည်ပြီး အပင်ပျော့နေတာ တွေ့ရပါတယ်။ဖွဲပြာထူထူခံထားလျင် မြေဩဇာ မလိုတော့ပါ။ ထို့သို့ အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်ထားသော ပျိုးဘောင်များကို ရေမြှုပ်ရန် မလိုပါ။ရေသွင်းပေးရန်မလိုပါ။ဘေးက ရေမြောင်းလေးများအတွင်း ရေရှိလျင်ပင်ရပါသည်။မိမိလယ်စိုက်တမန်းအဆင်ပြေလျင် (၉)ရက်သားမှ (၁၅)ရက်သားအတွင်း အသင့်စိုက်ပျိုးနိုင်သော အနေအထားရောက်ပါပြီ။ပျိုးနှုတ်သည့်အခါ ရေမြှုပ် ရေသွင်းပြီးမနှုတ်ရပါ။ပျိုးနှုတ်ကျွမ်းကျင်သူ တစ်ယောက်သီးသန့်လက်ရွေးခေါ်ပြီး အသာယာ နှုတ်ယူက ပျိုးချေး လုံးဝ မခါ မရိုက်ပဲ ပျိုးချေးလေးများနှင့် သစ်သီးခြင်းများအတွင်း စီထည့်ပေးပြီး သယ်ယူရမှာဖြစ်ပါတယ်။ပျိုးေဘာင်အား ရေသွင်းခြင်း ရေမြှုပ်ခြင်း မပြုလုပ်သည့်အတွက် အခြောက်ပျိုး ကုန်ပျိုးကဲ့သို့ ပျိုးထောင်ခြင်းကို ရရှိမှာပဲဖြစ်ပါတယ်။ စိုက်ပျိုးခြင်းအဆင့်ကို အပိုင်း(၃)အနေဖြင့် ဆက်လက်ရေးသားပါအုန်းမည်။ (တောင်သူအကျိုးပြု) သက်ဆွေ ဒီပဲယင်း(ကိုင်းကန်)။

ကလိုပိုင်ရီဖော့စ် (Chlorpyrifos) ဖြန်းနိုင်ပါတယ်။
စပါးရွက်ဖြတ်ကျနေလို့ဇawbaကဆိုင်ကလုံးဖြန်းလို့ရလား
သင်တန်းတက်ပါ။ စာဖတ်ရုံနဲ့မရ ကျွမ်းကျင်မှု၊ လေ့ကျင့်မှုတွေ အများကြီးလိုပါတယ်။
ကောက်ရိုးမှို စိုက်ပျိုးနည်းမဟုတ်ဘဲ မှိုမျိုးစေ့ ထုတ်လုပ်နည်းလေးသိချင်ပါတယ်ဗျ မျှဝေပေးပါအုံး
ရေဝပ်တဲ့နေရာဆိုရင်တော့ ကွန်ကရစ်ကန်၊ ဒါမှမဟုတ် ကပ်ခွေပြီး စိုက်ကြပါတယ်။
သင်းဘောပင်ကိုအိုးနဲ့စိုက်တာနဲ့ မြေပေါမှာချစိုက်တာနဲဘယ်ဟာပိုကောင်လဲဗျာ ဖြေပေကြပါဦး