paing phyo ko
စိုက်ပျိုးရေးပညာရှင် · လယ်ဝေး
ပုလဲနှင့် ယူရီးယားက အတူတူပါပဲဗျ၊ တချို့မြေတွေက ကောင်းရင် ပုလဲသုံးရလွှတ်တဲ့အတွက် အပင်ငယ်စဥ်ကျောက်မှုန့်ကိုတတ်နိုင်သလောက်ထည့်ပေးပါဗျ အမြစ်ဆင်းအားနှင့် ပင်ပွားအတော်လေးအဆင်ပြေပါတယ်ဗျ၊ ၁၅ပတ်လည်ကို ဖြစ်နိုင်လျှင် ဗိုက်မဖောင်းခင်၊ မှို့မကပ်ခင် ၁၅ရက် ၊တစ်ပတ်လောက်အနည်းဆုံး ကြိုပတ်ပေးပါ၊ တီစူပါနှင့် ပိုတက်သည် အပင်ကစားသုံးနိုင်ရန် အတော်ကြာသည့်အတွက်ဖြစ်ပါတယ်၊ ဖြစ်နိုင်လျှင် မြေခံကတည်းက ထည့်သုံးနိုင်ပါတယ်၊ ပိုတက်သီးသန့်အိတ်လေးခံလို့လည်းအဆင်ပြေပါတယ်
ရက်၉၀စပါး၂.၅ဧကအတွက် ၁၅ရက်သားဖြစ်သွားရင်မြေသြဇာ ယူးရီးယား၂၅kgအိပ်ဝက်နဲ့ပုလဲ၁၅ပတ်လည်၅၀kgတစ်အိပ်ကြွေးပီး ရက်၃၅ရက်ကြရင်ပုလဲတစ်အိပ်ယူးရီးယားတအိပ်ကြွေးပီးစပါးဖုံးချိန်အနှံစထွက်ချိန်ကြရင်ပိုတက်တစ်အိပ်နဲ့ယူးရီးယား၂၅kgအိပ်ဝက်ကြွေးရင်သင့်တော်လား အကြံပေးပါဦး
ငမြောင်တောင်( ရွက်စားပိုး) နှင့် ရွက်ဖောက်ကျိုင်း စကျနေတာပါဗျ Emamectin အသုံးပြုနိုင်ပါတယ်ဗျ တစ်ဧကစာ ဘက်ထရီငါးပုံးစာကို တစ်သောင်းနည်းနည်းပဲစွန်းပါတယ်ဗျ
humic acid(potassium humic) နဲ့ ငါးအမိုင်နို ဖျန်းတာ တစ်ရက်ရှိပါပြီ ပုံပါအတိုင်း ပိုးပေါက်အရွက်နဲ့ ပိုးတစ်ချို့တွေ့လို့ ဘာပိုးလဲ ဘယ်လိုလုပ်သင့်လဲ သိချင်ပါတယ်ခင်မျ
ညခင်းပိုင်းကိုအဓိထားပြီး ဆေးဖြန်း၊ ဆေးထည့်ခြင်းများပြုလုပ်ပေးပါ ဘက်တီးရီးယားမှထုတ်ထားသည့် ( BT) ဆေးBacillus thuringienis ဆေး ကို အသုံးပြုနိုင်တယ်ဗျ၊ emamectin benzonate လည်းသုံးရပါတယ် စွဲကပ်ပျံ့နှံ့ဆေးနှင့် ညခင်းပိုင်း ထားသုံးပေးပါဗျ
ပြောင်းပင်ဖူးတန်ထွက်ခါနီးပိုးစားလို့ဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲ
အစာအာဟာရနှင့် ရေပေးမှု ပုံမှန်လေးလုပ်ပေးပါ နောက်ပြီး ရာသီဥတုက တအားပူတော့ အပင်တွေအပူဒဏ်ကြောင့်ကောင်းကောင်းအလုပ်မလုပ်တာပါဗျ
ဘာဖြစ်တာလဲမသိဘူး 🥺