အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်နောင်စိုး

ရန်နောင်စိုး

တောင်သူ · စလင်း

2,048
လွန်ခဲ့သော ၁ နှစ် က

အစေ့ဖုံးရုံဆိုရပါတယ်။ရေလောင်းလို့အစေ့ပေါ်မှာစိုးရင် အပေါ်က စဉ်းထားတဲ့ကောက်ရိုးဖတ်(နွားစာ)အုပ်ထားပေးပါ။

ခရမ်းမျိုးစေ့အထုပ်ကို ပျိုးအိတ်နဲ့ ပျိုးချင်လို့ပါ ခရမ်းစေ့ ဘယ်လောက်ထိ မြှပ်ပျိုးလို့ရလဲဗျ

ခရမ်းသီးပင် ပျိုးထောင်ခြင်း
လွန်ခဲ့သော ၁ နှစ် က

အပင်ကျတာမဟုတ်ပါဘူးဗျ၊အဝါရောင် မှိုစေ့ရောဂါဖြစ်တာပါ။ဖြစ်ရတဲ့အကြောင်းအရင်းကတော့ စုပ်စားပိုးဖြစ်တဲ့ ယင်ဖြူကြောင့်ပါ။

မတ်ပဲ2လ10ရက်သားအဲံလိုဖြစ်နေလို့ဗျ ဘာကြောင့်လည်းမသိဘူး အပင်များကျတာလားဗျ

မတ်ပဲ ပဲမိုဇိတ်ဗိုင်းရပ်ရောဂါ
လွန်ခဲ့သော ၁ နှစ် က

အဆီဖိတ် 75wp ဆေးကအားသာချက်ကတော့ ဆေးပျံ့နှံ့စိမ့်ဝင်မှု အားကောင်းပြီး ဆေးအာနိသင် ကြာရှည်စွာ အပင်တွင်မြဲနေခြင်းဖြစ်ပါသည်။အားနည်းချက်ကတော့ မည်သည့် အားဆေး၊မှိုဆေးတို့နဲ့ တွဲဖက် အသုံးပြုလို့မရခြင်းဖြစ်ပါတယ်။တွဲသုံးလို့ အပင်အတွက် ထိခိုက်မှု မဖြစ်နိူင်ပေမယ့် ဈေးကြီးပေးဝယ်ထားရတဲ့ အဆီဖိတ်အာနိသင်ကတော့ ပျက်ပြယ်သွားလို့ပါပဲ။

မတ်ပဲ ရွက်ဖျန်းအားဆေးနဲ အဆီဖိတ်တွဲဖျန်လိုရလားဗျ ရွှေမိုး ငွေမိုး +အဆီဖိတ် အလိုမျိုးတွဲဖျန်လိုရလားဗျ

ပိုးသတ်ဆေးနဲ့အားဆေးရောဖြန်းခြင်း
လွန်ခဲ့သော ၁ နှစ် က

စုပ်စားပိုး အထူးကာကွယ်ပေးပါ။

ပဲရွက်တွေ နူသလိုဖြစ်ရင် ဘာဆေးဖျန်းရင် ကောင်းမလဲဗျ ဖြေပေးကြပါအုံး ဗျို့

မတ်ပဲစုပ်စားပိုး
လွန်ခဲ့သော ၁ နှစ် က

ပိုတက်မြေဆီနဲ့ပုလဲကို ဆတူကျွေးပေးပါ။ဟူးမစ်အက်ဆစ်ဝယ်သုံးလဲရပါတယ်၊အလွယ်တကူ ငါးအမိုင်နိုရှိရင် ပိုအကျိုးထူးပါလိမ့်မယ်။

အားဆေးဘာလုပ်ရမလည်ဆရာများကူညီပါစစိုက်အပင်၈၀ဆယ်

စိုက်ပျိုးဗဟုသုတ
လွန်ခဲ့သော ၁ နှစ် က

ကျနော်လေ့လာမိသလောက်တော့၊အဆီတာမီပရစ် အကောင်းဆုံးပါ။တစ်မျိုးတည်းအကြိမ်ကြိမ်အသုံးပြုလျှင်ဆေးယဉ်ပါးတတ်တာကြောင့်၊ဈေးသင့်တင့်တဲ့ ဒီမွန်နဲ့ တစ်လှည့်စီ ဖျန်းပေးရင် ပိုထိရောက်ပါတယ်။

မတ်ပဲအပွင့်အသီးဝင်နေပါပြီး အပွင့်အသီးပိုးမစားအောင်စျေးကွက်ထဲမှာရောင်းနေတဲ့ဘယ်ပိုးသတ်ဆေးAiကိုအသုံးပြုသင့်ပါသလဲ ကျေးဇူးပြုပြီးပြောပြပေးပါ ဆရသမားတို့

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၁ နှစ် က

အရွက်သေးတာကတော့၊မြေတွင်းအဟာရလိုအပ်ချက်ကြောင့်ပါ၊နိုက်ထရို၊ပိုတက် ကျွေးပေးပါ။မြေပြင်စဉ်များ နွားချေးဆွေးကဲ့သို့သော အဆွေးဓါတ်များများထည့်ပေးပါ။အတက်နေတာကတော့ နေ့တာ တိုလာလို့ပါ။

ခူးနေတဲ့ကွမ်းအရွက်သေးပီးအတက်နှေးနေလို့လမ်းညွန်ပေးပါအုံးဆရာတို့ဘာလုပ်ရမလဲလို့

ကွမ်းပင်အာဟာရ
လွန်ခဲ့သော ၁ နှစ် က

ဆေးရဲ့ AIတွေကိုနားမလည်ရင် ရောမဖျန်းတာအကောင်းဆုံးပါ။ပိုးကျတာအရမ်းဆိုးနေတယ်ဆိုရင် ပိုးဆေးအားဆေးတွဲမဖျန်းသင့်ပါဘူး။နောက်ပြီး အဆီဖိတ်ဆိုရင် ဘာအားဆေးနဲ့မှရောဖျန်းလို့မရပါဘူး။အပင်အတွက်ဆိုးကျိုးမဖြစ်ပေမယ့် ဝယ်ထားရတဲ့ပိုးဆေးဟာ အာနိသင်မရှိပဲ အလဟာသဖြစ်သွားလို့ပါ။ နောက်ပြီးငါးအမိုင်နို၊ဂျစ်ပရယ်လင်ဟော်မုန်း(ရေဆူဆေးပြား)စတာတွေနဲ့ ပိုးဆေးအားဆေးဘာမှရောမဖျန်းပါနဲ့

ဘယ်လိုအားဆေးမျိုးပဲဖြစ်ဖြစ်အားဆေးချင်းအားဆေးရောပြီးအသုံးပြုလို့ရလား ပိုးသတ်ဆေးနဲ့ရော ရောပြီးအသုံးပြုလို့ရလား အားဆေးနှစ်မျိုးနဲ့ပိုးသတ်ဆေးနဲ့ရောပြီးအသုံးပြုချင်လို့ပါ

ပိုးသတ်ဆေးနဲ့အားဆေးရောဖြန်းခြင်း
လွန်ခဲ့သော ၂ နှစ် က

နှမ်းစေ့ကိုမြင်ယုံနဲ့အတပ်ပြောလို့မရပါဘူး၊အနက်မျိုးကတော့ ကိုင်းဖြာမျိုးကများပါတယ်။အသက်ရက်ကတော့ ခုခတ်နောက်ပေါ်မျိုးတွေဆိုရင် ရက် ၉၀ ဝန်းကျင်မှာပဲရှိကြတာများပါတယ်။အရင်က မျိုးတွေဖြစ်တဲ့ ကြယ်မရှောင်တို့၊ဒေသနှမ်းနက်တို့ဆိုရင်တော့ နေရောင်ခြည်တုံ့ပြန်မှုရှိတဲ့မျိုးတွေဖြစ်လို့ သူ့ထွက်ရမယ့် လရောက်မှာ အသီးစတင်ပါတယ်။ဥပမာ တန်ဆောင်မုန်းမှာထွက်တဲ့မျိုးဆိုရင်၊ ဘယ်ချိန်ပဲစ်ုက်စိုက် အဲ့ဒီလမှာ အသီးတင်ပါတယ်ခင်ဗျာ

တပင်တိုင်လား ကိုင်းဖြာ လားခဗျ မသိလို့အသိတယောက်ဝယ်လာပေးလို့ အသက်ရက်ယောပြောပေးပါလား ဆရာကြီးတို့ရယ်

နှမ်းမျိုး
လွန်ခဲ့သော ၂ နှစ် က

ပဲတွေမှာက ငါးအမိုင်နိုကို အချိန်မရွေးအသုံးပြုလို့ရပါတယ်။

အပင်အားဆေးဘယ်ဆေးကိုသုံးသင့်လဲဗျ

ပဲတီစိမ်းအပင်အာဟာရ
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။