အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung

Aung

တောင်သူ · ရွှေဘို

1,137
လွန်ခဲ့သော ၂ နှစ် က

မဖြန်းရင်ကော အသီး အအောင်နည်းတာမျိုး ဖြစ်နိုင်လားဗျ ဖြစ်နိုင်ရင် မဖြန်းတော့ပဲ ဆေးပဲဖြန်းလိုက်ချင်လို့ပါ

နှမ်း အသက် ၆၀ ကျော်ပါ အပွင့်တုန်းနေပါပြီ၊တချို့သာ ကျန်ပါတယ်၊ မိုးရွာနိုင်ခြေ နည်းနေတာမို့ အခုချိန် ရေပေးဖို့ လိုအုံးမလားဗျ။(ရေက ဖြန်းတာပါ၊ရေသွင်းမဟုတ်ပါ) အသီးများချိန်မို့ အပင်အသီး ထိခိုက်မှုရှိမှာလဲ စိုးရိမ်လို့ပါ။ ရေမပေးပြန်ရင်လဲ အသီး အောင် နည်းမှာလဲ စိုးလို့ပါ။ အကြံပေးကြပါအုံးဗျ။

နှမ်းသီးနှံရေစီမံခန့်ခွဲခြင်း
လွန်ခဲ့သော ၂ နှစ် က

မိုးက ဆေးမဖြန်းခင် ၃ရက်လောက်က ရွာထားတယ်ဗျ ဆေးများလို့ ညှိုးတာမျိုး ဖြစ်တယ်ထင်လို့ပါ အဲ့လိုမျိုးဆို စိုးရိမ်ရလားဗျ

နှမ်း စိုက်ရက် ၅၀ကျော်ပါ အပွင့်တွေလဲ ကျန်ပါသေးတယ် သီးလုံးဖောက်ပိုး လိုမျိုး အကောင်တွေတွေ့နေလို့ပါ(အပွင့်ကိုလဲ ကိုက်ပါတယ်၊ အညွှန့်တွေလဲ ကိုက်ပါတယ်) ကာကွယ်ကုသလို့ ရ/မရနဲ့ ဘာဆေးဖြန်းလို့ ရနိုင်မလဲဗျ။

နှမ်းသီးလုံးဖောက်ပိုး
လွန်ခဲ့သော ၂ နှစ် က

အီမာ+လန်ဒါ အရောဆေးနဲ့ အားဆေး ရောဖြန်းလိုက်ပါတယ် ညနေဘက်ဖြန်းတာပါ အခုမနက်ကြည့်လိုက်တော့ ခေါင်ညွှန့်တွေက ညှိုးသလိုဖြစ်နေလို့ပါ ဘာကြောင့်ပါလဲ

နှမ်း စိုက်ရက် ၅၀ကျော်ပါ အပွင့်တွေလဲ ကျန်ပါသေးတယ် သီးလုံးဖောက်ပိုး လိုမျိုး အကောင်တွေတွေ့နေလို့ပါ(အပွင့်ကိုလဲ ကိုက်ပါတယ်၊ အညွှန့်တွေလဲ ကိုက်ပါတယ်) ကာကွယ်ကုသလို့ ရ/မရနဲ့ ဘာဆေးဖြန်းလို့ ရနိုင်မလဲဗျ။

နှမ်းသီးလုံးဖောက်ပိုး
လွန်ခဲ့သော ၂ နှစ် က

အစိုဓာတ်ကတော့ ရှိပါသေးတယ် နင်းလိုက်ရင်တော့ အိဝင်သွားပါတယ် ရေမရှိတာပဲရှိတာပါဗျ

စပါး သက်ရက် ၁၃၀ခန့်ရှိပါပြီ အပွင့်မရှိသလောက်ဖြစ်နေပါပြီ ရေမရှိတာကလဲ ၅ရက် တစ်ပတ်လောက်ရှိပါပြီ ရေထပ်သွင်းဖို့လိုသေးလားခင်ဗျာ စက်နဲ့မောင်းတင်ရမှာမို့ပါဗျ

စပါးပင်ရေလိုအပ်ချက်
လွန်ခဲ့သော ၂ နှစ် က

သိုင်ယာမီသိုဇင် သုံးတဲ့အခါ အားဆေးထည့်သုံးလို့ ရပါသလားဆရာ

ပေါ်ဆန်းမွှေး စပါး ရက်၁၂၀ ရှိပါပြီ အနှံတွေထွက်နေပြီပေါ့ဗျ ဒီချိန်မှာ ကျရောက်တက်တဲ့ ရောဂါပိုးမွှားတွေနဲ့ ကာကွယ်ကုသပေးသင့်တဲ့ ဆေးများကို ညွှန်းပေးကြပါအုံးခင်ဗျာ

စပါးပင်တွင်ကျရောက်တတ်သောရောဂါများ စပါးပင်တွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဗျ အပေါ်မှာမေးထားသလိုပဲ ဘာအတွေ့အကြုံမှ မရှိတာ ဘယ်ကစရမှန်း မသိတာ စတဲ့ အခက်အခဲတွေလဲ ရှိပါတယ် အရင်ဆုံး သေချာလေး လေ့လာချင်လို့ လမ်းညွှန်ပေးကြပါအုံးဗျ

၃ဧက ခန့်ကျယ်တဲ့ သရက်ခြံဟောင်းရှိပါတယ် သရက်ပင်အနည်းငယ်ရှိပြီး အပင်တွေက အိုနေပါပြီ။ ဒီမြေနေရာမှာ မွေးမြူရေး တပိုင်တနိုင်လုပ်ချင်ပါတယ်။ ဘာအတွေ့အကြုံမှ မရှိပါဘူး။ ဘာမွေးသင့်ပြီး ဘယ်ကစရမလဲ သိချင်ပါတယ်ဗျာ။ကျေးဇူးပါ။(ရွေးမှ မေးခွန်းတင်လို့ ရတာမို့ ဝက် ကိုရွေးလိုက်ရပါတယ်)

လွန်ခဲ့သော ၃ နှစ် က

ရိတ်ထုံးစက်က ဒီဘက်မှာလဲ သရုပ်ပြဖူးပါတယ်ဗျ အဆင်မပြေပါဘူးဗျ တချို့က မြက်ရိတ်စက်၊လက်တွန်းကောက်ရိတ်စက် စတာတွေနဲ့ ရိတ်သိမ်းလို့ရတယ်လို့ ကြားဖူးပေမယ့် လက်တွေ့ မမြင်ဖူးတာကြောင့် အခုလို နည်းလမ်းများ လက်တွေ့အောင်မြင်နေသူများရှိပါက သိရှိခင်လို့ပါခင်ဗျာ။ နှစ်စဉ်နှစ်တိုင်း လုပ်သားရှားပါးပြီး အချိန်မီမရိတ်သိမ်းနိုင်တာနဲ့ လေလွင့်ဆုံးရှုံးနေကြရလို့ပါဗျ။

နှမ်းရိတ်သိမ်းရာမှာ အခက်အခဲဖြစ်နေလို့ မေးမြန်းအကူအညီတောင်းပါရစေ လုပ်သားအင်အားရှားပါးပြီး ရိတ်သိမ်းချိန် အချိန်မီ မရိတ်သိမ်းနိုင်တာတွေဖြစ်နေလို့ပါ စက်ဖြင့်ရိတ်သိမ်းနိုင်မယ့်နည်းလမ်းများရှိရင် ပြောပြပေးကြပါအုံးဗျ။ စက်အကြီး၊စျေးအကြီးထက် လွယ်ကူပြီး အဆင်ပြေမယ့်နည်းလမ်းများရှိရင် လမ်းညွှန်ပေးကြပါအုံးခင်ဗျာ။ ကျေးဇူးပါခင်ဗျာ။

နှမ်းရိတ်သိမ်းချိန်လွန်နည်းပညာ
လွန်ခဲ့သော ၃ နှစ် က

အရွက်၊အရိုး တွေမှာ သံချေးရောင်အကွက်တွေဖြစ်နေတဲ့ နေရာတွေလဲ ရှိနေပါတယ် ထိုနေရာတွေက တဖြည်းဖြည်း ပိုပြီးဝါလာပါတယ် ဒါမျိုးဖြစ်ရင်လဲ အထက်ပါ ဖြေရှင်းနည်းအတိုင်း ပြုလုပ်ပေးခြင်းဖြင့် အဆင်ပြေနိုင်ပါသလား ဆရာ

မိုခါ ကြောင့် နှမ်းခင်းတွေမှာ ရေဝင်/ရေတင်/ရေဝပ် သွားပြီး နှမ်းပင်အချို့မှာ သေဆုံးသွားသော်လည်း တချို့မှာ ရှင်သန်နေဆဲဖြစ်ပါသည်။သို့သော် ရေဝင်/ရေဝပ်ထားသဖြင့် မူလအတိုင်းမကောင်းတော့ပဲ ဝါခြင်း၊ညှိုးခြင်းများဖြစ်နေပါသည်။ရှင်သန်နေဆဲနှမ်းပင်များ (ရက်၆၀ခန့်ရှိ) မူလအတိုင်း(သို့)အောင်မြင်ဖြစ်ထွန်းစေရန် မည်သို့ ပြုစုပေးရမည်၊မည်သသည့် ဆေးဝါး၊မြေဩဇာ ကျွေးရမည် စသည်ဖြင့် သိချင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။