အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Gyi

Aung Gyi

တောင်သူ · ရွှေဘို

15,048
လွန်ခဲ့သော ၅ နှစ် က

ငရုတ်ပင်ငယ်စဥ်မှာ ဆိုးရွားတတ်တဲ့ ခါးရိရောဂါ( Chilli damping off) ဒီဆောင်းပါးမှာဖတ်ကြည့်ဗျ

အပင်အောက်ခြေအဲ့လိုပုတ်ပီး သေနေတယ် ဘယ်လိုလုပ်ရမလဲ ဆရာတို့ ကူညီကြပါဦး...

လွန်ခဲ့သော ၅ နှစ် က

ခါးရိတာဗျ။ရေအရမ်းစိုတယ်ထင်တယ် ပျိုးထုတ်က ။မိုးရာသီဆိုတော့ ပျိုးခင်းကကို မြေနဲ့လွတ်အောင်ထားပြီး အမိုးလေးလုပ်ပေးသင့်ပါတယ်။

အပင်အောက်ခြေအဲ့လိုပုတ်ပီး သေနေတယ် ဘယ်လိုလုပ်ရမလဲ ဆရာတို့ ကူညီကြပါဦး...

လွန်ခဲ့သော ၅ နှစ် က

ရပါတယ်ခင်ဗျာ။

လက်ဖက်ရည်ဆိုင်ကအချိုခြောက်ဖတ်ကိုအိမ်ကသီးပင်စားပင်စိုက်မဲ့မြေထဲရောထည့်လို့ရပါသလားသိတဲ့သူများကျေးဇူးပြုပြီးဖြေကြားပေးပါလားခင်ဗျာ

လွန်ခဲ့သော ၅ နှစ် က

အပေါ်ဆုံးအရွက်တွေကဝါနေတာဖြစ်ပြီး အရွက်ထဲက ရွက်ကြောလေးတွကတော့ အစိမ်းရောင်ကျန်နေသေးပါတယ်။ ဒီလိုအပေါ်အရွက်ကစဝါတာက အာဟာရတွေ ထိပ်ဆုံးအရွက်ထိမရောက်နိုင်တော့လို့ပါ။ လိုနေတဲ့အာဟာရကလည်း အောက်ရွက်တွေကနေ ဖြည့်ပို့မပေးနိုင်တဲ့ အာဟာရဓာတ်မျိုးဖြစ်နေလို့ပါဗျ။ သံဓာတ်ချို့တဲ့လို့လို့ယူဆရပါတယ်။ ဒီလို အလားတူ လက္ခဏာမျိုးဖြစ်တတ်တဲ့ ပြင်ပအခြေအနေတွေလည်းရှိပါသေးတယ်။ မြေချဉ်ငံကိန်းမြင့်နေလို့ မြေက အစိုဓာတ်များလွန်းနေလို့ မြေကြပ်နေလို့ ဆားဓာတ်များနေလို့ ဖော့စဖောရပ်၊ ကော့ပါး ၊ဇင့် ၊ မန်းဂနိ ပါဝင်မှုများနေလို့ စတဲ့ အခြေအနေမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ချို့တဲ့နေတဲ့ သံဓာတ်ကို မြေကနေထပ်ထည့်တာမျိုးက အဖြေတော့မဟုတ်ဘူးခင်ဗျ။ အကြောင်းကတော့ သံဓာတ်တွေက မြေချဉ်ငံကိန်းကြောင့် အပင်က မစုပ်ယူနိုင်ဖြစ်နေရတာပါ။ ခဏတာ ကုသမှုအတွက်ကိုတော့ ရွက်ဖျန်းအနေနဲ့ဖျန်းပေးနိုင်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ မြေရဲ့ ချဉ်ငံကိန်းကို ပြုပြင်ရပါမယ်ခင်ဗျ။ စိုက်ပျိုးရေးသုံး ဆာလဖာထည့်ပြီး မြေချဉ်ငံကိန်း နိမ့်အောင်လုပ်ပေးလိုက်ပါခင်ဗျ။

အခုလိုဖြစ်တာဘာကြောင့်လဲဆိုတာသိချင်လို့ပါဗျာ ဘယ်လိုလုပ်ရမယ်ဆိုတာရယ်ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ဆရာများဖြေပေးကြပါဦးလို့တောင်းဆိုပါရစေ

လွန်ခဲ့သော ၅ နှစ် က

ကျွန်တော်တော့ အိမ်မှာ စျေးထဲက ကိုယ်ကြိုက်တဲ့ ပီနံသီးတောင့်အခြောက်လေးတွေဝယ်ပြီး အစေ့ယူပြီး ပြန်စိုက်ထားတယ်ဗျ။ ခုအချိန်မျိုးစေ့ဝယ်ရခက်ရင် အဲလိုလုပ်လို့ရပါတယ်ဗျ။

မွှေးပြီးစပ်တဲ့ ငရုတ်မျိုးလေးစိုက်ချင်လို့ပါ ဘယ်မျိုးကိုဘယ်မှာဝယ်ရမလဲဗျ လမ်းညွှန်ပေးပါဦး

ငရုတ်မျိုး
လွန်ခဲ့သော ၅ နှစ် က

ရှေးအယူအဆတွေတော့ရှိပါတယ်။ သိပ္ပံနည်းအရဆိုရင်တော့ ငှက်ပျောက အစားကြီးလို့ ဘေးနားက အပင်ရဲ့ အစာတွေအားလုံးကိုစားသွားတတ်ပါတယ်။ အခြားဝင်ငွေရသီးနှံစိုက်ထားတဲ့ အနားကိုရှောင်ပါဗျ။

ခြံဝန်းထဲမှာ ငှက်ပျောပင်စိုက်မယ်ဆိုရင် မစိုက်သင့်တဲ့အရပ်တွေရှိတယ်ဆိုလို့ သိချင်ပါတယ်

လွန်ခဲ့သော ၅ နှစ် က

အစိုဓာတ်ကောင်းကောင်းရှိတဲ့မြေမှာ အကိုင်းကို ထိုးစိုက်ထားလိုက်ရုံပါပဲ။ အမြစ်မြန်မြန်ထွက်စေချင်ရင် ရှားစောင်းလက်ပတ်အရည်တွေနဲ့ အနည်းငယ်သုတ်လိမ်းပြီးမှ စိုက်နိုင်ပါတယ်ဗျ

ရွက်လှပင်ကိုင်းပွားကူး.ကိုင်းဖြတ်ကူးပြီးစိုက်နည်းသိချင်ပါတယ်ခင်ဗျာ့

လွန်ခဲ့သော ၅ နှစ် က

ရတယ်ဗျ

သီးစုံအချဥ်ဖောက်ရည် (PB) ပြုလုပ်သည့်အခါ ခြံထွက်ပိန္နှဲ သရက်သီးမှည့်ထည့်သွင်းလို့ ရမလားသိလိုပါတယ်။

အချဉ်ဖောက်အရွက်ရည်
လွန်ခဲ့သော ၅ နှစ် က

အဲဆေးက အလိမ်အညာတွေဗျ တောင်သူတွေကို အမြတ်ကြီးစားပြီးရောင်းနေတာ ကျုပ်တို့ကတော့ ငါးအမိုင်နိုလုပ်သုံးတယ် ဆေးမှာ ဘာတွေပါတယ်လို့ရေးထားလားဗျ သူက ဘာမဆ်ုအကုန်ရနေတာ လုံးဝမဖြစ်နိုင်ပါဘူး

ဒီဆေးသုံးဖူးများကျွန်တော်သုံးချင်လို့ကောင်းလားမကောင်းလားဖြေပေးကျပါအုံးမနက်ဖြန်ဖျန်းချင်လို့

လွန်ခဲ့သော ၅ နှစ် က

လျက်ဆား ထုတ်ပါဗျ

ကွမ်းရွက်အသုံးပြုပြီးဘာတေထုပ်လို့ရလဲအသုံး၀င်လဲသိချင်ပါတယ်ဗျ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။