အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Thet Lwin

U Thet Lwin

အတည်ပြုပြီး

စိုက်ပျိုးရေးပညာရှင် · မင်းလှ

167,505
လွန်ခဲ့သော ၂ နှစ် က

၁။ ဓာတ်မြေဩဇာသုံးစွဲပါ။ ၂။ ရေပေးပါ။

အချိန်အခါမဟုတ်မိုးမိပြီး အပင်တွေအားရုတ်ကုန်တာ ဘယ်လိုပြန်ပြီးလုပ်ရမလဲဗျ

ကွမ်းပင်အာဟာရ
လွန်ခဲ့သော ၃ နှစ် က

ထွန်းသီရိ(ထွန်းပု) ဖြစ်ပြီး မိုးတွင် ၇၅/၈၀ ရက် နွေတွင် ၁၂၀ ရက် ဖြစ်ပါတယ်။

ဒီစပါးက ဘာမျိုးလည်းခင်ဗျာ ပေါ် ဆန်းဘေးကြားလားဗျ အသက်ရင် တယ်ပြောတယ် စပါးကတော့ မွှေးတယ်

စပါးမျိုးများ
လွန်ခဲ့သော ၃ နှစ် က

စုတ်စားပိုးကျနေသဖြင့် သိုင်ယာမင်သောင်ဇင်၊ အဆီတာမီပရစ်၊ ဖစ်ဖရိုနေး တစ်မျိုးမျိုးဖြန်းပါ။

ချဉ်ပေါင်ပါ အရွက်မပြန့်ပဲ လိပ်နေလို့ ဘာဆေးဖျန်းသင့်ပါသလဲ

လွန်ခဲ့သော ၃ နှစ် က

မြင်နေရတဲ့ပုံအရ ယိုးဒယားမျိုးအား ကိုင်းကူးဆက်မျိုးပွားထားတဲ့အပင်ကို စိုက်ပျိုးထားတာ မဟုတ်ဘဲ ဒေသမျိုး/ ယိုးဒယား အစေ့ပျိုးပင်အား စိုက်ထားတာလို့ မြင်မိပါတယ်။ အဲဒီအတွက် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရမှာပါ။ ဒေသမျိုးများက 7-10နှစ်အထိ ကြာတတ်ပြီး ယိုးဒယားအစေ့ပျိုးကတော့ 3-5နှစ်အထိ ကြာတတ်ပါတယ်။ သို့ဖြစ်၍ အပင်၌ အရည်အသွေးကောင်းသည့် ကွန်ပေါင်းမြေဩဇာ အား မြေအစိုဓာတ်ရှိချိန်တွင် တစ်ပင်လျင် နိူ့ဆီဘူးတစ်ဘူးနှုန်း ဖြင့် တစ်ရာသီ သုံးကြိမ်ခန့် ကြွေးပါလို့အကြံပြုလိုပါတယ်။

ပိန္နဲပင်ပါ အသီးမတင်လို့ပါ

လွန်ခဲ့သော ၃ နှစ် က

မင်းဧရာ စပါးမျိုးသည် သီးထပ်ရင် စပါး မျိုးထွန်းဖြစ်ပြီး မအူပင်မြို့ရှိ အငြိမ်းစား စိုက်ပျိုးရေးမန်နေဂျာ ဦးမောင်မောင်အေး တွေ့ရှိခဲ့ပြီး မျိုးပွားဖြန့်ချိလျက်ရှိသော စပါးမျိုးဖြစ်ပါတယ်။

မင်းဧရာစပါးအကြောင်းစုံစုံလင်လင်သိချင်လို့ပါကျေးဇူးပြုပြီးဖြေကြားပေးပါခဗျာ

စပါးမျိုးများ
လွန်ခဲ့သော ၃ နှစ် က

၁။ ရေလိုအပ်နေပါတယ်။(ရေလိုအပ် မလိုအပ်သိရန် ပျိုးအိတ်မြေအား အပြင်ထုတ်၍ ခွဲကည့်ပါက မြေအောက်ခြေအထိ မရောက်လျင် အောက်ခြေအထိ ရေဝအောင် လောင်းရပါမယ်) ၂။ ပျိုးအိတ်ရေဝအေါင် ဆောင်ရွက်ပါ(ရေလောင်း၍ အဆင်မပြေပါက ပျိုးအိတ်အား ရေပလုံစီ ရပ်သည်အထိ ရေစိမ်ပါ) ၃။ မြေအစိုဓာတ်ရမှသာ ပုလဲမြေဩဇာအား ပက်ဖြန်းခြင်း၊ N အချိုးမြင့်သင့် ရွက်ဖြန်းမြေဩဇာတွင် မိုရယ်မုန်း၊ လက်တိုစင် ထည့်၍ ပက်ဖြန်းခြင်းပြုပါ။ ၄။ ပုရစ်အတွက် ဖြူရာဒန်နှင့်မရပါဘူး(ဆန်ကွဲအား ပိုးသတ်ဆေးနှင့် လူးနယ်၍ မျှားစာအဖြစ်ကြွေးပါ)

ဒီနေ့ 19.4.23 မှာ ငရုပ်ပင်လေးတွေ ပျိုးသက် တစ်လပြည့်ပါပြီ။ အပင်လေးတွေက တက်မလာပဲ အရွက်နှစ်ရွက်သာရှိတဲ့အပင်ကများပါတယ်။ နောက်တစ်ခုက အရွက်တွေကို ပုရစ်ကိုက်တယ်လို့ထင်ပါတယ်။ ညဿိုက်တာအတော်များသွားပါတယ်။ အရွက်ကလေးတွေပြတ်နေပါတယ်။ အပင်တက်ဖို့ အပေါ်ကမိုးထားတဲ့ပိုက်စိမ်းစဖွင့်ပေးထားတာ သုံးရက်ရှိပါပြီ။ ပုလဲ အကြမ်းပန်းကန်တစ်လုံးကို ဆေးပုံး တစ်ပုံးဖျော်ပြီးလည်းဖြန်းပေးထားပါတယ်။ မထူးခြားပါ။ ပုရစ်အတွက်က ဖျူရာဒန် 5G ကို ရက်ခြား ဖြူးပေးပါတယ်။ မထူးခြားပါ။ ကျေးဇူးပြုပြီး အကြံကောင်းလေးများ လမ်းညွှန်ပေးပါခင်ဗျာ။

ငရုတ်တွင်ကျရောက်တတ်သောဖျက်ပိုးများ ငရုတ်ပင်အာဟာရ
လွန်ခဲ့သော ၃ နှစ် က

ပထမ ပြန်မေးလိုတာက ၁။ နှံစုတ်ပိုး အတွက် ဆေးဘယ်အချိန် ဖြန်းသလဲ ၂။ ဘာဆေးဖြန်းသလဲ ၃။ ဘယ်နှစ်ပုံး ဖြန်းသလဲ ၄။ ဘယ်လိုဖြန်းသလဲ(နေရာအနှံဖြန်းတာလား၊ ကန်သင်းကဖြန်းတာလား သိလိုပါတယ်။ ယခုတွေ့ရတဲ့ လက္ခဏာကတော့ နှံစုတ်ပိုး ကြောင့် ဖြစ်ပေါ်နေတဲ့ လက္ခဏာပါ။

စပါးအနှံတွေထွက်ချိန်မှာအနှံအစေ့တွေက အမည်းစက်တွေဖြစ်တာ နံစုပ်ပိုးဆေး 3ကြိမ်ဖျန်းတယ် ကျွန်တော်တို့ဘက်မှာ လယ်သမားတိုင်းဖြစ်တာပါ ဘာပိုလဲဆိုတာသိချင်လို့ပါ

စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး
လွန်ခဲ့သော ၃ နှစ် က

မှည့်ပါတယ်။ ပျိုးနှုတ်ပြီး ချက်ချင်းစိုက်လျင် ပြဿနာမရှိပါဘူး။

ကျွန်တော်ကြဲစားခင်းလေးထူတဲ့နေရာကနုတ်စိုက်ရင်မှည့်ပါ့မလား

စပါးစိုက်ပျိုးနည်း
လွန်ခဲ့သော ၃ နှစ် က

ဝဲ ဆိုတာ နိူက်တြိုင်ဂျင် ဖြစ်ပြီး ပုလဲမြေဩဇာ(ယူရီးယား) လို့လည်း ခေါ်ကြပါတယ်။

စိုက်ပျိုးရေးကလူကြီးမိဘများရှင့် သဇင်ကဒီကော့သောင်းမြို့ကမဟုတ်တော့စကားပြောဆိုအခက်တွေ့နေပါတယ် မေးချင်တာလေးတေရှိနေလို့ပါရှင် ဒီမြို့ကကွမ်းခြံတွေထဲမှာဝဲကြွေးတယ်ပြောတယ် ဝဲဆိုတာဘာပြောတာလဲရှင်မမြင်ဖူးတာလားသိရဲ့နဲ့အခေါမတူတာလား ဆိုတာပြောပြပေးလို့ရလားရှင် ပုံနဲ့ပါမြင်ဖူးရင်တော့ပိုပျော်မိမှာပါရှင့် ကွမ်းစိုက်မျိုးမို့လုပ်နေပါပီ 😌

လွန်ခဲ့သော ၃ နှစ် က

စပါးပင် ငယ်မူပြန်တယ်ဆိုတာ ဘာကိုပြေတာလဲ၊ ဘယ်လိုအကြောင်းကြောင့်ငယ်မူပြန်ရတာလဲ။

စပါးပင် ငယ်မူပြန်တယ်ဆိုတာ ဘာကိုပြေတာလဲ၊ ဘယ်လိုအကြောင်းကြောင့်ငယ်မူပြန်ရတာလဲ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။