အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
myo set

myo set

တောင်သူ · ပေါင်

1,795
လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကျေးဇူးပါ

မိုးစပါး သမန်းအစိုမှာ စပါးအညှောင့်အစို့နဲ့ကြဲတာ အပင်အရွက်နှစ်ရွက်အရွယ်‌မျာ အပင်ပုပ်သေနေလို့ကွက်ပီး ရေလည်းပြောင်ထုတ်ပါတယ် တစ်ချို့အပင်တွေမှာ အဖြူရောင်အရွက်တွေလည်းတွေ့တယ် ဘာဖြစ်လို့လဲဗျာ ဖြေကြားပေးပါ

စပါး သမန်းပူလောင်ခြင်း
လွန်ခဲ့သော ၁ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါဆရာ နောက်ပီး ကြဲခင်း ၅ရက်သားမှာ ပုလဲ နဲ့ တီစူပါ ရောပက်ထားတယ် အပင်လောင်တတ်လားဗျ အရင်နှစ်တွေတော့ တီစူပါဘဲ ကြဲတယ် ၅ရက်သက် မှာ

မိုးစပါး သမန်းအစိုမှာ စပါးအညှောင့်အစို့နဲ့ကြဲတာ အပင်အရွက်နှစ်ရွက်အရွယ်‌မျာ အပင်ပုပ်သေနေလို့ကွက်ပီး ရေလည်းပြောင်ထုတ်ပါတယ် တစ်ချို့အပင်တွေမှာ အဖြူရောင်အရွက်တွေလည်းတွေ့တယ် ဘာဖြစ်လို့လဲဗျာ ဖြေကြားပေးပါ

စပါး သမန်းပူလောင်ခြင်း
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ ဆရာ

မင်္ဂလာပါ ဆရာများခင်ဗျာ ကျွန်တော် တို့ ဘက် အခင်းတိုင်းလိုလို ပုံကလို ဖြစ်နေလို့ပါ ရောဂါ လား ပုံမှန်ဘဲလား ဗျ နှစ်တိုင်း လိုလိုဖြစ်ပါတယ် အနည်းနဲ့အများ

စပါးရွက်ဖုံးခြောက်ရောဂါ
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါဆရာ

ဘာပိုးလဲဗျ ဖျက်ပိုးလား ဗျ ပင့်ကူလိုမျိုး အိမ်တွေလုပ်ထားတယ် စပါးခင်းထဲမှာ

မိတ်ဆွေပိုး
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါခင်ဗျာ

ဆရာကြီးများခင်ဗျ acephate နဲ့ hexaconazole ရောဖျန်းလို့ရလားဗျ ရွက်လိပ်အိမ်ပိုး ရော ရွက်ဖုံးခြောက်ရော ဖြစ်နေလို့ပါ

ပိုးသတ်ဆေး နှင့်မှိုသတ်ဆေးရောဖြန်းခြင်း
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးအထူးတင်ရှိပါတယ် ဆရာ ရေထုတ်ဖို့ ဆင်မပြေလို့ ပါ ဖျန်းဆေး ဘဲ သုံးလိုက်ပါ့မယ် ခင်ဗျ

ဆရာကြီးများခင်ဗျ ရက် 90 စပါး 50ရက်မှာ ဆစ်ပိုး နဲ့ ရွက်လိပ်ပိုး ကျနေလို့ ပိုးသတ်ဆေးခဲသူံးချင်လို့ပါ စပါးခင်းထဲမှာ က ရေညှိတွေ ပိတ်နေလို့ ပိုးဆေးခဲ ကြဲ တဲ့ခါ မြေပေါ်မကျဘဲ‌ ရေ ညှိပေါ်ကျ‌နေရင် ဆေး က ထိရောက်နိုင်ပါ့မလားခင်ဗျ 🙏

စပါးဆစ်ပိုး စပါးရွက်လိပ်ပိုး (စပါးခေါက်ပိုး)
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါဗျ

ရက် ၉၀ စပါး ၄၀ ရက်မှာ မြက်မုံညင်း တအားများလို့ပါ ဆေးဖျန်းလို့ နိုင်သေးလားဗျ နိုင်သေးရင် ဘာဖျန်းရမလဲဗျ

စပါးပေါင်းသတ်ဆေးများ
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါ ဆရာ

ပုလဲ‌‌ကျွေးရင် လေလွင့်ဆုံးရှူံးမရှိအောင် မြေဆွေး ရောရတယ်လို့ သိရပါတယ် ပုလဲ သက်သက်ကျွေးမှ မြေဆွေးရောရတာလား ကွန်ပေါင်းဆိုရင်ရောရသေးလားဗျ တခြားပိုတက်တို့ တီစူပါတို့ နဲ့ရောပက်မယ်‌ဆိုရင်ရော မြေဆွေးရောရသေးလားဗျ🙏။

ယူရီးယား ပုလဲဓာတ်မြေသြဇာ
လွန်ခဲ့သော ၁ နှစ် က

ဟူတ်ကျေးဇူးပါ ဆရာ ဘာဆေးဖျန်းရမလဲ ဆရာ

ဒို့ဦးလေးခင်ဗျ ဒါဘာပိုးးလဲဗျ စပါးခင်းထဲ အရမ်းများလို့ မိတ်ဆွေပိုးလား ဖျက်ပိုးလား ဗျ

စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး
လွန်ခဲ့သော ၁ နှစ် က

ဟုတ်တယ် ဆရာ တူ တယ် ပီးတော့ ရေထဲ မှာလည်း သူတို့ သားလောင်းတွေလား မသိဘူး ခြင်သားလောင်းကောင်နဲ့ တူတယ် အရမ်းကိုများတယ် ညနေစောင်း‌ဆို ပိုများတယ် ကဇင်းပေါ်လျှောက်တာတောင် မျက်လုံး မှေးပီးလျှောက်ရတယ် သူတို့ မျက်လုံးဝင်မှာစိုးလို့

ဒို့ဦးလေးခင်ဗျ ဒါဘာပိုးးလဲဗျ စပါးခင်းထဲ အရမ်းများလို့ မိတ်ဆွေပိုးလား ဖျက်ပိုးလား ဗျ

စပါးနှံစုပ်ကြမ်းပိုး / စပါးနှံစုပ်ပိုး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။