Ye Naing Win
စိုက်ပျိုးရေးပညာရှင် · ပြည်ကြီးတံခွန်
လိမ္မော်သီးရဲ့ရင့်မှည့်အဆင့်စတင်နေသည့်အချိန် = အသီးအခွံများ ချွေးပေါက်ငယ်ကလေးများစတင်ကျယ်ဝန်းလာသောအချိန်မှာ အသီးပွဆေးကို စတင်အသုံးပြုလို့ရပါတယ်။ ( မှတ်ချက် = တစ်ကြိမ်ဘဲ ဆေးဘူးဆေးထုက်မှ ညွှန်ကြားချက်အတိုင်း ဖြန်းပေးရန် လိုအပ်ပါတယ်။ )
လိမ္မော်အသီးပွဆေးနဲ့အရသာကောင်းမွန်ဖို့ဘယ်အချိန်မှာဘယ်လိုလုပ်ရမလည်းသိချင်ပါတယ်
ပင်စည်ကို တိတ်ပါးကပ်ပေး အပင်ပေါ်မတက်တော့ဘူးဗျ။
ဆရာတိုရေ ကျွန်တော်စိန်တစ်လုံးသ၇က်ပင်ဒီပိုးတွေအပင်တိုင်းကျနေတယ်ဘာဆေးဘယ်လိုသုံး၇မလဲဆိုတာညွန်ပေးကြပါအုံးခင်ဗျ
ယမ်းစိမ်း = KNO3 = ပိုတက်ဆီယမ်နိုက်ထရိတ် ဈေးကြီးလွန်းတယ်ဗျ။ အဖူးထွက်စေဖို့ အပေါ်ဖြန်းအနေနဲ့ဘဲ သုံးပေးသင့်ပါတယ်။
ယမ်းစိမ်းမြေသြဇာကိုသရက်ပင်တပင်ကိုအမြစ်နားမှာအလေးချိန်ဘယ်လောက်ကျွေးရမလဲ သိလိုပါတယ်
သရက် ၂နှစ်သား မြေသြဇာ N;P;K ( ၃;၁;၁) နှုန်းရောစပ်ပြီး တစ်ကီလို ( အလေးချိန်အနေနဲ့ခြောက်ဆယ့်နှစ်ကျပ်ခွဲသား ) ရောစပ်ပြီး ကျွေးသင့်ပါတယ်။ ၅နှစ်သား က အထက်ပါရောစပ်နည်းအတိုင်း အသီးခူးပြီးတာနဲ့ ၂ကီလို ကျွေးသင့်ပါတယ်။ သဘာဝ မြေဆွေး ( သို့ ) နွားချေးဆွေး ( တရိစ္ဆာန် စွန့်ပစ်သည့် ချေးတစ်မျိုးမျိုး မှတ်ချက် ဆွေးမြေ့နေပါစေ ) အနည်းဆုံး ငါးကီလိုမှ ၈ ကီလို မိုးဦးနဲ့မိုးနှောင်း အထက်ပါ ဓါတုမြေသြဇာများနဲ့ ရောစပ်ပြီး ကျွေးသင့်ပါတယ်။ ကျွေးရမယ့်နေရာက နေ့လယ်ခင်း ၁၂ နာရီ နေရောင်ခေါင်းပေါ်ကျတဲ့အခိျိန် အပင်အရိပ်ဝိုင်း ဧရိယာအစပ်ကနေ အတွင်း တစ်ပေခန့်အကွာ ( အပင်အစာစားမည့်နေရာကို ) မြေခြောက်လက်မလောက်အနက် စက်ဝိုင်းပုံတူးပြီး ထည့်ပေးပါ။ မြေသြဇာ ထည့်ပြီးတိုင်း အဆိုပါနေရာကို ရေဝဝလောင်းပေးပါ။
သရက်၂နှစ်သားနဲ့၅နှစ်သားကိုမိုးနှောင်းကာလမှာဓာတ်မြေသြဇာဘယ်လိုကြွေးရမလဲရှင့်..ဘယ်လောက်ကြွေးရမလဲဆိုတာကျေးဇူးပြု၍ဖြေကြားပေးပါရှင့်