အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Agri Ko Ko

Agri Ko Ko

စိုက်ပျိုးရေးပညာရှင် · အိမ္မဲ

928
လွန်ခဲ့သော ၆ နှစ် က

(Phytopathora )ပင်ခြေပုတ် အစိုဓာတ်များလျှင်ရောဂါပိုမိုဆိုးရွားစေသည်။ဓာတုဆေးဖြင့်နှိမ်နင်းလိုပါက (Azoxystrobin),(Dimethomorph),(Thiophanate methyl+Thiram)ပါသောဆေးများအသုံးပြုပါ။

ငရုပ်ပင်ပင်စည်အောက်ခြေကခြောက်လိုက်လာလို့အပင်အရွက်တွေပါညိုးလိုက်လာလို့ဘာရောဂါကျတာလဲဗျဘာဆေးသုံးရမှာလဲသိချင်လို့ပြာပြပေးကျပါဗျ

ငရုတ်ကိုင်းဖျားခြောက်ရောဂါ
လွန်ခဲ့သော ၆ နှစ် က

(inmedacloprid/thiamethozan/abamectin)ပါသောပင်လုံးပြန့်စုပ်စားပိုးသတ်ဆေးများအသုံးပြုနိုင်ပါတယ်။

ကွမ်းခြံမှာ ပြကြနာနေလို့်ပါ ဘာဆေးသုံးရင်အဆင်ပြေမလဲအကိုတို့

လွန်ခဲ့သော ၆ နှစ် က

ဘတ်တီးရီးဆီစွန်းအဆင့်တွင်ရောဂါလျှင်မြန်စွာထိန်းချုပ်ရန်အရေးကြီးပါသည် အရိုးမဲ အဆစ်ပြုတ် အဆင့်တွင် ရောဂါကုသရန်ခက်ခဲတယ်ဗျ။ဆီစွန်း ဆိုးရွားပါက oxolinic acid. (အောက်ဇိုလင်းနစ် အက်ဆစ်)ပါသောဆေးဖြန်းနိုင်ပါသည်။

ဘယ်လိုလုပ်ရမလဲ အကြံပေးကြပါအုံး ဆရာတို့

လွန်ခဲ့သော ၆ နှစ် က

စပါးဂုတ်ကျိုးကျတာပါဗျ။မှိုသတ်ဆေးအနေနဲ့(Tricyclazole)(isoprothiolane)ပါသောဆေးများဖြင့်နှိမ်နင်းနိုင်ပါတယ်။ရောဂါပျောက်ကင်းသည့်တိုင် စပါးမှို့ကပ်ချိန်/ဖုံးတုံးလုံးတုံး ချိန်တွင်တစ်ကြိမ်ထပ်ဖြန်းပေးကပိုစိတ်ချရပါသည်။

ဘာ​ဆေးသုံးရမလဲဗျလင်းကြပါအုံး

စပါးဂုတ်ကျိုးရောဂါ
လွန်ခဲ့သော ၆ နှစ် က

(thiophanate methyl+thiran)ပါသောဆေးဖြင့်မျိုးစေ့လူးနယ်စိုက်ပျိုးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။မြေဆောင်မှိုရောဂါဖြစ်သည့်အတွက်ကုသရာတွင်ထိရောက်မှုအားနည်းပါတယ်။ဆေးဖြန်းမယ်ဆို (azoxystrobin)ပါသောဆေးအသုံးပြုနိုင်ပါတယ်ဗျ

အပင်တွေ ခါးရီကုန်တာ ဘာဆေး သုံးရင် ရမလည်းဗျ လမ်းညွန်ပါအုန်းဗျ

နှမ်းတွင်ကျရောက်တတ်သောရောဂါများ
လွန်ခဲ့သော ၆ နှစ် က

ပုံအရ ဆာလ်ဖာဓာတ်ချို့တဲ့မှုပါ နိုက်ထရိုဂျင် ၂၁%+ဆာလ်ဖာ၂၄%မြေဩဇာအသုံးပြုသင့်တယ်လို့အကြံပြုပါရစေ(N 21+S 24)

စပါးရက် 60 သား ဘာဖြစ်တာလဲ ဗျာ

စပါးနှင့်ဆာလဖာမြေသြဇာ ဆာလဖာဓာတ်
လွန်ခဲ့သော ၇ နှစ် က

bacterial blight ဆေးဖြန်းမယ်ဆို copper သို့မဟုတ် kasugamycin ပါသောဆေးဖြန်းပါ

စပါးထွက်နေပါပြီ ရောဂါဝင်နေလို့ ဘာဆေးသုံးရမလဲ လမ်းပြပေးပါခင်ဗျာ ကျေးဇူးတင်ပါတယ်

စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။