အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
khaing zaw aung

khaing zaw aung

တောင်သူ · မကွေး

372
လွန်ခဲ့သော ၁ လ က

မျိုးစေ့ရုံနံပါတ်ပေးပါလား

စိမ်းစားဥမျိုးစေ့ဝယ်ချင်ပါတယ် မကွေးကပါ ဘယ်မှာရမလဲဗျ

လွန်ခဲ့သော ၂ လ က

ရတယျ

ဖရဲပင်တပင်ကိုအပင်သန်ပေမဲ့ တလုံးပဲတင်လို့ပါ။ တလုံးသန်လာပြီး ကျန်အလုံးများကကြက်ဥအရွယ်မှာပိန်ရှုံ့ပြီး ကြွေကြသွားပါတယ်။နောက်ထပ်အပွင့်တွေကအကင်းမှာတင်ကြီးမလာတော့ပါ။ရာသီဥတုပူပါတယ်။ မြေခံ -ကေဟူးမစ်၊ gypsum၊နွားချေးထည့်တယ်။ 15:15:15ငါးရက်တကြိမ်ရေဖျော်ကျွေးတယ်။ FAA+humic+15:15:15ရေဖျော်ပီးသုံးလေးရက်တကြိမ်ရွက်ဖြန်းတယ်။ သီးကင်းဝင်ချိန် gypsumထည့်တယ်။၁၅ရက်သားခေါင်ညွန့်နှိမ်ပီး သားတက်သုံးတက်ထားပါတယ်။သုံးတက်ရဲ့​ဘေးသားတက်လေးတွေဖဲ့ပါတယ်။ တပင်တလုံးပဲသန်ပီးကျန်တာအသီးမဖစ်တော့လို့ပါ ဘယ်နေရာမှားသွားသလဲဆိုတာဖြေပေးပါ။ ဝတ်မှုံလက်နဲ့ကူးပေးတယ်

လွန်ခဲ့သော ၂ လ က

လက်ခြားလဲဖြန်းပါတယ်

လွန်ခဲ့သော ၁ နှစ် က

၂၅၀ ဂရမ်အထုပ်ပါ ဒါပေမဲ့ တစ်ထုပ်လုံး တစ်ကြိမ်တည်းအကုန်သူံးမှာမဟုလို့ပါဗျ ယာတစ်ကွက်ချင်းဖြန်းမှာမို့ပါ ယာတစ်ကွက်၂ဧကပဲရှိလို့ပါ

နှမ်းခင်း အဖူးစနေပါပီ အလန်းပိုးသတ်ဆေးကို တင်ပိုနဲ့ ရောဖြန်းဖို့ပါ။ အလန်းကို ၁၀ဂရမ်ထည့်ဖို့ပါ ၁၀ဂရမ်မှာ မြင်းခေါင်းစတီးဇွန်း ဘယ်လောက်ရှိပါသလဲဗျ

နှမ်းပန်းပွင့်ချိန်အာဟာရ
လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါခင်ဗျာ အဆင်ပြေရင် ပြောင့်ဘယ်နှစ်ရက်သားမှာ အမြစ်ပွားဆေး ဖြန်းသင့်လဲဆိုတာ လေးဖြေပေးစေချင်ပါတယ်ဗျာ

ကျေးဇူးပြုပီး စိတ်ရှည်ရှည်နဲ့ အကြံပြု -ဖြေကြားပေးကြပါခင်ဗျာ.... ပြောင်းဖူးအချိုမျိုးစိူက်ဖို့ပါ။ မကွေးမြို့နယ် ကဒေါင်းကြီးရွာပါ မြေက စေးလဲမစေး ပွလဲမပွပါ ရေအစိုဓာတ်ကောင်းကောင်းထိန်းပေးနိုင်ပါတယ်။ မြေခံအဖစ် - နွားချေး၊ ဂျစ်ပဆန်ကျောက်မှုန့်၊အာမို၁၅ပတ်လည် ထည့်ပီးစိုက်ရင်အဆင်ပြေလောက်လားဗျ။ ပြောင်းပင်ပေါက်ပီး -အမြစ်ပွာဆေးအရင်ဖြန်း ပီးမှ -ပုလဲကိုခွဲကျွေး -အာမို၁၅ပတ်လည် ကျွေး -ရွက်ဖြန်းအားဆေး ပတ် အဲ့လိုအစဥ်လိုက်လုပ်သွားမယ်ဆိုရင်ကောအဆင်ပြေလောက်လားခင်ဗျ။ အကြံပြုပေးကြပါ။ မစိုက်ဖူးလို့ပါ။ မေးချင်တာလေးတွေကတော့ * အထက်ပါမြေအမျိူးအစားမှာ ဘယ်ပြောင်းချိုမျိုးစေ့နဲ့သင့်တော်လဲဗျ(135တို့ suger kingတို့လို) * ပြောင်းဘယ်နှစ်ရက်သားကစပီး မှိုဆေး/ ပိုးသတ်ဆေး /အားဆေး/ အမြစ်ပွားဆေး စတင်ဖြန်းသင့်တာလဲဗျ? * အမြစ်ပွားဆေး /မှိုဆေး အားဆေး စတဲ့ဆေးတွေဟာ အနည်းဆူံး ဘယ်နှစ်ရက်ခြားပေးရပါသလဲဗျ။ *အမြစ်ပွားဆေး မှိုဆေး အားဆေးတွေမှာ ဘယ်တံဆိပ်တွေကောင်းကြလဲဆိုလဲဖြေပေးကြပါအုံး ၊ကျေးဇူးပါ။

အမြစ်အားဆေး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။