Dr.Biotech စိုက်ပျိုးရေးပညာရှင် · ဇေယျာသီရိ 522 1 ဖြေဆို 0 မေးမြန်း လွန်ခဲ့သော ၄ နှစ် က ကွာခြားမှုနဲ့ အကျိုးကျေးဇူးအားဖြင့် -မျိုးသန့်တဲ့ အတွက်ကြောင့် ပျိုးပင်ပေါက်ညီညာခြင်း ကြောင့် ( မျိုးစေ့ကုန်ကျမှု စရိတ်သက်သာခြင်း၊ ပေါင်းကို အချိန်နှင့် တစ်ပြေးညီ နှိပ်နင်းနိုင်ရန် အခွင့်ကောင်းသာခြင်းနှင့် မြေဩဇာကျွေးရာတွင် ထိရောက်ခြင်းကြောင့် အထွက်နှုန်း တိုးခြင်း၊ မျိုးစေ့ဆောင် ရောဂါများကို ကာကွယ်ပြီးဖြစ်ခြင်း စသဖြင့်) ရရှိနိုင်ပါတယ်။ သို့ပေမယ့် ဖြန့်ဖြူးပေးသူက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။ ကျေးဇူးတင်ပါတယ်။ ရိုးရိုးစပါးမျိုးစိုက်တာနဲ့ စိုက်ပျိုးရေးရုံးကထုတ်တဲ့(ရုံးထုတ်စပါး) စိုက်တာ ဘယ်လို ကွာပါလဲဗျာ။ ပြီးတော့ ရုံးထုတ်စပါးကိုစိုက်ပျိုးရင် ဘယ်လိုအကျိုးခံစားခွင့်တွေရလဲ သိချင်ပါတယ်။ စပါးမျိုးသန့်ထုတ်ခြင်း