ယဉ်ယဉ်သိမ့်
စိုက်ပျိုးရေးပညာရှင် · ဇေယျာသီရိ
ထယ်နက်နက်ထိုး၍ နေပူခံပါ။ ဖိုးလမင်းကျိုင်းလောက်ကောင်များကိုငှက်များကောက်စားပါမည်။ ပျိုးခင်းပြင်မည့်မြေတမာကြိတ်ဖတ်ထည့်ပြီးမှပျိုးထောင်ပါ
ကြက်သွန်ပျိုးစရာကွက်လပ်ထဲဖိုးလမင်းအကောင်တွေတွေ့နေလို့ဘယ်လိုလုပ်ရမလဲဆရာတို့ပျိုးဖို့ကတစ်လလောက်လိုသေးတယ်
ပေါင်းသတ်ဆေးဖြန်းတာနောက်ကျပါသည်။ စိုက်ပြီး၁လသားအချိန်ထိသာဖြန်းသင့်သည်ဟုယူဆပါသည်။စိုက်ပြီး၂၅ရက်သားအထိသာကောက်ဖာသင့်ပါသည်။ပထမအကြိမ် မြေဩဇာပက်ရန်အတွက်နောက်မကျသေးပါ။ ပက်သင့်ပါသည် ။
စပါး သက်တမ်း ၁၃၅ ရက်ရှိတဲ့မျိုး၊ ၄၂ ရက်သားရောက်ပြီ၊ပေါင်းသတ်ဆေးဖျန်းထားတာ ၅ ရက်ရှိပြီ။(ပါးကျဲကျဲဖြစ်တဲ့ နေရာအချို့ကောက်ဖာချင်တယ်၊မြေဩဇာလည်း ကျွေးချင်ပြီ။)ဘယ်အရာကို အရင်လုပ်ရမလဲ။အကြံဥာဏ်ပေးကြပါအုံးဗျ။