အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyaw swe

kyaw swe

စိုက်ပျိုးရေးပညာရှင် · ဇေယျာသီရိ

1,220
လွန်ခဲ့သော ၄ နှစ် က

ငှက်ပျောမှာ အရွက်ငါးရွက်ပဲ ထားရင်တောင် အသီးတင်ဖို့ လုံလောက်ပါတယ်။

ငှက်ပျောတေအရွက်ဝါနေလို့ပါ ဘာဆေးသုံးရမလဲ

လွန်ခဲ့သော ၄ နှစ် က

ဒီအချိန်မှာတော့ ရောဂါနဲ့ ပိုးကြောင့်ပဲ ဖြစ်ဖို့များပါတယ်။ မိုးတွင်းကာလမှာ အဖိုဝတ်မှုန်တွေ စေးကပ်နေလို့ ပန်းပွင့်ရဲ့ အမအင်္ဂါပေါ်ကို မကျရောက်နိုင်ရင် ဝတ်မှုန်ကူးမှုမရှိလို့ သန္ဓေမအောင်တော့ဘဲ အသီးတွေပုပ်ပြီး ကြွေကျပါတယ်။

ဖရုံသီးတွေ ဂေါက်သီးအရွယ်လောက်ရောက်ရင် ပုပ်သွားပါတယ်ခင်ဗျ။ နေပြည်တော်မှာ စိုက်တာပါ။ ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

လွန်ခဲ့သော ၄ နှစ် က

ဘယ်လောက်ကြာကြာ သိုလှောင်ချင်တာလဲရယ်၊ ဘာအတွက် ဆိုတာပါ စဉ်းစားစေချင်ပါတယ်။ ခုခေတ်မှာ မျိုးစေ့သိုလျှောင်တဲ့ နှစ်ထပ်အိတ်တွေ ရှိနေပါပြီ။ မေစမြန်းဝယ်ယစေချင်ပါတယ်။ များသောအားဖြင့် လေလုံအောင်ထားပြီး သိုလှောင်မယ်ဆိုရင်တော့ ရိတ်သိမ်းချိန်လွန်ကျရောက်နိုင်တဲ့ ပိုးတွေမလာအောင် ကာကွယ်နိူင်ပါတယ်။ စားဖို့၊ ပဲပင်ပေါက်ဖောက်ဖို့ဆိုရင်တော့ ဆေးမသုံးစေချင်ပါဘူး။

ပဲတီစိမ်းကို သိုလှောင်တဲ့အခါ သိုလှောင်ပိုးတွေမလာအောင် ထည့်သင့်တဲ့ သင့်တော်တဲ့ဆေးနဲ့ ပမာဏကိုသိချင်ပါတယ်။

ပဲတီစိမ်းရိတ်သိမ်းချိန်လွန်နည်းပညာ
လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးရလွယ်ကူပါတယ်။ ဈေးကွက်အဆင်ပြေ၊ မျိုးစေ့လည်း အလွယ်ရမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း စိုက်ပျိုးသူရော၊ မျိုးစေ့ရောင်းချသူပါ အဆင်ပြေပါလိမ့်မယ်။

စျေးကွက်အတွက်တောင်သူများရဲ့အကြံပြုချက်များသိရှိလိုပါသည်။ယခုပုံပါဆလပ်များသည် အများအားဖြင့် တရုတ်နှင့်ယိုးဒယားဘက်မှအ၀င်များပြီး စျေးကွက်ထဲတွင် ကာလပေါက်စျေး 1Kg (၆၀ကျပ်သား)လျှင် ၇၀၀၀/၈၀၀၀ကျပ်ထိ ရှိပါသည်။ (နိုင်ငံခြားမျိုးစေ့တွေ၀ယ်ယူပြီးပြည်တွင်းမှာလည်းစိုက်ပျိုးကြသူများရှိကြပါတယ်။) မကြာခင်မှာလည်း ပြည်တွင်းမှထုတ်လုပ်ဖြန့်ချိမည့် ၄င်းဆလပ်မျိုးစေ့များကို၀ယ်ယူစိုက်ပျိုးနိုင်တော့မှာဖြစ်ပါတယ်။ ထိုသို့ပြည်ပသွင်းကုန်များအစား ပြည်တွင်းမှာစိုက်ပျိုး ထုတ်လုပ်နိုင်မယ့်အပေါ်လူကြီးမင်းတို့ရဲ့ စျေးနှုန်းအရသော်လည်းကောင်း ၊ စိုက်ပျိုးမှုအပိုင်းအရသော်လည်းကောင်း အခြားသောဆွေးနွေးအကြံပြုချက်လေးတွေကိုသိရှိလိုပါတယ်ခင်ဗျ။

လွန်ခဲ့သော ၄ နှစ် က

အပင်ခြေမြင်ရတဲ့ အနေအထားအရ မြေကြပ်နေတယ် ထင်တယ်။ ဖွဲပြာအုပ်ထားပေမယ့် မြေဆွမထားဘူး ယူဆရပါတယ်။ လေဝင်လေထွက်မကောင်းရင်လည်း အပင်ရဲ့ ကြီးထားမှု နှောင့်နှေးပါတယ်။

ခရမ်းချဉ်က အဖူးလေးတွေ လ်ုက်နေပေမယ့် အပင်က ပုပုလေးဖြစ်နေတယ် ဘာလုပ်ရမလဲ ခင်ဗျာ မနေ့ကတော့ ငါးအမိုင်နို ပက်ထားပါတယ်

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။