အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆွေဦး

ဆွေဦး

တောင်သူ · ဘားအံ

814
လွန်ခဲ့သော ၆ နှစ် က

ရိုဗက်စတာ မျိုး ကို စိုက်သင့်ပါတယ်

ကော်ဖီကိုပထမဆုံးစိုက်ပျိုးရင်ဘယ်လိုစိုက်ပျိုးရပါသလဲ....ပြီးတော့ ထားဝယ်ဒေသမှာဆိုရင်ဘယ်မျိုးစေ့ကအကောင်းဆုံးလဲ

လွန်ခဲ့သော ၆ နှစ် က

ဘတ်တား ဖြန်းလို့ရပါတယ်

​ကျွန်​တော် ၄.၁၀.၂၀၁၉ရက်​နေ့ကသခွားစစိုက်ပါတယ် အရွက်နှစ်ခွထွက်ယုံရှိ​သေးတယ် ပိုးဝါဝါ​ကောင် (ကျွန်​တော်တို့​ဒေသအ​ခေါ်ပိုးနီမ) ​လေး​တွေကိုက်​နေလို့ဘာ​ဆေးသုံးရမလဲညွန်ကြား​ပေးပါခင်ဗျာ

လွန်ခဲ့သော ၇ နှစ် က

ခရမ်းချဉ်ဘောင်ပြင်ရာမှာ၁၅ ပတ်လည်ကို မြေခံ အဖြစ်အသုံးပြုသင့်ပါတယ် ဓာတ်မြေသြဇာ ချည်းမဟုတ်ဘဲ ဝက်ချေး နွားချေး ကြက်ချေးများမျာများထည့်ပေးပါက ပိုကောင်းပါတယ်

ခရမ်းချဉ်စိုက်ဘောင်ပြင့်ရာမှာဘာမြေသြဇာတွေမြေခံအဖြစ်အသုံးပြုသင့်လဲ...ပိုးကာကွယ်ဖို့နဲ့ မှိုရောဂါကာကွယ်ဖို့အတွက်ဘာဆေးတေပါထည့်အသုံးပြုသင့်လဲခင်ဗျာ

ခရမ်းချဉ်ခင်းမြေပြင်ခြင်း
လွန်ခဲ့သော ၇ နှစ် က

ဆေးမဖြန်းသင့်ပါ အပင်အမြင်ါမို့ဆေးဖြန်းသူ အတွက်အန္တရယ် ဖြစ်နိုင်ချေများပါတယ်

ထောပတ်သီးမှာအဖြူစက်တွေဖြစ်ပြီးကြွေကျကုန်တယ် အဲဒါဘာရောဂါလဲဘာဆေးသုံးရမလဲဖြေကြားပေးပါဦး။

လွန်ခဲ့သော ၇ နှစ် က

ခရမ်းချည်ပင်လား ? အပင်က ညိုးပြီးသေသွားတာလား?

အဲ့ဒါ ဘာဖြစ်တာပါလဲဆရာတို့ သိရင်ဖြေပေးကြပါ

လွန်ခဲ့သော ၇ နှစ် က

Hyper C က မိုးရာသီ အတွက်အရမ်းကောင်းပါတယ် အထွက်နှုံးလဲ များပါတယ် ရောဂါဒဏ် ခံနိုင်မှု နဲနဲ နည်းတဲ့အတွက် မှိုကာကွယ်ဆေးကို ကြိုဖြန်းထားသင့်ပါတယ်

သခွား စိုက်ပျိုးနည်းလေးသိချင်ပါတယ် ဘယ်လိုမြေမျိုးမှာ စိုက်ရင် ရပါသလဲ နောက်ပြီး ရေဝပ်တဲ့နေရာမျိုးမှာ စိုက်ပျိုးရင် ရပါသလား လောင်းရိတ်မိရင်ရော သခွားက စိုက်ပျိုးလို့ ရပါသလား စိုက်ပျိုးပုံလေးလဲ ရှင်းပြပေးပါ

လွန်ခဲ့သော ၇ နှစ် က

လောင်းရိပ်မိရင် သခွါးမကြီးထွားပါ. သခွါးက ရေဝပ်ဒဏ်ကို မခံနိုင်ပါဘူး. သခွားစိုက်ပျိုးတဲ့အခါ ပျိုးထောင်ပြီးစိုက်ပျိုးနိုင်သလို့ တိုက်ရိုက်အစေ့ချ စိုက်ပျိုးနိုင်ပါတယ် ပျိုးထောင်စိုက်ရင် ပျိုးသက် ၇ ရက်လောက် နေရင် ရွေ့စိုက်လို့ ရပါပြီ မြေခံ အနေနဲ့ သဘာဝမြေသြဇာအနေနဲ့ နွားချေး ကြက်ချေး ဆိတ်ချေး တို့ကို ထည့်လို့ရပါတယ် မြေခံ အနေနဲ့ ၁၅ ပတ်လယ် ကို တစ် ပေ မြင်းခေါင်းဇွန်း တစ်ဇွန်းနှုံး ထည့်ပေးလို့ရပါတယ် သခွါးမျိုးရင်းတွေက ရောဂါကျရောက်တာ များသောကြောင့် ရွေ့စိုက်ပျိုး အပင်သက်တမ်း ၁၀ရက်လောက်ဆ မှိုရောဂါ ို ကာကွယ်ဆေးကို ဖြန်းပေးသင့်ပါတယ် မျိုးစေ့ ရွေးချယ်တဲ့နေရာမှာလဲ ကိုယ့်ဒေသ နဲ့ ကိုက်ညီပြီး ရာသီအလိုက် စိုက်သင့်တဲ့မျိုးကို ရွေးချယ်ဖို့လိုအပ်ပါမယ်

သခွား စိုက်ပျိုးနည်းလေးသိချင်ပါတယ် ဘယ်လိုမြေမျိုးမှာ စိုက်ရင် ရပါသလဲ နောက်ပြီး ရေဝပ်တဲ့နေရာမျိုးမှာ စိုက်ပျိုးရင် ရပါသလား လောင်းရိတ်မိရင်ရော သခွားက စိုက်ပျိုးလို့ ရပါသလား စိုက်ပျိုးပုံလေးလဲ ရှင်းပြပေးပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။