အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ညီညီ

ညီညီ

စိုက်ပျိုးရေးပညာရှင် · မြိတ်

111,325
လွန်ခဲ့သော ၅ နှစ် က

စိုက်ပျိုးစဉ် မျိုးပင်အခက်ရွေးချယ်စိုက်ပျိုးခြင်းဟာ အရွက်ကြီးများနှင့် အခက်အတက်များကို ကောင်းမွန်ဖြစ်ထွန်းစေပါတယ်။အခက်အတက်ကောင်းမွန်ရန် အညွန်များကို ဖြတ်ပေးရပါတယ်။အပင်သန်မာပြီး အရွက်များကြီးထွားရန် နွားချီး ပဲဖတ်နှမ်းဖတ် စသည်တို့ကို မြေဩဇာရည်ပြုလုပ်၍ ရေနှင့်အတူ ထည့်သွင်းပေးခြင်းဖြင့် ကောင်းမွန်သောအရွက်နှင့် သန်မာအားကောင်းသော ထွက်နုန်းမြင့် ကွမ်ရွက်ပင်များကို ဖြစ်စေပါတယ်။

ကွမ်းပင်အရွက်ကြီးအောင်ဘာဆေးသုံးရမလဲဆရာ

လွန်ခဲ့သော ၅ နှစ် က

တိရစ္ဆာနကထာကို ကျွမ်းကျင်သူတို့၏ အဆိုအရ တိရိစ္ဆာန်များတွင် လူသားများကဲ့သို့ သိမှုတုံ့ပြန်တဲ့ ဆက်သွယ်ရေးစနစ်များရှိကြပါတယ်။ဆက်သွယ်အထူးပြုသော အသံစနစ်များလည်းရှိကြပါတယ်။သံစနစ်ရှိသော သတ္တဝါအများစုတွင် ခြောက်ခြားကြောက်ရွံ့စေတတ်သော အသံအမျိုးစားများလည်း မတူကွဲပြားရှိနေတတ်ကြပါတယ်။သတ္တဝါဒ တိရစ္ဆာနသဘောတရားတို့တွင် အတိကျပြဆိုသောပုံသေနည်းစနစ်မရှိသော်လည် နွားသည် ကြားကိုကြောက်သကဲ့ ခွေးအ မြေခွေးစသော တိရိစ္ဆာန်တို့သည် ခြင်သေ့ ကျား ဝံစသော သားရဲကြီးတို့၏ အသံကို ကြောက်ရွံ့ဖွယ်အဖြစ်မှတ်ယူကြပါတယ်။ ငှက်သတ္တဝါတွေမှာလည်း ထိုနည်းတူစွာ အသားစားငှက်ကြီးများဖြစ်သော လင်းယုန်ငှက် ဂျိုးသိန်းငှက် ဠင်းတငှက် ကျီးကန်းအစရှိသော ငှက်ကြီးတို့၏ အသံနှင့် ပတမ်လှိုင်းတို့သည် ငှက်ငယ်များကို ကြောက်ရွံစေတတ်ကြပါတယ်။စာခြောက်ရုပ်များအပြင် ငှက်ရဲတို့ အသံစနစ်ကိုလည်းစမ်းသပ်အသုံးပြု၍ ခြောက်လန့်မှုအသစ်များကို ပြုလုပ်ကြည့်ခြင်းဖြင့် မောင်းထုပ်နိုင်ပါတယ်။

စပါးခင်းစာမလာ​ေအာင်ဘာလုပ်ရလည်း​ေပြားပါအံုး

စာခြောက်ရုပ်ပြုလုပ်နည်း
လွန်ခဲ့သော ၅ နှစ် က

စပျစ်ပင်ဟာ မိုးများသောဒေသများတွင် အပင်များရောဂါဖြစ်လွယ်ကြပါတယ်။ထိုအခြေနေကို လိုက်လျော့ညီထွေးအောင် စနစ်ကျပြင်ဆင်စိုက်ပျိုးမည်ဆိုလျှင် စပျစ်မျိုးပင်တို့၏ ဉတုနှင့်ယှဉ်တွဲသော အလေ့ဗီဇသဘောကို ပြောင်းလွဲယူရပါမည်။အချိန်များစွာ ပေးရမည်ဖြစ်ပြီး။မိုးရာသီတွင် ဖန်လုံအိမ်ကဲ့သို့ အမိုးများဖန်တီးပေးရပါမည်။ အပင်တို့သည် ဥတုသဘာဝ ရေမြေသဘာဝကိုလိုက်ပြီး ပြောင်းလွဲတတ်သော သဘောရှိကြသည်။

စပျစ်ကိုတနင်သာရီတိုင်းမှာစိုက်လို့ရလား

လွန်ခဲ့သော ၅ နှစ် က

ပဲဒီစိမ်းက မြေဩဇာလိုအပ်ချက် ကြီးမားတဲ့ အပင်အမျိုးစားမဟုတ်ပါဘူး။ပဲမျိုးရင်ဝင် အပင်များစုဟာ အမြစ်ကနေ ပုတ်ခြင်းစတဲ့ရောဂါများဟာ မြေကြီးကို မှီပြီးဖြစ်တဲ့ မှိုရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်တတ်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှာလည်း ပေါင်းနှင့် ရိုးပြတ်ငုတ် စသည်တို့ ကောင်းစွာမဆွေးမြေသေးခင် အရင်စလိုစိုက်ပျိုးသောအခါတွင် ဖြစ်ပေါ်တတ်ပါတယ်။ထိုသို့ဖြစ်လျှင် အပင်၏ အသွင်ပြင်လက္ခဏာတို့သည် ကောင်းစွာ ကြီးထွားမှုမရှိခြင်း၊ အကွက်လိုက်ဝါခြင်း၊ အပင်တို့ မညီမညာ ကြီးထွားခြင်း၊အသွေးအရောင် ဖျော့၍ မြေဩဇာလိုအပ်ချက်ရှိနေသော အပင်ကဲသို့ဖြစ်ခြင်းစသောအသွင်များဖြစ်ပေါ်တတ်ပါတယ်။ပုလဲစသော မြေဩဇာတို့ကို မည်မျှပင်ထည့်သွင်းပေးပါသော်လည်း အပင်ဖြစ်ထွန်းခြင်းမရှိပဲ အပင်၏အမြစ်ကို မှိုစွဲခြင်းကြောင့် ဝါဖျော့၍သေဆုံးသည်အထိဖြစ်စေတတ်ပါတယ်။အပင်ကိုနုတ်၍ကြည့်လျှင် တခြားသောသန်မာကောင်မွန်သော အပင်တို့၏ အမြစ်တို့နှင့်မတူကွဲပြားလျှက်ရှိပြီး မြက်မွှာလေးများ မပွါးနိုင်ပဲ သွေ့ခြောက်သေဆုံးခြင်းဖြစ်တတ်ပါတယ်။အပင်တို့မှာလည်း စိမ်းစိုဖြစ်ထွန်းသန်မာခြင်းမရှိပါ။ထိုသို့အသွင်မျိုးဖြင့် အပင်များတွင်ဖြစ်ပါသလား။

ပဲတီစိမ်းအပင်တစ်လသားအရွယ်မှာအမြစ်ပုပ်ပြီးမြင်မကောင်းအောင်သေကုန်တယ်ဘာဆေးတေသုံးပြီးမြေကိုဘယ်လိုပြုပြင်ရမလဲအကြံပေးကြပါဦးခင်မျာ

ပဲတီစိမ်းစိုက်ပျိုးနည်း
လွန်ခဲ့သော ၅ နှစ် က

‌ငပျော တပေါင်း

ငှက်ပျော ကိုဘယ် လမှာစိုက်သင့် သလဲ ခင်ဗျား။

လွန်ခဲ့သော ၅ နှစ် က

ပန်းဂေါ်ဖီလား။ဂေါ်ဖီထုပ်လား။

ဂေါ်ဖီထုပ် အပင်ငယ်ကစပြီး အထုပ်ခုတ်သိမ်းချိန်အထိ အထုပ်အရည်အသွေးပြည့်မှီအောင် ပိုးကျသက်သာအောင် ဘယ်လိုဆေး ဘယ်လိုဆေးမျိုးကို အဓိကထားပြီး သုံးသင်သလဲ သိချင်ပါတယ် ခင်ဗျာ

လွန်ခဲ့သော ၅ နှစ် က

တစ်လသားအရွယ်ရောက်မှ ဖြစ်တာဆိုရင် ထွန်ယက်စိုက်ပျိုးပုံ၊မြေဩဇာအသုံပြုပုံ၊ယခင်ခင်စိုက်ပျိုးခဲ့သော သီးနှံများနှင့် အသုံးပြုခဲ့သော မြေဩဇာစနစ်စသည်တို့ကို ပြန်လည်ဆန်းစစ်ကြည့်ရပါ့မယ်။

ပဲတီစိမ်းအပင်တစ်လသားအရွယ်မှာအမြစ်ပုပ်ပြီးမြင်မကောင်းအောင်သေကုန်တယ်ဘာဆေးတေသုံးပြီးမြေကိုဘယ်လိုပြုပြင်ရမလဲအကြံပေးကြပါဦးခင်မျာ

ပဲတီစိမ်းစိုက်ပျိုးနည်း
လွန်ခဲ့သော ၅ နှစ် က

မြေကြပ်ခြင်းကြောင့်ပါ။ပုလဲသုံးစွဲမှုလွန်ကဲသော မြေကြီးကို ပြုပြင်ပေးဖို့လိုပါတယ်။အပင်များ ကြပ်ညပ်သည်အထိ မျိုးစေ့များကို ကြဲခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။မျိုးစေ့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ချဥ်ပေါင်အရွက်တွေ သံချေးရောင် ထနေတာ ဘယ်လို ကာကွယ်ရပါမလဲ။ ဒီနှစ် ချဥ်ပေါင်စိုက်တ့ဲ တောင်သူ တော်တော်များများ ကြုံတွေ့ပြဿာနာတစ်ခုပါ။ လမ်းညွန်ကြပါအုံး

လွန်ခဲ့သော ၅ နှစ် က

ရောဂါတစ်ခုဖြစ်လျှင် အပင်နှင့် စိုက်ပျိုးထားပုံနည်းစနစ် အခင်းအကျင်း၊မြေဩဇာနှင့် ရေပေးသွင်းပုံတို့ပါဝင်ပါတယ်။ဓါတ်ပုံကို ပြည့်စုံစွာတင်ဖို့ အရေးကြီးပါတယ်။

ကွမ်းရွက်မှာအမည်းစက်ကလေးတွေဘာလို့ဖြစ်နေတာလည်း ဘလိုကာကွယ်ရမလည်း

လွန်ခဲ့သော ၅ နှစ် က

ထိုသို့ပြုလုပ်ကျင့်ဆောင်ခြင်းကြောင့် စိုက်ပျိုးရာသီတွင် သမန်းနိုးခြင်းပြုသည့်အခါ အသင့်ချက်လုပ်ပြီးဖြစ်သော မြေ၏သဘာဝဩဇာဓါတ်သည် အသီး၏အရည်သွေး၊ အပင်၏အရည်သွေးတို့ကိုကောင်းမွန်စေပြီး၊မြေဩဇာ အသုံးချခြင်း၌လည်း ပို၍ထိရောက်သော အကျိုးအာနိသင်များကို ဖြစ်စေခြင်းကြောင့် ရိုးပြတ်မခြောက်မှီ မြေလှန်ထည်မြုတ်၍ လယ်မြေကိုထားရှိခြင်းသည် အလေးနက်ထားဆောင်ရွက်သင့်သော ခေတ်မှီနည်းစနစ်ကို ကျင့်သုံးခြင်းမျိုးဖြစ်ပါသည်။

"ကောက်ရိုးမှရသောအကျိုး" မြန်မာနိုင်ငံ၏ လယ်ကွင်းများသည် စပါးရိတ်သိမ်းပြီးသည်နှင့် ရိုးပြတ်များကျန်ခဲ့သည်။ ရာသီစပါးသည် ဓာတ်မြေဩဇာ သုံးစွဲမှုနည်း၍ ရာသီစပါးထက် ဓာတ်မြေဩဇာ များများစားရသော ရက်စပါး(အထွက်ကောင်းစပါး)၏ ကောက်ရိုးတွင် အဟာရဓာတ်ပါဝင်မှု ပိုများပြားသည်။ ရိုးပြတ်ကို ထယ်ထိုး၊ မြေမြုပ်၊ မြေဆွေးလုပ်ရာတွင် လယ်ကွင်းထဲရေသွင်း၍ နစ်မြပ်သည်ထက် သင့်တင့်သော မြေအစိုဓာတ်တွင် လေဝင်လေထွက်ကောင်းပြီး အပူဓာတ်မျှမျှသာရသဖြင့် စပါးရိတ်ပြီးက ရိုးပြတ်ကို ထယ်ထိုး မြေမြှပ်သင့်သည်။ ရေသွင်းရေများပုံစံဖြင့် ပြုလုပ်ထားပါက ဆွေးမြေ့မှုကြာပြီး အောက်စီဂျင်ဓာတ် လေရရှိမှုမဖြစ်နိုင်တော့ပါ။ အချို့ဒေသများတွင် တောင်သူလယ်သမားများသည် စပါးရိတ်သိမ်းပြီးသည်နှင့် တစ်ဆောင်းလုံး၊ တစ်နွေလုံး ထယ်ထိုးမမြုပ်ပဲ ပစ်ထားကြသည်။ မိုးရာသီရောက်ပြီး မိုးရွာမှ လယ်ကွက်ထဲရေလှောင်ပြီး ထယ်ရေးဝင်ကြသည်။ ဤသည်ထက် စပါးရိတ်ပြီး ရိုးပြတ်၊ ကောက်ရိုး မြေထဲမြုပ်ခြင်း၊ မိုးနှေင်းထယ်ရေးလည်းရ ကောက်ရိုးမှ မြေဩဇာလဲဖြစ် နှစ်မျိုးအကျိုးရနိုင်ပါသည်။ စပါးတစ်‌ဧက စိုက်ခင်းတွင် စပါးပင်များ စားသုံးသွားပြီး ကျန်ရစ်ခဲ့သော လျှော့နည်းသည့် ဓာတ်သည် မြေတွင်ကျန်ခဲ့သည်။ စားသုံးသွားသည်တွင် ထည့်လိုက်သော သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများမှလည်း ရယူသည်။ ကျန်သောဓာတ်များသည် ကောက်ရိုးတွင် ပါရှိနေသည်။ ကောက်ရိုးတွင်ပါဝင်သော မြေဆီပြုပြင်ပေးသည့်ဓာတ်များမှာ ... ရေ - ၇၁ ရာခိုင်နှုန်း နိုက်ထရိုဂျင်(N) - ၀..၂ ရာခိုင်နှုန်း ဖော့စဖရပ် (P) - ၀.၁ ရာခိုင်နှုန်း ပိုတက်စီယမ်(K) - ၀.၄ မှ ၀.၈ ရာခိုင်နှုန်း ကောက်ရိုးတစ်တန်တွင် နိုက်ထရိုဂျင် (၄.၅)ပေါင် (ယူရီးယား ၁၀ ပေါင်နှင့် ညီမျှသည်)၊ ဖော့စဖရပ်(၂ . ၂)ပေါင် (တီစူပါ ၅ ပေါင်နှင့် ညီမျှသည်)၊ ပိုတက်စီယမ်(၉.၁)ပေါင်(ဖြူရိတ်အောက်ဖ် ပိုတက်ရှ် ၁၅ ပေါင်နှင့် ညီမျှသည်။ စပါးစိုက်ပျိုးသည့်မြေများတွင် ကောက်ရိုးကို နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြန်လည်၍ အသုံးပြုခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်သည်။ မြေကြီး၏ အစိုဓာတ်ကို ကောက်ရိုးစွမ်းအားဖြင့် ထိန်းသိမ်းထားနိုင်သည်။ စပါး၏ အရိုးအရွက်၊ ပင်စည်တွင် အဏုဇီဝသက်ရှိများ ဖြစ်ပေါ်လျှက်ရှိကြသည်။ ကောက်ရိုးတွင် ဆဲလူးလို့စ်(၃၀)ရာခိုင်နှုန်းဝန်းကျင်၊ ပြာဓာတ် (၁၅)ရာခိုင်နှုန်းဝန်းကျင်၊လစ်ကနင် (၉)ရာခိုင်နှုန်းဝန်းကျင်ပါသဖြင့် သဘာဝမြေဩဇာကောင်းတစ်ခုဖြစ်သည်။ တစ်ဧက ကောက်ရိုး (၂)တန်ကို နွားစာစဥ်းသကဲ့သို့ စဉ်းပြီး လယ်ကွင်းထဲ ညီညီညာညာဖြန်ချ၊ ထယ်ထိုး၊ ထွန်မွှေပေးရုံဖြင့် မြေဩဇာဖြစ်လာသည်။ အော်ဂဲနစ်မြေဩဇာများဖြစ်သည်။ အဆိုပါအော်ဂဲနစ် မြေဆွေးများကို လယ်ယာမြေထဲရှိ အဏုဇီဝ သက်ရှိများမှ ချေဖျက်ပြီး အပင်စားသုံးမည့် အစာအဟာရများ တိုးပွားစေသည်။ မြေသားကောင်းမည်။ မြေကောင်းအောင် ကြာရှည်ထိန်းနိုင်မည်။ မြေထဲရှိ အပင်ကို ထိခိုက်စေသော မီသိန်းဓာတ်များ ပြင်ပလေထုထဲရောက်ရှိစေသည်။ မြေထဲရှိ အဏုဇီဝသက်ရှိများ တိုးပွားလာမည်။ ယခုအခါ သဘာဝသယံဇာတများကို ကုန်အောင်သုံးခြင်းကို ရှောင်ရှားသော စိုက်ပျိုးရေး၊ ရေရှည်တည်တံ့ကောင်းမွန်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ကောင်းမွန်သော မြေဆီလွှာရှင်သန်မှုတို့ကို အာရှနိုင်ငံများ၊ နိုင်ငံတကာများက ကျင့်သုံးလျှက်ရှိရာ ကောက်ရိုးကို မလိုအပ်ပဲနှင့် မီးမရှို့ပါနှင့်၊ လမ်းဘေးတွင်၊ လယ်ကွင်းထဲတွင် မိုးရွာအစို၊ နေပူအခြောက်မထားပါနှင့်။ စိုက်ပျိုးရေးတွင် ယခုတိုင် မြေကောင်းမှ သီးနှံအထွက်ကောင်းမည် ဖြစ်ပါသည်။ 🙏တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ Crd to Original writer. (Zawgyi Code) "ကောက်ရိုးမှရသောအကျိုး" မြန်မာနိုင်ငံ၏ လယ်ကွင်းများသည် စပါးရိတ်သိမ်းပြီးသည်နှင့် ရိုးပြတ်များကျန်ခဲ့သည်။ ရာသီစပါးသည် ဓာတ်မြေဩဇာ သုံးစွဲမှုနည်း၍ ရာသီစပါးထက် ဓာတ်မြေဩဇာ များများစားရသော ရက်စပါး(အထွက်ကောင်းစပါး)၏ ကောက်ရိုးတွင် အဟာရဓာတ်ပါဝင်မှု ပိုများပြားသည်။ ရိုးပြတ်ကို ထယ်ထိုး၊ မြေမြုပ်၊ မြေဆွေးလုပ်ရာတွင် လယ်ကွင်းထဲရေသွင်း၍ နစ်မြပ်သည်ထက် သင့်တင့်သော မြေအစိုဓာတ်တွင် လေဝင်လေထွက်ကောင်းပြီး အပူဓာတ်မျှမျှသာရသဖြင့် စပါးရိတ်ပြီးက ရိုးပြတ်ကို ထယ်ထိုး မြေမြှပ်သင့်သည်။ ရေသွင်းရေများပုံစံဖြင့် ပြုလုပ်ထားပါက ဆွေးမြေ့မှုကြာပြီး အောက်စီဂျင်ဓာတ် လေရရှိမှုမဖြစ်နိုင်တော့ပါ။ အချို့ဒေသများတွင် တောင်သူလယ်သမားများသည် စပါးရိတ်သိမ်းပြီးသည်နှင့် တစ်ဆောင်းလုံး၊ တစ်နွလေုံး ထယ်ထိုးမမြုပ်ပဲ ပစ်ထားကြသည်။ မိုးရာသီရောက်ပြီး မိုးရွာမှ လယ်ကွက်ထဲရေလှောင်ပြီး ထယ်ရေးဝင်ကြသည်။ ဤသည်ထက် စပါးရိတ်ပြီး ရိုးပြတ်၊ ကောက်ရိုး မြေထဲမြုပ်ခြင်း၊ မိုးနှငေ်းထယ်ရေးလည်းရ ကောက်ရိုးမှ မြေဩဇာလဲဖြစ် နှစ်မျိုးအကျိုးရနိုင်ပါသည်။ စပါးတစ်ဧက စိုက်ခင်းတွင် စပါးပင်များ စားသုံးသွားပြီး ကျန်ရစ်ခဲ့သော လျှော့နည်းသည့် ဓာတ်သည် မြေတွင်ကျန်ခဲ့သည်။ စားသုံးသွားသည်တွင် ထည့်လိုက်သော သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများမှလည်း ရယူသည်။ ကျန်သောဓာတ်များသည် ကောက်ရိုးတွင် ပါရှိနေသည်။ ကောက်ရိုးတွင်ပါဝင်သော မြေဆီပြုပြင်ပေးသည့်ဓာတ်များမှာ ... ရေ - ၇၁ ရာခိုင်နှုန်း နိုက်ထရိုဂျင်(N) - ၀..၂ ရာခိုင်နှုန်း ဖော့စဖရပ် (P) - ၀.၁ ရာခိုင်နှုန်း ပိုတက်စီယမ်(K) - ၀.၄ မှ ၀.၈ ရာခိုင်နှုန်း ကောက်ရိုးတစ်တန်တွင် နိုက်ထရိုဂျင် (၄.၅)ပေါင် (ယူရီးယား ၁၀ ပေါင်နှင့် ညီမျှသည်)၊ ဖော့စဖရပ်(၂ . ၂)ပေါင် (တီစူပါ ၅ ပေါင်နှင့် ညီမျှသည်)၊ ပိုတက်စီယမ်(၉.၁)ပေါင်(ဖြူရိတ်အောက်ဖ် ပိုတက်ရှ် ၁၅ ပေါင်နှင့် ညီမျှသည်။ စပါးစိုက်ပျိုးသည့်မြေများတွင် ကောက်ရိုးကို နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြန်လည်၍ အသုံးပြုခြင်းဖြင့် မြေဆီလွှာတိုးတက်ကောင်းမွန်သည်။ မြေကြီး၏ အစိုဓာတ်ကို ကောက်ရိုးစွမ်းအားဖြင့် ထိန်းသိမ်းထားနိုင်သည်။ စပါး၏ အရိုးအရွက်၊ ပင်စည်တွင် အဏုဇီဝသက်ရှိများ ဖြစ်ပေါ်လျှက်ရှိကြသည်။ ကောက်ရိုးတွင် ဆဲလူးလို့စ်(၃၀)ရာခိုင်နှုန်းဝန်းကျင်၊ ပြာဓာတ် (၁၅)ရာခိုင်နှုန်းဝန်းကျင်၊လစ်ကနင် (၉)ရာခိုင်နှုန်းဝန်းကျင်ပါသဖြင့် သဘာဝမြေဩဇာကောင်းတစ်ခုဖြစ်သည်။ တစ်ဧက ကောက်ရိုး (၂)တန်ကို နွားစာစဉ်းသကဲ့သို့ စဉ်းပြီး လယ်ကွင်းထဲ ညီညီညာညာဖြန်ချ၊ ထယ်ထိုး၊ ထွန်မွှေပေးရုံဖြင့် မြေဩဇာဖြစ်လာသည်။ အော်ဂဲနစ်မြေဩဇာများဖြစ်သည်။ အဆိုပါအော်ဂဲနစ် မြေဆွေးများကို လယ်ယာမြေထဲရှိ အဏုဇီဝ သက်ရှိများမှ ချေဖျက်ပြီး အပင်စားသုံးမည့် အစာအဟာရများ တိုးပွားစေသည်။ မြေသားကောင်းမည်။ မြေကောင်းအောင် ကြာရှည်ထိန်းနိုင်မည်။ မြေထဲရှိ အပင်ကို ထိခိုက်စေသော မီသိန်းဓာတ်များ ပြင်ပလေထုထဲရောက်ရှိစေသည်။ မြေထဲရှိ အဏုဇီဝသက်ရှိများ တိုးပွားလာမည်။ ယခုအခါ သဘာဝသယံဇာတများကို ကုန်အောင်သုံးခြင်းကို ရှောင်ရှားသော စိုက်ပျိုးရေး၊ ရေရှည်တည်တံ့ကောင်းမွန်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ကောင်းမွန်သော မြေဆီလွှာရှင်သန်မှုတို့ကို အာရှနိုင်ငံများ၊ နိုင်ငံတကာများက ကျင့်သုံးလျှက်ရှိရာ ကောက်ရိုးကို မလိုအပ်ပဲနှင့် မီးမရှို့ပါနှင့်၊ လမ်းဘေးတွင်၊ လယ်ကွင်းထဲတွင် မိုးရွာအစို၊ နေပူအခြောက်မထားပါနှင့်။ စိုက်ပျိုးရေးတွင် ယခုတိုင် မြေကောင်းမှ သီးနှံအထွက်ကောင်းမည် ဖြစ်ပါသည်။ 🙏တောင်သူဦးကြီးများ အဆင်ပြေအောင်မြင်ကြပါစေ Crd to Original writer.

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။