အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ye thura

ye thura

စိုက်ပျိုးရေးပညာရှင် · ဒဂုံမြို့သစ်မြောက်ပိုင်း

11,500
လွန်ခဲ့သော ၂ နှစ် က

ပုလဲ (ယူရီးယား)အလုံးကြီး၊အလုံး​သေး အကုန်လုံး နိုက်ထရိုဂျင် ၄၆% ခန့်ပါဝင်ကြပါတယ်။ အချို့ကို အ​ပေါ်ယံ ဖ​ယောင်းလွှာ၊ဆာလဖာ တို့နဲ့အုပ်​ပေးပါတယ်(​စျေးနှုန်းပို​ပေးရပါတယ်) မိမိသီးနှံနဲ့စီးပွား​ရေးတွက်​ခေ​ျကိုက်​သော၊ အာနိသင်ကြရှည်ခံ​သော အမျိုးမစားကိုစိတ်ကြိုက်​အသုံးပြုပါခငိဗျာ

စပါးပင်အတွက် အာဟာရဖြစ်ဖို့ အပင်သက် ၁၅ရက်သား ကို ပုလဲ အလုံးကြီးကျွေးဒါနဲ့ အလုံးသေးကျွေးဒါနဲ့ ဘယ်ဟာက ပိုသင့်တော်လဲ ဆရာတို့ ခဗျာ ဖြေကြားပေးပါအုန်းဗျာ

စပါးမြေသြဇာကျွေးနည်း
လွန်ခဲ့သော ၃ နှစ် က

ပင်ပိုင်းဖွံ့ဖြိုးဖို့ဆိုရင် အ​စောပိုင်းကာလ ​တွေမှာ​ပေါင်းမြက်ကင်းစင်​အောင်လုပ်ပြီးသုံးပါခင်ဗျာ

ဆရာတို့အပင်အားဆေးကဘယ်အချိန်ဖျန်းရင်ပိုကောင်းလဲဆရာ

ဆေးဖျန်းချိန် ဆေးဖျန်းနည်း
လွန်ခဲ့သော ၃ နှစ် က

K ကိုစပါးသီးနှံအတွက်အသုံးပြုရင် နို့ရည်တည်ချိန် ၊သုံးသင့်ပါတယ်

kကိုပမာဏများများကျွေးရင်မြေခံမှာတစ်ဝက်နဲ့အနှံထွက်ချိန်မှာကျန်တစ်ဝက်ကိုကျွေးရတယ် နည်းနည်းပဲကျွေးရင်မြေခံမှာအကုန်ထည့်ရတယ် ကျွန်တော်ကပိုတက်ဆီယမ်ကလိုရိုဒ်တစ်ဧကတစ်အိတ်မသုံးနိုင်လို့အိတ်ဝက်ပဲသုံးမယ်ဆိုရင်မြေခံမှာအိတ်ဝက်တစ်ခါထဲအကုန်ထည့်လို့ရလားဆရာ

စပါးမြေပြင်ချိန်မြေသြဇာကျွေးနည်း
လွန်ခဲ့သော ၃ နှစ် က

Organic စိုက်ပျိုး​ရေးမှာ ဓါတုလုံးဝမသုံးရပါဘူး GAP စနစ်မှာ အတိုင်းအတာတစ်ခုထိသုံးနိုင်ပါတယ်၊ စိုက်ပျိုး​ရေးအ​လေ့အကျင့်​ကောင်းများလို့ဆိုပါတယ်၊

Organic နှင့် GAP ဘာကွာတာလဲဗျ

လွန်ခဲ့သော ၃ နှစ် က

ပြင်ဆင်ရမှာ​တွေ​တော့များပါတယ်၊ organic နဲ့ပါတ်သက်ပြီးသိသင့်သိထိုက်​သော Do/don't. လုပ်ထုံးလုပ်နည်း၊ ​စျေးကွက်အချက်အလက်များ စတာ​တွေကို အသိအမှတ်ပြုထားသူမျညးထံမှ သင်တန်း/​လေ့လာသင်ယူခြင်း၊ Organic လက်မှတ်​ပေးနိုင်​သော အဖွဲ့အစည်းနှင့်ချိတ်ဆက်ပြင်ဆင်ခြင်း၊ မူလ ဓါတုသုံးစွဲထား​သောစိုက်ပျိုး​မြေကို အချိန်ကာလတစ်ခု ​မြေလှပ်ထားခြင်း၊သဘာဝပစ္စည်းများသာအသုံးပြုခြင်း၊စသဖြင့်အဆင့်များလုပ်ရပါမယ်။

Organic စိုက်ပျိုးရေး အတွက် အဓိက ဘာတွေလိုအပ်လဲဗျ စျေးကွက်အပိုင်းမှာကော ဘာတွေစီမံဆောင်ရွက်သင့်လဲဗျ Organic လက်မှတ်ရဖို့ကော ဘာ​တွေလုပ်ရမလဲ ဗျ

လွန်ခဲ့သော ၃ နှစ် က

မြေစမ်း ခရမ်းပျိုးဆိုတဲ့စကားအလိုအရ အကြမ်းခံတဲ့ခရမ်း မျိုးနွယ်ဝင်များစိုက်ပျိုးပါ။​မြေက​တော့ စိုက်ပျိုးဖြစ်ထွန်းတဲ့​မြေဖြစ်​အောင် ပြင်ဆင်သွားရမှာပါ။

မကောင်းတဲ့မြေမှာ အပင်စိုက်ချင်တာ ဘလိုစိုက်ပျိုးရမလဲ

လွန်ခဲ့သော ၃ နှစ် က

စပါးသီးနှံ အတွက်ရွက်ဖြန်း​မြေသြဇာကိုပဲအသုံးပြုလို့အဆင်မ​ပြေပါဘူးခင်ဗျာ။ ဓါတ်​မြေသြဇာ+သဘာဝ​မြေသြဇာ ​မြေဆီလွှာမှ ​ကျွေးရပါမယ်။

စပါးပင် 15ရက်သားအရွယ် မြေခံ‌ဓာတ်မြေဩဇာလည်း ဘာဓာတ်မြေဩဇာလည်းမထည့်ထားပါဘူးခမျ သဘာဝရွတ်ဖြန်းမြေဩဇာကို ဘယ်လိုသုံးသင့်ပါသလဲ လမ်း ညွန်သင်ပြပေးပါခမျ

ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
လွန်ခဲ့သော ၃ နှစ် က

ပင်ပွားများများရဖို့၊ ပင်ပိုင်းဖွံ့ဖြိုးမှု​ကောင်းဖို့ နဲ့ ​ရောဂါ၊ပိုးမွှားဒဏ်ခံနိုင်ရည်ရှိ​အောင်၊ ​အောင်​စေ့ရာခိုင်နှုန်းများ​အောင်ပါခင်ဗျာ။

အများလိုNPKသုံးမျိုးမှာစပါးအတွက်Nနဲ့Kကိုများများထည့်ခိုင်းပြီးPကိုတော့Nနဲ့Kတို့ရဲ့တစ်ဝက်(သို့မဟုတ်)တစ်ဝက်ကျော်လောက်ပဲထည့်ခိုင်းတယ် စပါးကPထက်Nနဲ့Kကိုပိုစားလို့လားဆရာ

စပါးမြေသြဇာကျွေးနည်း
လွန်ခဲ့သော ၃ နှစ် က

မဂ်လာပါခင်ဗျာစပါးအပင်သက်တမ်း(၁၂၀)ရက်ရှိတဲ့စပါးမျိုးကိုတိုက်ရိုက်အစေ့ချကြဲခင်းများအတွက်အပင်၏သက်တမ်းအလိုက်မြေသြဇာကျွေးနည်းလေးညွှန်ကြားပေးစေချင်ပါတယ်ဆရာများခင်ဗျာအထူးကျေးဇူးတင်လျက်ပါ။

စပါးပင်နှင့်အာဟာရ
လွန်ခဲ့သော ၃ နှစ် က

မည်သည့်ဓါတု​မြေသြဇာမဆို သဘာဝ​မြေသြဇာ​ရောစပ်သုံးစွဲ​စေလိုပါတယ်၊ ​ရေဝပ်၊​ရေငတ်ဒဏ်ကိုခံနိုင်ရည်ရှိ​စေပါတယ်။ နှင်းခါးရိုက်ခြင်းကို ပိုတက်စီယံ ဓါတ်က ခံနိုင်ရည်တိုး​စေပါတယ်။

မိုးဒဏ်နှင်းဒဏ်ခံနိုင်ရည်ရှိစေရန်ဘယ်လိုfertilizerကိုသုံးပြုသင့်သလဲ😁

စပါးပိုတက်စီယမ်ချို့တဲ့ခြင်း

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။