အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thurain Htun

Thurain Htun

တောင်သူ · ကျောင်းကုန်း

553
လွန်ခဲ့သော ၃ ပတ် က

4 ပြည်ကြဲရမယ့်လယ်ကို 2ပြည်စီ အလျှားတစ်ထပ် အနံတစ်ထပ်ကြဲပါ

မတ်ပဲ ကျဲရာတွင် လက်ပေါက်ညီအောင် နေရာလွတ်မကျန်အောင် ကျဲပုံ ကျဲနည်းလေးများ သိချင်ပါတယ်ခင်ဗျ လယ်အခုမှ စလုပ်တဲ့သူမို့ပါ တခါမျှမကျဲဖူးသေးလို့ပါ

လွန်ခဲ့သော ၃ ပတ် က

ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါ။

ဆရာတို့ခင်ဗျာ ကွမ်းပင်တွေက အစိမ်းအတိုင်းညှိုးပြီးသေလို့ပါ အပင်ကို 3 ရက်နေ့က စစ်ဆေးကြည့်တော့ အပင်ခြေကမဲနေပါတယ်(ပုံတော့မရိုက်ဖြစ်ပါဘူး) ဖြစ်ပြီး ရေထဲထည့်ကြည့်တော့ ဘက်တီးရီးယားစိမ့်ထွက်ရည်ထွက်လို့ ပင်ခြေကို Copper Oxychloride -45%+Kasugamysin2%ကို ရေ၂၀လီတာကို ၅၀ဂရမ်နှုန်းနဲ့ ဖျော်ပြီး တိုင်၁၀၀၀ ကို ဆေးရည် ၁၀လီတာနှုန်းဖျန်းပါတယ်ပင်ခြေကိုဘဲ တစ်ပေလောက်ကနေဖျန်းပါတယ် အဲ့နေ့က ဆေးမဖျန်းခင်လိုဘဲ ဆက်သေပါတယ် မနေ့က မိုးရွာနေတော့ လက္ခဏာပြတာကိုမသိရပါဘူး ဒီနေ့ကနေပူတော့ ပြန်သေပါတယ် အရင်ဆေးမဖျန်းခင်က တိုင်၁၀၀၀ကို တစ်နေ့၅ပင်နှုန်းသေပါတယ် ကွမ်းရွက်ခူးပြီး ဆေးဖျန်းတော့ အဲ့နေ့3ရက်နေ့မှာလည်း ၅ပင်နှုန်းဆက်သေပါတယ် မနေ့က4ရက်နေ့မှာ မိုးရွာလို့ မစစ်ဆေးတတ်ပေမဲ့ ဒီနေ့ 5ရက်နေ့မှာ စစ်ဆေးတော့ အရင်လိုဘဲ ၅ပင်နှုန်းသေပါတယ်ဆရာ မေးခွန်း1. ဒီ5ပင်က မနေ့ကနေ့ဒီနေ့ 2ရက်စာ5ပင်‌ေသတာ သက်သာတယ်လို့ယူဆလို့ရမလား ဒါမှမဟုတ် ဒီနေ့ 5ပင်ဆိုတော့ မသက်သာဘူးလို့ ယူဆနိုင်မလား မေးခွန်း2.အထက်ဖော်ပြပါဆေးက ဘယ်နှစ်ရက်ကြာမှာအာနိသင်ပြတာလဲဆရာ ပုံ1,နဲ့2က ဆရာအပင်ခြေမှာ အရင်လိုမဲမနေတော့ဘဲ အမြစ်မဲပြီး အရိုးမှာ အဖုလေးတွေရှိပါတယ် ပုံ3က ပင်စည်ကိုဖျက်ကြည့်တော့ ရေကြောစည်းမှာ မဲနေပါတယ်ဆရာ ရေထဲထည့်ကြညိ့တော့ ဘက်တီးရီးယားစိမ့်ထွက်ရည် ထွက်နေပါသေးတယ် မေးခွန်း3.အထက်ပါဆေးက ဘယ်နှစ်ရက်ထိ အာနိသင်ရှိတာလဲဆရာ အာနိသင်ပြမှုထပ်မြင့်နိုင်သေးလား လျှော့ကျမယ့် အချိန်ရောက်ပြီလားဆရာ ဒီတစ်ခါဖျန်းရင်ရော ဆေးပြောင်းသင့်လား ။ မေးခွန်းလေး များသွားတာသီးခံပေးပါဆရာတို့ခင်ဗျာ။

လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးပါ။

ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်ပိုးက စပါးမြုံဆယ်မြုံစစ်ဆေးလို့ တစ်မြုံမှာ အကောင်ကြီး နှစ်ကောင်လောက်ရှိရင် ပင်ပြလက္ခဏာပြလားခင်ဗျ (၃)ဖြုတ်ပိုးက စပါးဆယ်မြုံစစ်မှ အကောင်ကြီး နှစ်ကောင် သုံးကောင်လို့ တွေ့တာကို ပင်ပြလက္ခဏာက တစ်ခင်းလုံးဝါနေတာပါ( ပုံမရိုက်ဖြစ်လို့ပါ ) အနားသက်မညီပါဘူး အဖျားတွေခြောက်နေပါတယ် ဘက်တီးရီးယားလို့ယူဆနိုင်လားဆရာတို့ခင်ဗျာ။

လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ ပါဆရာတို့ခင်ဗျ ကျွန်တော့် မေးခွန်းလေး လိုအပ်ချက်ဖြစ်သွားလို့ပါ ကျွန်တော်အဓိကသိချင်တာက ရေ အနက် 6လက်မလောက် 3ရက် ဒါမှမဟုတ် 7ရက်လောက် ရေဝပ်ရင်အပင်သေနိုင်လား အဓိကသိချင်တာာပါဆရာတို့ ခင်ဗျ။

မင်္ဂလာပါဆရာတို့ခင်ဗျာ သလဲပင်က ရေဝပ်ဒဏ်ကို ခံနိုင်လား သိချင်လို့ပါ ဗျ

အခွင့်အလမ်းနှင့် အခြားမေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။