အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်သိင်္ဂါအောင်

ကျော်သိင်္ဂါအောင်

တောင်သူ · မုံရွာ

5,176
လွန်ခဲ့သော ၄ နှစ် က

ဘူးပင် အညွှန့်ထိပ်နားက နွယ်မျှင်နှာမောင်း ထွက်နေပြီလား။နှာမောင်း မထွက်သေးရင် အညွှန့်၊ဆစ်ကြားများ ရှည်ထွက်သန်မာလာဖို့က နှေးကွေးနေအုံးမှာပါ။နွယ်မျှင်နှာမောင်း ထွက်လာပြီဆိုရင်တော့ ဘူးပင်အမြင့်က ရက်အနည်းငယ်အတွင်း အကို့အရပ်ကို ကျော်တက်သွားပါလိမ့်မယ်။အပင်ငယ်ပါသေးတယ်နော်။

ဘူးပင်လေးတွေအညွှန့်သိပ်မသန်လို့ပါဗျအစာကျွေးချင်လို့ပါအပင် ဘေးကျွေးရမှာလားအမြှစ်ထွက်တဲ့အောက်ခြေကိုကျွေးရမလားဆိုတာသိ တဲ့တောင်သူဦးကြီးများဆရာသမားတို့အကြံပေးပါအုံး

လွန်ခဲ့သော ၄ နှစ် က

မင်းမဟော်ကထုတ်တဲ့ ကိုး(ဖော်ယူကိုး) ဆေးပါ။ဒီဆေးကို သုံးဘူးပါတယ်နော်။ဆေးချိန်တဲ့ခွက်မှာ E လို 5/10/15/20 cc လို့ ရေးထားပါတယ်။တစ်ကယ်လို့ ၁၀ cc ထည့်ချင်တယ်ဆိုရင် ဆေးချိန်ခွက်ထဲကို 10 ထိရောက်အောင် ထည့်လိုက်ပါ။လွယ်လွယ်လေးပါ။ဆေးချိန်ခွက်ကို တစ်ခါမှ အသုံးမပြုဘူးရင် အစမ်းသဘောနဲ့ ရေအရင်ထည့်ချိန်ကြည့်ပါ။၅ cc ၊၁၀ cc စသည်ဖြင့်ပါ။လွယ်ပါတယ်နော်။ဆေးဘူးမှာ ညွှန်းထားတာက ဦးလေးကြီး ရေးထားတဲ့ အတိုင်းဘဲဗျ။ကျွန်တော် ဒီဆေးကို သုံးဘူးတဲ့ အတွေ့အကြုံ ပြောရရင် အပင်ငယ်စဉ်မှာ ဆိုရင်တော့ (၄)ဂါလံ ဆေးဖျန်းပုံးကို ၁၀ cc ထည့်ဖျန်းပါတယ်။အပင်ကလည်းကြီးမယ် နောက် ပဲတောင့်ရှည်(တိုင်ထောင်ပဲ)မှာလည်း ရွက်ထွင်းပိုး ကျရောက်နေမယ် ဆိုရင်တော့ ၃၀ cc ထည့်ဖျန်းမှ အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။

ဒီဆေးကရေ၁ဂါလံကိုဘယ်လိုထည့်ရတာလဲဗျသူ့မှာရေချိန်ခွက်လေးတော့ ပါတယ်စီစီနှုန်းထားေတွနဲ့မသိလို့ပါပဲေတာင့်ရှည်ဖျန်းမှာပါဗျသိတဲ့ဆ ရာသမားတို့ဖြေကြားပေးပါအုံး

လွန်ခဲ့သော ၄ နှစ် က

(Xanthomonas axonopodis) ဘက်တီးရီးယားကင်ကာ(အနာချိုင့်ရောဂါ) ကျရောက်နေတာပါ။

ဘာရောဂါ ဖစ်တာလဲခင်ဗျာ သံပရာပင်ပါ

လွန်ခဲ့သော ၆ နှစ် က

ဘက်တီးရီးယားကင်ကာကျ​ရောက်​နေပါက ​ကော့ပါးပါ​သော​ဆေးများကို ​ဆေးညွှန်းအတိုင်း အသုံးပြု၍ ဖျန်း​ပေးပါ။​စျေးကွက်ထဲမှာ ​ကော့ဆိုဒ်၊ဖာကူရန်၊​အောက်ဇီ၊ကျူပရိုမက်၊ခ​ရောင်း၊ဘုရင်၊ကျူပ​ရောက်ဆက် စသည်ဖြင့်ပါ။ကျွန်​တော် အထက်က​ရေးထားတာ ​ကြေးနီပါဝင်​သော ကာစူဂါမိုင်ဇင် လို့​ရေးသားခြင်းပါ။

ဘာဖြစ်တာလဲဗျဘာဆေးဖြန်းပေးရမလဲပြေပြပါ

လွန်ခဲ့သော ၆ နှစ် က

ဘတ်တီးရီးယားကင်ကာ(အနာချိုင့်​ရောဂါ)ကျ​ရောက်​နေပါတယ်။အနာချိုင့်​ရောဂါဟာ ပူ​နွေးစိုစွတ်တဲ့ မိုးရာသီမှာ အများဆုံးကျ​ရောက်​လေ့ရှိပါတယ်။​ရောဂါကျ​ရောက်တဲ့ အစိတ်အပိုင်းများကို ရှင်းလင်းဖယ်ရှားပြီး စိုက်ခင်းနှင့်​ဝေးရာမှာ မီးရှို့ဖျက်ဆီးပစ်ပါ။စိုက်ခင်းထဲ ပြန်မချပါနဲ့။တခြားအပင်​တွေကို ကူးစက်နိုင်တာ​ကြောင့်ပါ။​ရောဂါဖြစ်​စေတဲ့ ဘတ်တီးရီးယားဟာ မိုး၊​ရေ၊​လေ၊အင်ဆက်ပိုးများ၊အပင်​ပေါ်နား​သောဌက်၊အသုံးပြု​သော ပစ္စည်းကိရိယာ​တွေမှတဆင့် တခြားအပင်များသို့ ကူးစက်ပျံနှံ့နိုင်ပါတယ်။ဒါ​ကြောင့် ​ရောဂါကူးစက်မှုမရှိ​အောင် အပင်စစိုက်ကထဲက ခံနိုင်ရည်ရှိပြီး ​ရောဂါကင်း​သောမျိုးများကို ​ရွေးချယ်စိုက်ပျိုးပါ။​ချောင်ထဲ​ရောက်​နေတဲ့ ​နေ​ရောင်ခြည်​ကောင်းစွာ မရတဲ့ ကိုင်းများကို ရှင်းလင်းဖယ်ရှား​ပေးပါ။အညွန့်သစ်ထွက်ချိန်တွင် ​ကော့ပါးပါဝင်​သော ကာစူဂါမိုင်ဇင်(ဥပမာ-ကာစူမင်)ဖြင့် တကြိမ်ကြိုတင်ကာကွယ်ဖျန်းထားပါ။(၂-၃)လတစ်ကြိမ် ပိုတက်ဆီယမ်နိုက်ထရိတ်​ေမြသြဇာကိုလည်း တပင်လျင် မြင်း​ခေါင်းဇွန်း (၃-၄)ဇွန်းနှန်းဖြင့် အပင်ရဲ့ ၆ လက္မပတ်လည်က​နေ ​မြေဆွထည့်၍ ​ရေ​လောင်း​ပေးပါ။ ​လောက်​ကောင်အဆင့် ရွက်စားပိုး(လိပ်ပြာမျိုးနွယ်ဝင်)လည်းကျ​ရောက်ထားပါတယ်။​ဆေးအ​နေနဲ့ (ကလိုပိုင်ရီ​ဖော့+ဆိုင်ပါမီသရင်)၊(အီမာမက်တင်ဘန်ဇိုအိတ်+လန်ဒါဆိုင်​ဟေလိုသရင်)ပါဝင်​သော ​ဆေးအဆိပ်တမျိုးမျိုးကို အညွှန်းစာအတိုင်း အသုံးပြု၍ ဖျန်း​ပေးပါ။ဥပမာ-ဆိုင်ကလုံး၊တင်ရှန့်၊ရယ်ဒီ၊အလန်း၊အီမာလန်ဒါ စသည်ဖြင့်ပါ။တပိုင်တနိုင် စိုက်ပျိုးထားတယ်ဆိုရင်​တော့ တမာပိုးသတ်​ဆေးဖျန်းလို့ ရပါတယ်။​ဆေးဖျန်းမယ်ဆိုရင် ည​နေ​စောင်းအချိန်​တွေကို ဦးစား​ပေးဖျန်း၍ အပင်သာမက အပင်​ခြေ​မြေကြီးပါ စိုရွဲ​အောင်ဖျန်း​ပေးပါ။

ဘာဖြစ်တာလဲဗျဘာဆေးဖြန်းပေးရမလဲပြေပြပါ

လွန်ခဲ့သော ၆ နှစ် က

ဒန့်သလွန်ပင်​တွေမှာ ရွက်စားပိုး၊ရွက်လိပ်ရွက်ကပ်ပိုး၊ရွက်ထွင်းပိုး၊စုပ်စားပိုး၊င​မြောင်​တောင်ပိုး​တွေ ကျ​ရောက်တတ်ပါတယ်။

ဒန့်သလွန်ကဘာပိုးတွေကျတတ်လည်း အကိုတို့ပြောပြကြပါအုမ်း

လွန်ခဲ့သော ၆ နှစ် က

မတ်ပဲကို မိမိစိုက်ပျိုးသည့် ​ရေ၊​မြေ၊ ရာသီဥတု၊သွင်းအားစုများ၊အပင်ကျန်းမာကြံ့ခိုင်ပြီး ​ရောဂါပိုးမွားကင်း​ဝေး​စေမယ်ဆိုရင် ၁ ဧကကို တင်း ၂၀ ​ကျော်ထိထွက်နိုင်ပါတယ်။မတ်ပဲမှာ မျိုးကွဲများစွာ ရှိသည့်အတွက် မိမိ​ဒေသနှင့် ကိုက်ညီသည့် မျိုး​ကောင်းမျိုးသန့်များကို ​ရွေးချယ်စိုက်ပျိုး​ပါ။

မတ်ပဲတစ် ဧကမှာဘယ်နစ်တင်းလောပ်ထွက်နိင်ပါသလဲ

မတ်ပဲအထွက်နှုန်း
လွန်ခဲ့သော ၆ နှစ် က

ကပ်​ရောဂါဆိုးကြီးကာလအတွင်းမှာ ဖရဲ၊သခွား​မွှေးစိုက်ခြင်းကို ​ရှောင်ကြဥ်သင့်ပါတယ်။ဖရဲ​စျေးကွက်အ​ခြေအ​နေ၊လမ်းပန်းဆက်သွယ်​ရေးကအစ ဘာတစ်ခုမှ အဆင်မ​ပြေနိုင်ပါဘူးခင်ဗျာ။ကျွန်​တော်လည်း သခွား​မွှေးစိုက်​တောင်သူတစ်​ယောက်ပါ။ဒီနှစ် မလုပ်ဖြစ်ပါဘူး​နော်။

ဒီနှစ်အခြေအနေနဲ့ဖရဲစိုက်၍ အဆင်ပြေနိုင်ပါသလား။ အလင်းပြပေးပါ။

လွန်ခဲ့သော ၆ နှစ် က

ဒန့်သလွန်ပင်ကို အပင်အဟာရဖြစ်​အောင် ​ဆေးသုံးခြင်းထက် ​ရေစီး​ရေလာ​ကောင်းမွန်​အောင် ပြုလုပ်​ပေးပြီး ​မြေဆီ​ကျွေးတာက ပိုထိ​ရောက်ပါလိမ်မယ်။အပင်အဟာရ ရရှိ​အောင် ​ဆွေး​မြေ့​နေတဲ့ နွား​ခြေး​ခြောက်ကို အပင်ရဲ့ ၆ လက်မ(or) ၁ ​ပေပါတ်လည်ကို ​ပေါက်ပြားဖြင့်​မြေဆွထည့်​ပေးခြင်းကလည်း ​ကောင်းမွန်တဲ့ လုပ်​ဆောင်ချက်ပါ။

ဝါသနာတူညီကိုတို့ရေ. ဒန့်သလွန်အပင် ကအပင်အဟာရဖြစ်အောင်ဘာဆေးသုံးရမှာလည်း ပြောပြပေးပါအုမ်း

လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဥ်အသီးအပွင့် များ​စေရန်အတွက် ပန်းပွင့်ခါနီးအချိန်တွင် ၁၅ ပါတ်လည်(or)​နောက်အချိုးများသည့် ​မြေဆီကို ဂျစ်ပဆမ်​ကျောက်မှုန့်နှင့်​ရော​ကျွေး၍ ​ရေသွင်း​ပေးပါ။ပန်းပွင့်စုံချိန်နှင့် သီးကင်းဝင်ချိန်များတွင် (NPK)ရွက်ဖျန်းအား​ဆေးနှင့် ကယ်လဆီယမ်၊မဂ္ဂနီဆီယမ်၊ဘိုရွန်ပါဝင်​သော ရွက်ဖျန်းအား​ဆေးကို ​ရောဖျန်း​ပေးပါ။ဥပမာ-​ကောမက်အား​ကောင်း+ကယ်ဘိုမဂ်စူပါ။ ပန်းပွင်ချိန်တွင် စုပ်စားပိုး(အထူးသဖြင့် ​လှေးပိုး)များ ဖျက်ဆီးသဖြင့် အပွင့်ညိုးခြင်း၊အပွင့်​ကြွေခြင်း၊အသီးကင်းနဲ​စေနိုင်ပါတယ်။ထိုအတွက်​ကြောင့် ပန်းပွင့်ခါနီးအချိန်တွင် ဖီပရို​နေးလ်(ဥပမာ-​တော်ပီဒို)​ဆေးဖြင့် တစ်ကြိမ်ကာကွယ်ဖျန်း​ပေးပါ။ ခရမ်းချဥ်ပန်းပွင်ချိန်ဟာ ​ရေအများဆုံးလိုအပ်ချိန်ဖြစ်တာ​ကြောင့် ​ရေမငပ်​စေရန်ဂရုစိုက်ပြီး ​ရေကို ​ထောက်ပံ့​ပေးပါ။သို့​သော် ​ရေမဝပ်​စေပါနဲ့။

ခရမ်းချင်အသီးအပွင်နဲ့နေလို့ဘာလုပ်ရမလဲ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။